ရန်ကုန် မိုးသည်းသည်းမဲမဲရွာသွန်းမှု နှစ် ၇၀ ကျော်ကြာ မိုးရေချိန်စံချိန်ကို ချိုး

ရန်ကုန် မိုးသည်းသည်းမဲမဲရွာသွန်းမှု နှစ် ၇၀ ကျော်ကြာ မိုးရေချိန်စံချိန်ကို ချိုး

ရန်ကုန်မြို့ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန စခန်းများဖြစ်သည့် မင်္ဂလာဒုံနှင့် ကမ္ဘာအေး စခန်းများမှ တိုင်းတာရရှိသည့် မိုးရေချိန်မှတ်တမ်းများအရ ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ နှစ် ၇၀ ကျော်ကြာ တင်ရှိခဲ့သည့် ရန်ကုန်မိုးရေချိန် စံချိန်ဟောင်းကိုချိုးကာ စံချိန်သစ်တင်ခဲ့တယ်လို့ မိုး/ဇလက ယနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ နံနက်အစောပိုင်းကတည်းက မပြတ်ရွာနေခဲ့သည့် မိုးကြောင့် ရန်ကုန်မြို့တစ်ဝန်း ရေကြီးမှုအချို့ဖြစ်ခဲ့သလို ရန်ကုန်မြို့၏ အဓိကအဝေးပြေးစခန်းများနှင့် ကားလမ်း၊ ရထားလမ်းပိုင်းအချို့တွင်လည်း ရေကျော်မှုများ၊ ရေကြီးမှုများ ဖြစ်ခဲ့ပါတယ်။

“မနက်အိပ်ယာထကတည်းက ရွာတဲ့မိုး အခုထိမစဲသေးဘူး။အလုပ်သွားတဲ့သူတွေ ကျောင်းသွားတဲ့သူတွေ မသွားနိုင်ဘူး။အိမ်ထဲရေဝင်တာ ညကတည်းက။မနက်ကျရင် မိုးနည်းမလားမှတ်တယ် ပိုတောင်ဆိုးလာသေးတယ်” လို့ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ကိုနိုင်ဝင်း က ဆိုပါတယ်။

မိုး/ဇလ တိုင်းတာချက်များအရ ရန်ကုန် (ကမ္ဘာအေး) မိုးလေဝသစခန်းမှ လွန်ခဲ့သော ၅၁ နှစ်က ရှိခဲ့သည့် မိုးရေချိန်စံချိန် ၅ ဒသမ ၆၃ လက်မကို ယနေ့ရွာသွန်းသည့် မိုးရေချိန်က ၅ ဒသမ ၈၆ လက်မဖြင့် စံချိန်ချိုးခဲ့ပြီး ရန်ကုန် (မင်္ဂလာဒုံ) မိုးလေဝသစခန်းမှ လွန်ခဲ့သည့် နှစ် ၇၀ ကျော်က တင်ခဲ့သည့် မိုးရေချိန် ၅ ဒသမ ၀၈ စံချိန်ကို ယနေ့ရွာသွန်းသည့် မိုးရေချိန် ၅ ဒသမ ၆၇ လက်မဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မိုး/ဇလ ယနေ့ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်ကြောင့် မနက်ဖြန်နံနက်အထိ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် ခုနှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိတပေးထုတ်ပြန်ထားပါတယ်။

KZ
ရန်ကုန်၊ သြဂုတ် - ၇

( Zawgyi )

ရန္ကုန္ၿမိဳ႕ရွိ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန စခန္းမ်ားျဖစ္သည့္ မဂၤလာဒုံႏွင့္ ကမာၻေအး စခန္းမ်ားမွ တိုင္းတာရရွိသည့္ မိုးေရခ်ိန္မွတ္တမ္းမ်ားအရ ရန္ကုန္ၿမိဳ႕တြင္ ယေန႔႐ြာသြန္းခဲ့သည့္ မိုးေရခ်ိန္မွာ ႏွစ္ ၇၀ ေက်ာ္ၾကာ တင္ရွိခဲ့သည့္ ရန္ကုန္မိုးေရခ်ိန္ စံခ်ိန္ေဟာင္းကိုခ်ိဳးကာ စံခ်ိန္သစ္တင္ခဲ့တယ္လို႔ မိုး/ဇလက ယေန႔ ညေနပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

ယေန႔ နံနက္အေစာပိုင္းကတည္းက မျပတ္႐ြာေနခဲ့သည့္ မိုးေၾကာင့္ ရန္ကုန္ၿမိဳ႕တစ္ဝန္း ေရႀကီးမႈအခ်ိဳ႕ျဖစ္ခဲ့သလို ရန္ကုန္ၿမိဳ႕၏ အဓိကအေဝးေျပးစခန္းမ်ားႏွင့္ ကားလမ္း၊ ရထားလမ္းပိုင္းအခ်ိဳ႕တြင္လည္း ေရေက်ာ္မႈမ်ား၊ ေရႀကီးမႈမ်ား ျဖစ္ခဲ့ပါတယ္။

“မနက္အိပ္ယာထကတည္းက ႐ြာတဲ့မိုး အခုထိမစဲေသးဘူး။အလုပ္သြားတဲ့သူေတြ ေက်ာင္းသြားတဲ့သူေတြ မသြားႏိုင္ဘူး။အိမ္ထဲေရဝင္တာ ညကတည္းက။မနက္က်ရင္ မိုးနည္းမလားမွတ္တယ္ ပိုေတာင္ဆိုးလာေသးတယ္” လို႔ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုႏိုင္ဝင္း က ဆိုပါတယ္။

မိုး/ဇလ တိုင္းတာခ်က္မ်ားအရ ရန္ကုန္ (ကမာၻေအး) မိုးေလဝသစခန္းမွ လြန္ခဲ့ေသာ ၅၁ ႏွစ္က ရွိခဲ့သည့္ မိုးေရခ်ိန္စံခ်ိန္ ၅ ဒသမ ၆၃ လက္မကို ယေန႔႐ြာသြန္းသည့္ မိုးေရခ်ိန္က ၅ ဒသမ ၈၆ လက္မျဖင့္ စံခ်ိန္ခ်ိဳးခဲ့ၿပီး ရန္ကုန္ (မဂၤလာဒုံ) မိုးေလဝသစခန္းမွ လြန္ခဲ့သည့္ ႏွစ္ ၇၀ ေက်ာ္က တင္ခဲ့သည့္ မိုးေရခ်ိန္ ၅ ဒသမ ၀၈ စံခ်ိန္ကို ယေန႔႐ြာသြန္းသည့္ မိုးေရခ်ိန္ ၅ ဒသမ ၆၇ လက္မျဖင့္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

မိုး/ဇလ ယေန႔ထုတ္ျပန္ခ်က္တြင္ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ မုန္တိုင္းငယ္ေၾကာင့္ မနက္ျဖန္နံနက္အထိ ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ ခုႏွစ္ခုတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း သိတေပးထုတ္ျပန္ထားပါတယ္။

KZ
ရန္ကုန္၊ ၾသဂုတ္ - ၇