ရန်ကုန် စည်ပင်သာယာဥပဒေကြမ်းကို အသေးစိတ်ပြန်လည်စိစစ်ဖို့ ဥပဒေကြမ်းကော်မတီ၏ သဘောထားအား တိုင်းလွှတ်တော်တွင် ပြောကြား

ရန်ကုန် စည်ပင်သာယာဥပဒေကြမ်းကို အသေးစိတ်ပြန်လည်စိစစ်ဖို့ ဥပဒေကြမ်းကော်မတီ၏ သဘောထားအား တိုင်းလွှတ်တော်တွင် ပြောကြား

၂၀၁၉ ခုနှစ်၊ရန်ကုန်တိုင်းဒေသကြီး၏ စည်ပင်သာယာရေးဥပဒေကြမ်းကို အသေးစိတ်ပြန်လည်စိစစ်ရန်လိုအပ်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက်နှင့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးကျော်ထွန်းက ကော်မတီကိုယ်စား တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။

ယင်းဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် စည်ပင်သာယာရေးဥပဒေကြမ်း၏ ခေါင်းစဉ်ကို ပြင်ဆင်ရန်၊ အာဏာသက်ရောက်ခြင်းနှင့်စပ်လျှဉ်းသည့် ပြဋ္ဌာန်းချက်များကို အသစ်ဖြည့်စွက်ရန်စသည့် အချက်များ ပါဝင်သလို ဥပဒေကြမ်း၏ အခန်း(၃)တွင် တိုင်းဒေသကြီး၊မြို့နယ်စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့်စပ်လျှဉ်းသည့် ရှင်းလင်းမှုအားနည်းခြင်း၊ဥပဒေရေးထုံးများနှင့်ညီညွတ်မှုအားနည်းခြင်း၊ ဖွဲ့စည်းခြင်းနှင့်မသက်ဆိုင်သည့်အကြောင်းအရာများ ရောထွေးနေခြင်း၊ပယ်ဖျက်ရမည့်အချက်များ ပါဝင်နေခြင်းကြောင့် စိစစ်ပြင်ဆင်ရန်၊တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ သီးခြားဖော်ပြထားခြင်းမရှိသောကြောင့် ဖြည့်စွက်ထည့်သွင်းရန် ဥပဒေကြမ်းကော်မတီက အကြံပြုထားတယ်လို့ သိရပါတယ်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေကြမ်းကို အသေးစိတ်ပြန်လည် စိစစ်ရန် လိုအပ်ကြောင်းနှင့် ပြင်ဆင်ချက်များအတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။အဆိုပါ ၂၀၁၉ ခုနှစ်၊ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ ဥပဒေကြမ်းတွင် အခန်းပေါင်း(၂၁)ခန်း၊အပိုဒ်စုစုပေါင်း(၁၀၀)ပါဝင်ပြီး ဇူလိုင်လ ၁၂ ရက်တွင် ကျင်းပသော ဒုတိယအကြိမ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့မှာ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

၂၀၁၉ ခုႏွစ္၊ရန္ကုန္တိုင္းေဒသႀကီး၏ စည္ပင္သာယာေရးဥပေဒၾကမ္းကို အေသးစိတ္ျပန္လည္စိစစ္ရန္လိုအပ္တယ္လို႔ စက္တင္ဘာ ၂၀ ရက္ေန႔က က်င္းပခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ ဥပေဒၾကမ္းေကာ္မတီက သေဘာထားမွတ္ခ်က္ႏွင့္ အစီရင္ခံစာကို ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါအစီရင္ခံစာကို ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီမွ အဖြဲ႕ဝင္ ဦးေက်ာ္ထြန္းက ေကာ္မတီကိုယ္စား တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ ဖတ္ၾကားခဲ့ျခင္းျဖစ္ပါတယ္။

ယင္းဥပေဒၾကမ္းေကာ္မတီ၏ အစီရင္ခံစာတြင္ စည္ပင္သာယာေရးဥပေဒၾကမ္း၏ ေခါင္းစဥ္ကို ျပင္ဆင္ရန္၊ အာဏာသက္ေရာက္ျခင္းႏွင့္စပ္လွ်ဥ္းသည့္ ျပ႒ာန္းခ်က္မ်ားကို အသစ္ျဖည့္စြက္ရန္စသည့္ အခ်က္မ်ား ပါဝင္သလို ဥပေဒၾကမ္း၏ အခန္း(၃)တြင္ တိုင္းေဒသႀကီး၊ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမ်ား ဖြဲ႕စည္းျခင္းႏွင့္စပ္လွ်ဥ္းသည့္ ရွင္းလင္းမႈအားနည္းျခင္း၊ဥပေဒေရးထုံးမ်ားႏွင့္ညီၫြတ္မႈအားနည္းျခင္း၊ ဖြဲ႕စည္းျခင္းႏွင့္မသက္ဆိုင္သည့္အေၾကာင္းအရာမ်ား ေရာေထြးေနျခင္း၊ပယ္ဖ်က္ရမည့္အခ်က္မ်ား ပါဝင္ေနျခင္းေၾကာင့္ စိစစ္ျပင္ဆင္ရန္၊တိုင္းေဒသႀကီးစည္ပင္သာယာေရးေကာ္မတီ၏ တာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ား သီးျခားေဖာ္ျပထားျခင္းမရွိေသာေၾကာင့္ ျဖည့္စြက္ထည့္သြင္းရန္ ဥပေဒၾကမ္းေကာ္မတီက အႀကံျပဳထားတယ္လို႔ သိရပါတယ္။

ထို႔အတူ ရန္ကုန္တိုင္းေဒသႀကီးစည္ပင္သာယာေရးဥပေဒၾကမ္းကို အေသးစိတ္ျပန္လည္ စိစစ္ရန္ လိုအပ္ေၾကာင္းႏွင့္ ျပင္ဆင္ခ်က္မ်ားအတြက္ အခ်ိန္အတိုင္းအတာတစ္ခု လိုအပ္ေၾကာင္းကိုလည္း အစီရင္ခံစာတြင္ ေဖာ္ျပထားပါတယ္။အဆိုပါ ၂၀၁၉ ခုႏွစ္၊ရန္ကုန္တိုင္းေဒသႀကီးစည္ပင္သာယာေရးေကာ္မတီ ဥပေဒၾကမ္းတြင္ အခန္းေပါင္း(၂၁)ခန္း၊အပိုဒ္စုစုေပါင္း(၁၀၀)ပါဝင္ၿပီး ဇူလိုင္လ ၁၂ ရက္တြင္ က်င္းပေသာ ဒုတိယအႀကိမ္၊ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး ၁၅ ရက္ေျမာက္ေန႔မွာ တင္သြင္းခဲ့ျခင္းျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ စက္တင္ဘာ - ၂၁