ရန်ကုန် မိုးပျံအမြန်လမ်း စီမံကိန်းကို လာမည့် ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် လက်အောက်ခံ (IFC) နှင့်ညှိနှိုင်းထားဟု အတိုင်ပင်ခံရုံးဝန်ကြီး ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ

တစ်နိုင်ငံလုံးရှိ ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း (၄၀၀) ကျော် ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထားပြီး ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို လာမည့် ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် လက်အောက်ခံ (IFC) နှင့် ညှိနှိုင်းထားတယ်လို့ ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောကြားခဲ့ပါတယ်၊

"ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အခြေခံအဆောက်အအုံတွေ ပြည့်စုံကောင်းမွန်နေဖို့ဟာ အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်။တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ (၂) နှစ်ကျော် ကာလအတွင်းမှာ ပေ (၁၈၀) နှင့် အထက် တံတား (၆၇) စင်း တည်ဆောက်ခဲ့ပြီး၊ ပေ (၁၈၀) နှင့် ပေ (၅၀) အကြား တံတားအစင်း (၂၁၈) စုစုပေါင်း (၂၈၅) စင်း တည်ဆောက်နိုင်ခဲ့ပါတယ်။သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတားကြီးကို လာမယ့် (၃) နှစ်တာ ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ဒါ့အပြင် တစ်နိုင်ငံလုံးရှိ ပြည်သူတွေ ဒေသအလိုက် လိုအပ်နေတဲ့ တံတားအစင်းပေါင်း (၄၀၀) ကျော် ပြီးစီးအောင် တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တင်ပြခဲ့ရာမှာ “ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပြင် ADB ၊ World Bank ၊ JICA ၊ ဂျာမဏီနိုင်ငံ KFW စသည့် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများဖြင့်လည်း ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုလမ်းမကြီး (၁၄၄) လမ်းတွင် ကွန်ကရစ်လမ်း (၃၃၃) မိုင်၊ ကတ္တရာလမ်း (၃၅၈) မိုင်၊ နိုင်လွန်ကတ္တရာ (၁၀၃၀) မိုင်တို့ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျေးလက်သွားလာမှု လွယ်ကူစေရေးအတွက် ကျေးလက်လမ်း (၂၉၁၆) မိုင်နှင့် တံတား (၁၉၄၀) စင်း၊ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး (၂၀၃၀) ခုနှစ်မှာ နိုင်ငံအတွင်း ကျေးရွာအားလုံးရဲ့ (၈၀ ရာခိုင်နူန်း) ကျေးလက်နေ ပြည်သူအားလုံးရဲ့ (၉၀ ရာခိုင်နူန်း) အတွက် ရာသီမေ ရွးသွားလာနိုင်သည့် လမ်းများရသလောက် နှစ်စဉ်နှစ်တိုင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို အမြန်ဆုံးကုစားပေးနိုင်ရေးအတွက် ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို ကမ္ဘာ့ဘဏ် လက်အောက်ခံ (IFC) နှင့် ညှိနှိုင်းခဲ့ပြီး၊ လာမည့် (၂၀၁၉) ခုနှစ်ထဲတွင် စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရုံမက အလုပ်အကိုင် အခွင့်အလမ်း အမြောက်အများ ပေါ်ထွက်လာရေးကိုလည်း မျော်မှန်းဆောင်ရွက်နေတာ ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်သူ့အိမ်ယာ စီမံကိန်းများနှင့် ပတ်သက်၍လည်း ပြီးခဲ့သည့် (၂) နှစ်တာ ကာလအတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ယာများအနေနှင့် အခန်းပေါင်း (၁၀၉၂၄) ခန်း ဆောင်ရွက်ခဲ့ရာမှာ ပြီးစီးသည့်အခန်း (၅၇၄၈) ခန်း၊ ၇၀ ရာခိုင်နူန်း ပြီးစီးသည့် အခန်းပေါင်း (၅၁၇၆) ခန်း ရှိနေပြီဖြစ်ကြောင်း၊ ကျန်ရှိအခန်းများကိုလည်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်လက်၍ (၂) နှစ်ခွဲတာ ကာလအတွင်း PPP စနစ်နှင့် အခန်း (၄၀၀၀) ကျော်၊ ကုမ္ပဏီများအနေနှင့် အခန်း (၆၀၀၀) ကျော် စုစုပေါင်း အခန်း (၁) သောင်းကျော် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမှာရှိသည့် မြို့ပေါင်း (၃၃) မြို့နယ်၏ မြို့ပြစီမံကိန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ မြို့ပြစီမံကိန်းများ ပြန်လည်ရေးဆွဲနေပါကြောင်း၊ ဂျပန်နိုင်ငံ JICA၊ ကိုရီးယားနိုင်ငံ KOICA တို့နှင့် ပူးပေါင်းပြီး ရန်ကုန် - ဟံသာဝတီ - ပဲခူး စြင်္ကန်လမ်းနှင့် ရန်ကုန်အနောက်တောင်ပိုင်း ဖွံ့ဖြိုးရေး၊ Master Plan ရေးဆွဲခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ Master Plan ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ အစီအစဉ်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မှ ရှင်းလင်းရာမှာ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
Photo Credit : construction.gov
နေပြည်တော်၊ စက်တင်ဘာ - ၁၉

( Zawgyi )

တစ္ႏိုင္ငံလုံးရွိ ေဒသအလိုက္ လိုအပ္ေနသည့္ တံတားအစင္းေပါင္း (၄၀၀) ေက်ာ္ ၿပီးစီးေအာင္ တည္ေဆာက္သြားရန္ စီစဥ္ထားၿပီး ရန္ကုန္ မိုးပ်ံအျမန္လမ္းစီမံကိန္းကို လာမည့္ ၂၀၁၉ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ရန္ ကမာၻ႔ဘဏ္ လက္ေအာက္ခံ (IFC) ႏွင့္ ညႇိႏႈိင္းထားတယ္လို႔ ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က ေျပာၾကားခဲ့ပါတယ္၊

"ခိုင္မာေတာင့္တင္းတဲ့ ႏိုင္ငံေတာ္တည္ေဆာက္ရာမွာ အေျခခံအေဆာက္အအုံေတြ ျပည့္စုံေကာင္းမြန္ေနဖို႔ဟာ အဓိကလိုအပ္ခ်က္တစ္ရပ္ ျဖစ္ပါတယ္။တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ (၂) ႏွစ္ေက်ာ္ ကာလအတြင္းမွာ ေပ (၁၈၀) ႏွင့္ အထက္ တံတား (၆၇) စင္း တည္ေဆာက္ခဲ့ၿပီး၊ ေပ (၁၈၀) ႏွင့္ ေပ (၅၀) အၾကား တံတားအစင္း (၂၁၈) စုစုေပါင္း (၂၈၅) စင္း တည္ေဆာက္ႏိုင္ခဲ့ပါတယ္။သရက္-ေအာင္လံ ဧရာဝတီျမစ္ကူးတံတားႀကီးကို လာမယ့္ (၃) ႏွစ္တာ ကာလအတြင္း ၿပီးစီးေအာင္ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္။ဒါ့အျပင္ တစ္ႏိုင္ငံလုံးရွိ ျပည္သူေတြ ေဒသအလိုက္ လိုအပ္ေနတဲ့ တံတားအစင္းေပါင္း (၄၀၀) ေက်ာ္ ၿပီးစီးေအာင္ တည္ေဆာက္သြားဖို႔ စီစဥ္ထားပါတယ္" ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ တင္ျပခဲ့ရာမွာ “ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ေဆာင္႐ြက္ခဲ့သည့္ လုပ္ငန္းမ်ားအျပင္ ADB ၊ World Bank ၊ JICA ၊ ဂ်ာမဏီႏိုင္ငံ KFW စသည့္ ျပည္ပအဖြဲ႕အစည္းမ်ား၏ အကူအညီမ်ားျဖင့္လည္း ေဆာင္႐ြက္ခဲ့ရာ ျပည္ေထာင္စုလမ္းမႀကီး (၁၄၄) လမ္းတြင္ ကြန္ကရစ္လမ္း (၃၃၃) မိုင္၊ ကတၱရာလမ္း (၃၅၈) မိုင္၊ ႏိုင္လြန္ကတၱရာ (၁၀၃၀) မိုင္တို႔ကို အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္ခဲ့ပါေၾကာင္း၊ ေက်းလက္သြားလာမႈ လြယ္ကူေစေရးအတြက္ ေက်းလက္လမ္း (၂၉၁၆) မိုင္ႏွင့္ တံတား (၁၉၄၀) စင္း၊ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ခဲ့ၿပီး (၂၀၃၀) ခုႏွစ္မွာ ႏိုင္ငံအတြင္း ေက်း႐ြာအားလုံးရဲ႕ (၈၀ ရာခိုင္ႏူန္း) ေက်းလက္ေန ျပည္သူအားလုံးရဲ႕ (၉၀ ရာခိုင္ႏူန္း) အတြက္ ရာသီေမ ႐ြးသြားလာႏိုင္သည့္ လမ္းမ်ားရသေလာက္ ႏွစ္စဥ္ႏွစ္တိုင္း အဆင့္ျမႇင့္တင္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈ အေျခအေနကို အျမန္ဆုံးကုစားေပးႏိုင္ေရးအတြက္ ရန္ကုန္ မိုးပ်ံအျမန္လမ္းစီမံကိန္းကို ကမာၻ႔ဘဏ္ လက္ေအာက္ခံ (IFC) ႏွင့္ ညႇိႏႈိင္းခဲ့ၿပီး၊ လာမည့္ (၂၀၁၉) ခုႏွစ္ထဲတြင္ စတင္အေကာင္အထည္ေဖာ္ရန္ ေဆာင္႐ြက္လ်က္ရွိၿပီး ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းႏိုင္႐ုံမက အလုပ္အကိုင္ အခြင့္အလမ္း အေျမာက္အမ်ား ေပၚထြက္လာေရးကိုလည္း ေမ်ာ္မွန္းေဆာင္႐ြက္ေနတာ ျဖစ္ပါေၾကာင္း” ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ျပည္သူ႔အိမ္ယာ စီမံကိန္းမ်ားႏွင့္ ပတ္သက္၍လည္း ၿပီးခဲ့သည့္ (၂) ႏွစ္တာ ကာလအတြင္း ျပည္သူ႔အိမ္ရာႏွင့္ ဝန္ထမ္းအိမ္ယာမ်ားအေနႏွင့္ အခန္းေပါင္း (၁၀၉၂၄) ခန္း ေဆာင္႐ြက္ခဲ့ရာမွာ ၿပီးစီးသည့္အခန္း (၅၇၄၈) ခန္း၊ ၇၀ ရာခိုင္ႏူန္း ၿပီးစီးသည့္ အခန္းေပါင္း (၅၁၇၆) ခန္း ရွိေနၿပီျဖစ္ေၾကာင္း၊ က်န္ရွိအခန္းမ်ားကိုလည္း ရာႏႈန္းျပည့္ ၿပီးစီးေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဆက္လက္၍ (၂) ႏွစ္ခြဲတာ ကာလအတြင္း PPP စနစ္ႏွင့္ အခန္း (၄၀၀၀) ေက်ာ္၊ ကုမၸဏီမ်ားအေနႏွင့္ အခန္း (၆၀၀၀) ေက်ာ္ စုစုေပါင္း အခန္း (၁) ေသာင္းေက်ာ္ ၿပီးစီးေအာင္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံးမွာရွိသည့္ ၿမိဳ႕ေပါင္း (၃၃) ၿမိဳ႕နယ္၏ ၿမိဳ႕ျပစီမံကိန္းမ်ား ၿပီးစီးေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး၊ ျပည္နယ္အစိုးရမ်ားႏွင့္ ပူးေပါင္း၍ ၿမိဳ႕ျပစီမံကိန္းမ်ား ျပန္လည္ေရးဆြဲေနပါေၾကာင္း၊ ဂ်ပန္ႏိုင္ငံ JICA၊ ကိုရီးယားႏိုင္ငံ KOICA တို႔ႏွင့္ ပူးေပါင္းၿပီး ရန္ကုန္ - ဟံသာဝတီ - ပဲခူး ျစကၤန္လမ္းႏွင့္ ရန္ကုန္အေနာက္ေတာင္ပိုင္း ဖြံ႕ၿဖိဳးေရး၊ Master Plan ေရးဆြဲျခင္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ Master Plan ေရးဆြဲျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ခဲ့ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး (၂၃) ရက္ေျမာက္ေန႔ အစီအစဥ္တြင္ ႏိုင္ငံေတာ္၏ အေျခအေနအရပ္ရပ္ႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စုအစိုးရအဖြဲ႕ ကိုယ္စား ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ မွ ရွင္းလင္းရာမွာ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
Photo Credit : construction.gov
ေနျပည္ေတာ္၊ စက္တင္ဘာ - ၁၉