ရန်ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်အတိုင်ပင်ခံကတောင် တွန်းအားပေးခဲ့ဟု ဦးဖြိုးမင်းသိန်းပြောကြား

ရန်ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်အတိုင်ပင်ခံကတောင် တွန်းအားပေးခဲ့ဟု ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပြည်သူများ စိတ်ပျက်ခဲ့ကြတဲ့ မထသစနစ်ကို ပြုပြင်ပြောင်းလဲဖို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က  တွန်းအားပေးကာ ပြောကြားခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ယနေ့(ဇန်နဝါရီ ၁၆ ရက်)မနက်ပိုင်းမှာ ပြုလုပ်တဲ့ YRTA ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ရန်ကုန်ရဲ့ဘတ်စကားစနစ် စတင်ပြောင်းလဲခဲ့တာဟာ လွယ်ကူတဲ့ အခြေအနေမျိုးမဟုတ်တဲ့အပြင် အခက်အခဲတွေ များစွာလည်း ရှိခဲ့ပါတယ်၊ ပြည်သူတစ်ရပ်လုံးက ဒီလိုပြုပြင် ပြောင်းလဲမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာကြောင့်သာ ယခုလို အခြေအနေဖြစ်လာခဲ့ပါတယ်"လို့ ဦးဖြိုးမင်းသိန်း က ပြောကြားပါတယ်။

အစိုးရသစ်အနေနဲ့ စတင်တာဝန်ယူတဲ့အချိန်မှာ ပြည်သူတွေ ဟာ မထသ စနစ်ကို စိတ်ပျက်နေကြတဲ့ အခြေအနေဖြစ်ပြီး ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ဝန်ဆောင်မှု ညံ့ဖျင်းမှုတွေအပေါ်မှာ ပြည်သူတွေရဲ့ အပေါ်ကို ရိုက်ခတ်မှုတွေ ရှိနေခဲ့ကြောင်း၊ ထိုဒီအခြေအနေများကို ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအစိုးရထံကို တွန်းအားပေးလာခဲ့တာကြောင့် ပြုပြင်ပြောင်းလဲ ကြိုးပမ်းခဲ့ကြောင်း၊ ယခုပြောင်းလဲခဲ့တဲ့ စနစ်ဟာ ပြည့်စုံလုံလောက်တဲ့ အခြေအနေ မဟုတ်သေးဘဲ ဆက်လက်ကြိုးပမ်းနေကြောင်း၊ ကားလမ်း၊ ရထားလမ်း ၊ ရေလမ်းကြောင်းများကို ပေါင်းစည်းပြေးဆွဲနိုင်ဖို့ စီစဉ်နေပြီး ရရှိထားတဲ့ အရင်းအမြစ်တွေကို အကောင်းဆုံးအသုံးချကာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်လုပ်ဆောင် နေကြောင်း၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍဟာ ဘယ်တော့မှ ပြည့်စုံလုံလောက်တယ် ဆိုတဲ့ အခြေအနေမျိုး မရှိဘဲ တိုးတက်လာတဲ့ နည်းပညာတွေ အပေါ် အမီလိုက်ပါ လုပ်ဆောင်ရင်းနဲ့ ပြုပြင်ပြောင်းလဲမှုကို ကြိုးပမ်းနေကြောင်း၎င်းက ပြောကြား သွားခဲ့ပါတယ်။

ထိုအခမ်းအနားမှာ ဝန်ဆောင်မှုကောင်းတဲ့ ယာဉ်လိုင်းတွေကို ဆုပေးတာတွေ၊ ဂုဏ်ပြုမှတ်တမ်းတင်တာတွေကို လုပ်ဆောင်ခဲ့ကြ တဲ့အပြင် အနာဂတ်ကာလမှာ ပု်မိုတိုးတက် သော ဝန်ဆောင်မှုတွေ၊ ခေတ်မီနောက်ဆုံးပေါ်နည်းစနစ်တွေ ကို ပြည်သူတွေအနေနဲ့ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇန်နဝါရီ ၁၆

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕ရဲ႕ သယ္ယူပို႔ေဆာင္ေရးက႑မွာ ျပည္သူမ်ား စိတ္ပ်က္ခဲ့ၾကတဲ့ မထသစနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က  တြန္းအားေပးကာ ေျပာၾကားခဲ့တာျဖစ္တယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ယေန႔(ဇန္နဝါရီ ၁၆ ရက္)မနက္ပိုင္းမွာ ျပဳလုပ္တဲ့ YRTA ၏ သုံးႏွစ္ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

"ရန္ကုန္ရဲ႕ဘတ္စကားစနစ္ စတင္ေျပာင္းလဲခဲ့တာဟာ လြယ္ကူတဲ့ အေျခအေနမ်ိဳးမဟုတ္တဲ့အျပင္ အခက္အခဲေတြ မ်ားစြာလည္း ရွိခဲ့ပါတယ္၊ ျပည္သူတစ္ရပ္လုံးက ဒီလိုျပဳျပင္ ေျပာင္းလဲမႈေတြမွာ ပါဝင္ေဆာင္႐ြက္ခဲ့တာေၾကာင့္သာ ယခုလို အေျခအေနျဖစ္လာခဲ့ပါတယ္"လို႔ ဦးၿဖိဳးမင္းသိန္း က ေျပာၾကားပါတယ္။

အစိုးရသစ္အေနနဲ႔ စတင္တာဝန္ယူတဲ့အခ်ိန္မွာ ျပည္သူေတြ ဟာ မထသ စနစ္ကို စိတ္ပ်က္ေနၾကတဲ့ အေျခအေနျဖစ္ၿပီး ယာဥ္ေမာင္းေတြ၊ ယာဥ္ေနာက္လိုက္ေတြနဲ႔ ဝန္ေဆာင္မႈ ညံ့ဖ်င္းမႈေတြအေပၚမွာ ျပည္သူေတြရဲ႕ အေပၚကို ႐ိုက္ခတ္မႈေတြ ရွိေနခဲ့ေၾကာင္း၊ ထိုဒီအေျခအေနမ်ားကို ျပဳျပင္ေျပာင္းလဲရန္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရန္ကုန္တိုင္းအစိုးရထံကို တြန္းအားေပးလာခဲ့တာေၾကာင့္ ျပဳျပင္ေျပာင္းလဲ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ယခုေျပာင္းလဲခဲ့တဲ့ စနစ္ဟာ ျပည့္စုံလုံေလာက္တဲ့ အေျခအေန မဟုတ္ေသးဘဲ ဆက္လက္ႀကိဳးပမ္းေနေၾကာင္း၊ ကားလမ္း၊ ရထားလမ္း ၊ ေရလမ္းေၾကာင္းမ်ားကို ေပါင္းစည္းေျပးဆြဲႏိုင္ဖို႔ စီစဥ္ေနၿပီး ရရွိထားတဲ့ အရင္းအျမစ္ေတြကို အေကာင္းဆုံးအသုံးခ်ကာ ဖြံ႕ၿဖိဳးတိုးတက္မႈ အရွိန္အဟုန္ကို ျမႇင့္တင္လုပ္ေဆာင္ ေနေၾကာင္း၊ အမ်ားျပည္သူသယ္ယူ ပို႔ေဆာင္ေရးက႑ဟာ ဘယ္ေတာ့မွ ျပည့္စုံလုံေလာက္တယ္ ဆိုတဲ့ အေျခအေနမ်ိဳး မရွိဘဲ တိုးတက္လာတဲ့ နည္းပညာေတြ အေပၚ အမီလိုက္ပါ လုပ္ေဆာင္ရင္းနဲ႔ ျပဳျပင္ေျပာင္းလဲမႈကို ႀကိဳးပမ္းေနေၾကာင္း၎က ေျပာၾကား သြားခဲ့ပါတယ္။

ထိုအခမ္းအနားမွာ ဝန္ေဆာင္မႈေကာင္းတဲ့ ယာဥ္လိုင္းေတြကို ဆုေပးတာေတြ၊ ဂုဏ္ျပဳမွတ္တမ္းတင္တာေတြကို လုပ္ေဆာင္ခဲ့ၾက တဲ့အျပင္ အနာဂတ္ကာလမွာ ပု္မိုတိုးတက္ ေသာ ဝန္ေဆာင္မႈေတြ၊ ေခတ္မီေနာက္ဆုံးေပၚနည္းစနစ္ေတြ ကို ျပည္သူေတြအေနနဲ႔ အသုံးျပဳႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇန္နဝါရီ ၁၆