ရာသီတုပ်ကွေးကူးစက်မှုမှလျှော့ချနိုင်မည့် ငွေပေးချေမှုစနစ်တစ်ခု မန်းစည်ပင်ကစီစဉ်

 ရာသီတုပ်ကွေးကူးစက်မှုမှလျှော့ချနိုင်မည့် ငွေပေးချေမှုစနစ်တစ်ခု မန်းစည်ပင်ကစီစဉ်

ငွေသားပေးချေမှုကနေ ရလာနိုင်တဲ့ ရာသီတုပ်ကွေးလို ရောဂါအန္တရာယ်မျိုးတွေကနေ ကူးစက်မှုလျှော့ချနိုင်မယ့် အစီအစဉ်တစ်ခုအဖြစ် ဖုန်းနဲ့ ငွေပေးချေနိုင်တဲ့ စနစ်တစ်ခုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောပါတယ်။ (Mandalay Smart Pay(MSP Wallet) လို့ အမည်ပေးထားတဲ့ ဖုန်းနဲ့ငွေပေးချေနိုင်တဲ့ စနစ်တစ်ခုပဲ ဖြစ်ပြီး မကြာမီမှာပဲ အသုံးပြုသွားနိုင် တော့မှာဖြစ်တယ်လို့သိရပါတယ်။

"အခကြေးငွေဖြတ်တောက်မှု လုံးဝမရှိတဲ့ ဖုန်းနဲ့ငွေပေးချေနိုင်တဲ့ စနစ်တစ်ခုပါ၊ ငွေပေးချေမှု တိုင်းမှာ ပြည်သူတွေ အဆင်ပြေချောမွေ့ အောင် စည်ပင်ကဝန်ဆောင်မှုအနေနဲ့ပေးတာပါ၊ ပေးဆောင်ရမယ့်အခွန်အခတွေကို ငွေကျပ်အစွန်းထွက်အတွက် ငွေအကြွေမအမ်း နိုင်လို့ ပိုပေးရတာမျိုးတွေ ရှိတော့မှာမဟုတ်ဘူး၊ အရေးကြီးဆုံးက ဘယ်လိုငွေပေးချေမှုမျိုးကိုမဆို ငွေပေးသူကောငွေလက်ခံသူကိုပါ ငွေကြေးဖြတ်တောက်မှု လုံးဝလုပ်မှာ မဟုတ်ဘူး၊ ငွေသားပေးချေမှုကနေရလာနိုင်တဲ့ ရာသီတုပ်ကွေးလိုမျိုးတွေကူးစက်မှုလျော့သွားမှာ ပါ" လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောပါတယ်။

ဒီစနစ်နဲ့အကောင်အထည်ဖော်ဆောင်တဲ့အခါမှာ စည်ပင်သာယာနဲ့ပတ်သက်တဲ့ပေးဆောင်ရမယ့်အခွန်အခတွေကို ငွေကြေးအစွန်း ထွက်အတွက် ငွေအကြွေမအမ်းနိုင်ဖို့ပိုပေးရတယ်ဆိုတာမျိုးရှိတော့မှာမဟုတ်ဘူးလို့သိရပြီး လောလောဆယ်မှာတော့ အိမ်ခွန် မြေခွန် မီးခွန် အမှိုက်သိမ်းဆည်းခတွေကို Mobile Transfer နဲ့ပေးလို့ရပြီဖြစ်ကြောင်း၊ နှစ်လအတွင်းထုတ်ပေးနိုင်တော့မှာဖြစ်ကြောင်းလည်း ၎င်းကဆိုပါတယ်။

ဒီစနစ်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ်နဲ့ 2C2P ကုမ္ပဏီတို့ပူးပေါင်းပြီး အကောင်အထည် ဆောင်ရွက်ထားတာဖြစ်ပြီး Mandalay Smart Pay(MSP Wallet) နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ် အစီအစဉ်တွေနဲ့ပတ်သက်လို့လည်း လာမယ့်မတ်လအတွင်းမှာပဲ Mandalay Convention Center မှာ တရားဝင် Lunch လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

"ကုန်စုံဆိုင်တွေနဲ့လမ်းဘေးဆိုင်တွေမှာပါ Top up လုပ်လို့ရအောင်ဆက်ကြိုးစားနေပါတယ်၊ ဆိုင်ကယ်အပ်တဲ့အခါ၊  သန့်စင်ခန်းသုံးတဲ့ အခါ၊ လမ်းဘေးဈေးကောက်ကောက်တဲ့အခါ၊ ကွမ်းယာဝယ်တာ မုန့်ဝယ်တာကအစ အကြွေမရှိလို့ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေ လုံးဝပျောက်သွားမှာပါ၊ ခရီးသွားဖို့ကားလက်မှတ်လေယာဉ်လက်မှတ်တွေကိုလည်း MSP နဲ့ပေးချေနိုင်အောင်စီစဉ်နေပါတယ် "လို့ မန္တလေးမြို့တော်ဝန်ကပြောပါတယ်။

ဒီနည်းပညာကို စင်ကာပူနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2P ကုမ္ပဏီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို အခမဲ့ကူညီပေးတာဖြစ်ပြီး ဒီကုမ္ပဏီကို ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသားဦးအောင်ကျော်မိုးက ထိုင်းနိုင်ငံမှာစတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။

"အကျိုးကျေးဇူးကတော့ ငွေသားတွေပေးချေမှုကနေရလာနိုင်တဲ့ ရာသီတုပ်ကွေးလိုမျိုးတွေ ကူးစက်မှုလျော့သွားမှာပါ"လို့ မန္တလေးမြို့ တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

KT
မန္တလေး ၊ဖေဖော်ဝါရီ ၂၆

(  Zawgyi  )

 ေငြသားေပးေခ်မႈကေန ရလာႏိုင္တဲ့ ရာသီတုပ္ေကြးလို ေရာဂါအႏၲရာယ္မ်ိဳးေတြကေန ကူးစက္မႈေလွ်ာ့ခ်ႏိုင္မယ့္ အစီအစဥ္တစ္ခုအျဖစ္ ဖုန္းနဲ႔ ေငြေပးေခ်ႏိုင္တဲ့ စနစ္တစ္ခုကို မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီျဖစ္ တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကေျပာပါတယ္။ (Mandalay Smart Pay(MSP Wallet) လို႔ အမည္ေပးထားတဲ့ ဖုန္းနဲ႔ေငြေပးေခ်ႏိုင္တဲ့ စနစ္တစ္ခုပဲ ျဖစ္ၿပီး မၾကာမီမွာပဲ အသုံးျပဳသြားႏိုင္ ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။

"အခေၾကးေငြျဖတ္ေတာက္မႈ လုံးဝမရွိတဲ့ ဖုန္းနဲ႔ေငြေပးေခ်ႏိုင္တဲ့ စနစ္တစ္ခုပါ၊ ေငြေပးေခ်မႈ တိုင္းမွာ ျပည္သူေတြ အဆင္ေျပေခ်ာေမြ႕ ေအာင္ စည္ပင္ကဝန္ေဆာင္မႈအေနနဲ႔ေပးတာပါ၊ ေပးေဆာင္ရမယ့္အခြန္အခေတြကို ေငြက်ပ္အစြန္းထြက္အတြက္ ေငြအေႂကြမအမ္း ႏိုင္လို႔ ပိုေပးရတာမ်ိဳးေတြ ရွိေတာ့မွာမဟုတ္ဘူး၊ အေရးႀကီးဆုံးက ဘယ္လိုေငြေပးေခ်မႈမ်ိဳးကိုမဆို ေငြေပးသူေကာေငြလက္ခံသူကိုပါ ေငြေၾကးျဖတ္ေတာက္မႈ လုံးဝလုပ္မွာ မဟုတ္ဘူး၊ ေငြသားေပးေခ်မႈကေနရလာႏိုင္တဲ့ ရာသီတုပ္ေကြးလိုမ်ိဳးေတြကူးစက္မႈေလ်ာ့သြားမွာ ပါ" လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကေျပာပါတယ္။

ဒီစနစ္နဲ႔အေကာင္အထည္ေဖာ္ေဆာင္တဲ့အခါမွာ စည္ပင္သာယာနဲ႔ပတ္သက္တဲ့ေပးေဆာင္ရမယ့္အခြန္အခေတြကို ေငြေၾကးအစြန္း ထြက္အတြက္ ေငြအေႂကြမအမ္းႏိုင္ဖို႔ပိုေပးရတယ္ဆိုတာမ်ိဳးရွိေတာ့မွာမဟုတ္ဘူးလို႔သိရၿပီး ေလာေလာဆယ္မွာေတာ့ အိမ္ခြန္ ေျမခြန္ မီးခြန္ အမႈိက္သိမ္းဆည္းခေတြကို Mobile Transfer နဲ႔ေပးလို႔ရၿပီျဖစ္ေၾကာင္း၊ ႏွစ္လအတြင္းထုတ္ေပးႏိုင္ေတာ့မွာျဖစ္ေၾကာင္းလည္း ၎ကဆိုပါတယ္။

ဒီစနစ္အတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ ရတနာပုံဘဏ္နဲ႔ 2C2P ကုမၸဏီတို႔ပူးေပါင္းၿပီး အေကာင္အထည္ ေဆာင္႐ြက္ထားတာျဖစ္ၿပီး Mandalay Smart Pay(MSP Wallet) နဲ႔ပတ္သက္တဲ့လုပ္ငန္းစဥ္ အစီအစဥ္ေတြနဲ႔ပတ္သက္လို႔လည္း လာမယ့္မတ္လအတြင္းမွာပဲ Mandalay Convention Center မွာ တရားဝင္ Lunch လုပ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

"ကုန္စုံဆိုင္ေတြနဲ႔လမ္းေဘးဆိုင္ေတြမွာပါ Top up လုပ္လို႔ရေအာင္ဆက္ႀကိဳးစားေနပါတယ္၊ ဆိုင္ကယ္အပ္တဲ့အခါ၊  သန႔္စင္ခန္းသုံးတဲ့ အခါ၊ လမ္းေဘးေဈးေကာက္ေကာက္တဲ့အခါ၊ ကြမ္းယာဝယ္တာ မုန႔္ဝယ္တာကအစ အေႂကြမရွိလို႔ႀကဳံေတြ႕ရတတ္တဲ့အခက္အခဲေတြ လုံးဝေပ်ာက္သြားမွာပါ၊ ခရီးသြားဖို႔ကားလက္မွတ္ေလယာဥ္လက္မွတ္ေတြကိုလည္း MSP နဲ႔ေပးေခ်ႏိုင္ေအာင္စီစဥ္ေနပါတယ္ "လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ကေျပာပါတယ္။

ဒီနည္းပညာကို စင္ကာပူႏိုင္ငံအေျခစိုက္ ျမန္မာႏိုင္ငံသားပိုင္ 2C2P ကုမၸဏီက မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကို အခမဲ့ကူညီေပးတာျဖစ္ၿပီး ဒီကုမၸဏီကို ၂၀၁၃ ခုႏွစ္က ျမန္မာႏိုင္ငံသားဦးေအာင္ေက်ာ္မိုးက ထိုင္းႏိုင္ငံမွာစတင္တည္ေထာင္ခဲ့တာလို႔ သိရပါတယ္။

"အက်ိဳးေက်းဇူးကေတာ့ ေငြသားေတြေပးေခ်မႈကေနရလာႏိုင္တဲ့ ရာသီတုပ္ေကြးလိုမ်ိဳးေတြ ကူးစက္မႈေလ်ာ့သြားမွာပါ"လို႔ မႏၲေလးၿမိဳ႕ ေတာ္ဝန္ေဒါက္တာရဲလြင္ကဆိုပါတယ္။

KT
မႏၲေလး ၊ေဖေဖာ္ဝါရီ ၂၆