ရမ်းဗြဲ မြို့နယ်တွင် ဖြစ်ပွားသည့် မူလတန်းဆရာမသတ်ဖြတ်ခံရမှုမှ ကျူးလွန်သူရေလုပ်သားကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရမ်းဗြဲ မြို့နယ်တွင် ဖြစ်ပွားသည့် မူလတန်းဆရာမသတ်ဖြတ်ခံရမှုမှ ကျူးလွန်သူရေလုပ်သားကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ရွာကျေးရွာ မူလတန်း ကျောင်းဆရာမတစ်ဦး ဒီဇင်ဘာ ၁၀ ရက်က သတ်ဖြတ်ခံရသည့် ဖြစ်စဉ်မှ ကျူးလွန်သူတရားခံကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မာ ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၁၂ နာရီအချိန်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ရွာ ကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမကြီး၏အကြောင်းကြားချက်အရ ၎င်းကျောင်းမှ မူလတန်းပြ ဆရာမ ဒေါ်မေဇင်နှင်း (တောင်ရင်းကျေးရွာ)မှာ ကျောင်းသို့ ရောက်ရှိလာခြင်း မရှိကြောင်း သိရှိရသဖြင့် လိုက်လံ ရှာဖွေကြရာ အချွိန်ပြင်ကျေးရွာအနီး ကားလမ်းမဘေးရှိ ချောက်ထဲတွင်မှောက်လျက်အနေအထားဖြင့် ဒဏ်ရာများရရှိ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါတယ်။

ထိုသို့ တွေ့ရှိသဖြင့် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်လျက် အထူး အမှုစစ်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်း(၂၁)နှစ်(ဘ) ဦးရွှေလုံး၊ ရခိုင်/ဗုဒ္ဓ၊ ရေလုပ်သား၊ နတ်ပြင်ကျေးရွာ၊ မာန်အောင်မြို့နယ် နေုသူအား ဒီဇင်ဘာ ၁၁ ရက် နံနက်  ၁၁နာရီအချိန်တွင်  သက်သေခံ ပစ္စည်းများနှင့်အတူ ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရမိသဖြင့် ကျူးလွန်သူကို စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်း မှာ တောချက်အရက် နှင့်ဓနိ ရည်များ အလွန်အကျွံ သောက်သုံးထားရာမှ၊ အခင်းဖြစ်ချိန်လူသွား လူလာ ပြတ်လတ်သည်ကို အခွင့်ကောင်း ယူကာ ကာမရာဂ စိတ် ပြင်းထန်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်း (၂၁)နှစ်အား သေဆုံးသူ၏ဖခင်ဖြစ်သူ ဦးအေးရွှေမှ တရားလိုပြုလုပ်တိုင်ကြားရာ လေးတောင်နယ်မြေရဲစခန်း(ပ)၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ၁၇၄၅ အချိန်တွင် အမှုရေးဖွင့်ခဲ့ပြီး ကျူးလွန်သူကို ဥပဒေအရဆက်လက်တရား စွဲတင်ပို့ရန်ဆောင် ရွက်လျက်ရှိ ကြောင်းသိရပါတယ်။

PWA
ရမ်းဗြဲ၊ဒီဇင်ဘာ ၁၁

( Zawgyi )

 ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္၊ ေတာင္႐ြာေက်း႐ြာ မူလတန္း ေက်ာင္းဆရာမတစ္ဦး ဒီဇင္ဘာ ၁၀ ရက္က သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မွ က်ဴးလြန္သူတရားခံကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႕မွ ၂၄ နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မာ ဒီဇင္ဘာ ၁၀ ရက္ ေန႔လယ္ ၁၂ နာရီအခ်ိန္က ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္၊ ေတာင္႐ြာ ေက်း႐ြာ မူလတန္း ေက်ာင္းအုပ္ဆရာမႀကီး၏အေၾကာင္းၾကားခ်က္အရ ၎ေက်ာင္းမွ မူလတန္းျပ ဆရာမ ေဒၚေမဇင္ႏွင္း (ေတာင္ရင္းေက်း႐ြာ)မွာ ေက်ာင္းသို႔ ေရာက္ရွိလာျခင္း မရွိေၾကာင္း သိရွိရသျဖင့္ လိုက္လံ ရွာေဖြၾကရာ အခြၽိန္ျပင္ေက်း႐ြာအနီး ကားလမ္းမေဘးရွိ ေခ်ာက္ထဲတြင္ေမွာက္လ်က္အေနအထားျဖင့္ ဒဏ္ရာမ်ားရရွိ ေသဆုံးေနသည္ကိုေတြ႕ရွိခဲ့ရပါတယ္။

ထိုသို႔ ေတြ႕ရွိသျဖင့္ ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး ကိုယ္တိုင္ အနီးကပ္ႀကီးၾကပ္လ်က္ အထူး အမႈစစ္အဖြဲ႕ျဖင့္ စုံစမ္းစစ္ေဆးခဲ့ရာ ျပစ္မႈက်ဴးလြန္သူ ေ႐ႊထူး(ခ)ေအးခ်မ္း(၂၁)ႏွစ္(ဘ) ဦးေ႐ႊလုံး၊ ရခိုင္/ဗုဒၶ၊ ေရလုပ္သား၊ နတ္ျပင္ေက်း႐ြာ၊ မာန္ေအာင္ၿမိဳ႕နယ္ ေနုသူအား ဒီဇင္ဘာ ၁၁ ရက္ နံနက္  ၁၁နာရီအခ်ိန္တြင္  သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ေဖၚထုတ္ဖမ္းဆီးရမိခဲ့ပါတယ္။

ထိုသို႔ ဖမ္းဆီးရမိသျဖင့္ က်ဴးလြန္သူကို စစ္ေဆးခဲ့ရာ ျပစ္မႈက်ဴးလြန္သူ ေ႐ႊထူး(ခ)ေအးခ်မ္း မွာ ေတာခ်က္အရက္ ႏွင့္ဓနိ ရည္မ်ား အလြန္အကြၽံ ေသာက္သုံးထားရာမွ၊ အခင္းျဖစ္ခ်ိန္လူသြား လူလာ ျပတ္လတ္သည္ကို အခြင့္ေကာင္း ယူကာ ကာမရာဂ စိတ္ ျပင္းထန္ၿပီး ျပစ္မႈက်ဴးလြန္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

ျပစ္မႈက်ဴးလြန္သူ ေ႐ႊထူး(ခ)ေအးခ်မ္း (၂၁)ႏွစ္အား ေသဆုံးသူ၏ဖခင္ျဖစ္သူ ဦးေအးေ႐ႊမွ တရားလိုျပဳလုပ္တိုင္ၾကားရာ ေလးေတာင္နယ္ေျမရဲစခန္း(ပ)၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္ ၁၇၄၅ အခ်ိန္တြင္ အမႈေရးဖြင့္ခဲ့ၿပီး က်ဴးလြန္သူကို ဥပေဒအရဆက္လက္တရား စြဲတင္ပို႔ရန္ေဆာင္ ႐ြက္လ်က္ရွိ ေၾကာင္းသိရပါတယ္။

PWA
ရမ္းၿဗဲ၊ဒီဇင္ဘာ ၁၁