ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးယာဉ်ငယ်များ ရပ်နားပါက ရဲစခန်းနှင့် ရဲကင်းများ အနီးတွင်သာ ရပ်တန့်ကြရန် အသိပေးချက်ထုတ်ပြန်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးယာဉ်ငယ်များ ရပ်နားပါက ရဲစခန်းနှင့် ရဲကင်းများ အနီးတွင်သာ ရပ်တန့်ကြရန် အသိပေးချက်ထုတ်ပြန်

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အိမ်စီးယာဉ်ငယ်များ ရပ်နားပါက ရဲစခန်းနှင့် ရဲကင်းများ အနီးတွင်သာ ရပ်တန့်ကြရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အသိပေးချက် ထုတ်ပြန် ထားပါ တယ်။

ခရီးသည်တင် Express ယာဉ်များသည် ခရီးသည် ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှ စ၍ ရပ်နားထားမည်ဖြစ်၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များ နည်းပါးပြတ်တောက်သွားမှာ ဖြစ်တဲ့အတွက် အမြန်လမ်းတွင် ခရီးသွား လာမည့် ကိုယ်ပိုင် အိမ်စီးယာဉ်ငယ် များအနေဖြင့် မည်သည့် အကြောင်းဖြင့်ဖြစ်စေ ခေတ္တရပ်နား လိုပါက အမြန်လမ်းမကြီးတလျှောက်ရှိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်းနှင့် ရဲကင်းများ တွင်သာ ရပ်နားကြပါရန်အသိပေးချက်ထုတ်ပြန်ထားပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲစခန်းများသည် ပျမ်းမျှ မိုင် (၂၀) ခန့်အကွာတွင် တည်ရှိပြီး ရဲကင်းများသည် ပျမ်းမျှ (၅)မိုင်ခန့် အကွာတွင် တည်ရှိတယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မတ် ၇

(  Zawgyi  )

 ရန္ကုန္ - မႏၲေလးအျမန္လမ္းတြင္ အိမ္စီးယာဥ္ငယ္မ်ား ရပ္နားပါက ရဲစခန္းႏွင့္ ရဲကင္းမ်ား အနီးတြင္သာ ရပ္တန႔္ၾကရန္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ အသိေပးခ်က္ ထုတ္ျပန္ ထားပါ တယ္။

ခရီးသည္တင္ Express ယာဥ္မ်ားသည္ ခရီးသည္ ပို႔ေဆာင္ ေျပးဆြဲျခင္းကို ဧၿပီလ (၇) ရက္ေန႔မွ စ၍ ရပ္နားထားမည္ျဖစ္၍ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ေျပးဆြဲေနသည့္ ေမာ္ေတာ္ယာဥ္မ်ား နည္းပါးျပတ္ေတာက္သြားမွာ ျဖစ္တဲ့အတြက္ အျမန္လမ္းတြင္ ခရီးသြား လာမည့္ ကိုယ္ပိုင္ အိမ္စီးယာဥ္ငယ္ မ်ားအေနျဖင့္ မည္သည့္ အေၾကာင္းျဖင့္ျဖစ္ေစ ေခတၱရပ္နား လိုပါက အျမန္လမ္းမႀကီးတေလွ်ာက္ရွိ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ရဲစခန္းႏွင့္ ရဲကင္းမ်ား တြင္သာ ရပ္နားၾကပါရန္အသိေပးခ်က္ထုတ္ျပန္ထားပါတယ္။

အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕ ရဲစခန္းမ်ားသည္ ပ်မ္းမွ် မိုင္ (၂၀) ခန႔္အကြာတြင္ တည္ရွိၿပီး ရဲကင္းမ်ားသည္ ပ်မ္းမွ် (၅)မိုင္ခန႔္ အကြာတြင္ တည္ရွိတယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ မတ္ ၇