ရေစကြိုမြို့နယ်ရှိ ရွာ ၈ ရွာခန့်တွင် မိုးရွာသွန်းမှုမရှိသဖြင့် သောက်သုံးရေ ပြတ်လပ်မှုခံစားနေရ

ရေစကြိုမြို့နယ်ရှိ ရွာ ၈ ရွာခန့်တွင် မိုးရွာသွန်းမှုမရှိသဖြင့် သောက်သုံးရေ ပြတ်လပ်မှုခံစားနေရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရဲ့ အနောက်ခြမ်းဘက်မှာရှိတဲ့ ကျေးရွာ ၈ ရွာခန့်မှာ မိုးရွာသွန်းမှု မရှိတဲ့အတွက် သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ခံစားနေကြရတယ်လို့ သွားရောက်ကူညီပေးနေကြတဲ့ ရေစကြိုမြို့ နယ်မီးတပ်ဖွဲ့၊ မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ပြောပါတယ်။

အဲ့ဒီကျေးရွာတွေမှာက မိုးရေကိုပဲ သောက်သုံးရေအဖြစ် အဓိကထား သုံးတာဖြစ်ပြီး လက်ရှိမှာ မိုးရွာသွန်းမှု လုံးဝမရှိတာကြောင့် သဘာဝရေလှောင်ကန်တွေမှာ ရေခန်းခြောက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။“ ကျွန်တော်တို့ဘက်ကတော့ မိုးက လုံးလုံးကို မရွာဘူးဗျ။ မိုးဖွဲဖွဲလေး တစ်ခါနှစ်ခါက လွဲပြီး လုံးဝမရွာဘူး။ အဲ့ဒီ နေရာတွေက ရေက နွေကတည်းပြတ်နေတဲ့ နေရာတွေလေ။ သူတို့ကိုယ်တိုင် ရေလှောင်ကန်တွေ ဆောက်ထား တာပေါ့နော်။ မိုးရေကန်တွေဆောက်ထားတာ။ မိုးက လုံးဝမရွာတော့ အခုတော့ အဲ့ဒီနေရာတွေမှာ ခန်းခြောက်ပြီး  သောက်သုံးရေတွေ ပြတ်လပ်နေတယ်။ အဲ့ဒီဘက် ထန်းပင်ချောင်းတို့၊ ရွာသာအေးတု့ိဆိုရင် အခုက တော်တော် ဆိုးနေပြီ။ အခုက ရေလိုတဲ့ရွာတွေ တော်တော်များ နေတာပေါ့နော်။ ထန်းပင်ချောင်းရယ်၊ ရွာသာအေး၊ ကျောက်သာရယ်၊ နောက်ပြီး ကျောက်လှည်းဘီးတို့ ကဘောက် တို့ပေါ့”လို့ မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ပြောပါတယ်။

အဲ့ဒီ ရေပြတ်လပ်နေတဲ့ ရွာတွေအတွက် သောက်သုံးရေရရှိအောင် ရေစကြိုမြို့နယ်မီးသတ်ဦးစီးဌာနအပါအဝင် နယ်မြေခံမီးသတ်တပ်ဖွဲ့တွေနဲ့ ကျေး ရွာပရဟိတအဖွဲ့တွေက သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။သြဂုတ်လ ၉ ရက်နေ့၊ မနက်ပိုင်းမှာပဲ ရေစကြိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာကို ပခန်းကြီးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ ရေသယ်ယာဉ် ၁ စီးတို့နဲ့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

“ ကျွန်တော်တို့ကတော့ တစ်ရက်ကို တစ်ရွာတစ်ရွာတော့ သွားနေတာပဲ။ လူဦးရေများတဲ့ နေရာဆိုရင်လည်း ပိုသွားရတာပေါ့။ ပရဟိတ အဖွဲ့လေးတွေ လည်း သူတို့ တတ်နိုင်သလောက် လာလာလှူကြပါတယ်။ ပေါက်တို့၊ ရေစကြိုတို့မှာ ရေပြတ်လပ်မှု ဒိုင်ခံဖြစ်နေတာ။ အခုက ပေါက်ဘက်မှ မိုးရွာသွားတော့ အဲ့ဒီဘက်မှာ ဒီလောက်မဖြစ်တော့ဘူး။ အခုလောလော ဆယ်အနေအထားဆိုရင် ရေစကြိုတစ်ခုပဲ။ ရွာတွေမှာဖြစ်နေတာ”လို့ သောက်သုံးရေလိုအပ်တဲ့ ရွာတွေကို နေ့စဉ် သွားရောက်လှူဒါန်းပေးနေတဲ့ ရေစကြိုမြို့ နယ်မီးတပ်ဖွဲ့၊ မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်လို တိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေတက်  ရေကြီးရေလျှံမှုတွေဖြစ်နေေ ပမယ့် မိုးရွာသွန်းမှုနည်းတဲ့ ဒီလို မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးရွာတွေမှာတော့ သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၉
ဓာတ်ပုံ- MFSD

(  Zawgyi  )

 မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္ရဲ႕ အေနာက္ျခမ္းဘက္မွာရွိတဲ့ ေက်း႐ြာ ၈ ႐ြာခန႔္မွာ မိုး႐ြာသြန္းမႈ မရွိတဲ့အတြက္ ေသာက္သုံးေရ ျပတ္လပ္မႈဒဏ္ကို ခံစားေနၾကရတယ္လို႔ သြားေရာက္ကူညီေပးေနၾကတဲ့ ေရစႀကိဳၿမိဳ႕ နယ္မီးတပ္ဖြဲ႕၊ မီးသတ္ဦးစီးမႉး ဦးညီညီေအာင္က ေျပာပါတယ္။

အဲ့ဒီေက်း႐ြာေတြမွာက မိုးေရကိုပဲ ေသာက္သုံးေရအျဖစ္ အဓိကထား သုံးတာျဖစ္ၿပီး လက္ရွိမွာ မိုး႐ြာသြန္းမႈ လုံးဝမရွိတာေၾကာင့္ သဘာဝေရေလွာင္ကန္ေတြမွာ ေရခန္းေျခာက္မႈေတြ ျဖစ္ေနတယ္လို႔ သိရပါတယ္။“ ကြၽန္ေတာ္တို႔ဘက္ကေတာ့ မိုးက လုံးလုံးကို မ႐ြာဘူးဗ်။ မိုးဖြဲဖြဲေလး တစ္ခါႏွစ္ခါက လြဲၿပီး လုံးဝမ႐ြာဘူး။ အဲ့ဒီ ေနရာေတြက ေရက ေႏြကတည္းျပတ္ေနတဲ့ ေနရာေတြေလ။ သူတို႔ကိုယ္တိုင္ ေရေလွာင္ကန္ေတြ ေဆာက္ထား တာေပါ့ေနာ္။ မိုးေရကန္ေတြေဆာက္ထားတာ။ မိုးက လုံးဝမ႐ြာေတာ့ အခုေတာ့ အဲ့ဒီေနရာေတြမွာ ခန္းေျခာက္ၿပီး  ေသာက္သုံးေရေတြ ျပတ္လပ္ေနတယ္။ အဲ့ဒီဘက္ ထန္းပင္ေခ်ာင္းတို႔၊ ႐ြာသာေအးတု႔ိဆိုရင္ အခုက ေတာ္ေတာ္ ဆိုးေနၿပီ။ အခုက ေရလိုတဲ့႐ြာေတြ ေတာ္ေတာ္မ်ား ေနတာေပါ့ေနာ္။ ထန္းပင္ေခ်ာင္းရယ္၊ ႐ြာသာေအး၊ ေက်ာက္သာရယ္၊ ေနာက္ၿပီး ေက်ာက္လွည္းဘီးတို႔ ကေဘာက္ တို႔ေပါ့”လို႔ မီးသတ္ဦးစီးမႉး ဦးညီညီေအာင္က ေျပာပါတယ္။

အဲ့ဒီ ေရျပတ္လပ္ေနတဲ့ ႐ြာေတြအတြက္ ေသာက္သုံးေရရရွိေအာင္ ေရစႀကိဳၿမိဳ႕နယ္မီးသတ္ဦးစီးဌာနအပါအဝင္ နယ္ေျမခံမီးသတ္တပ္ဖြဲ႕ေတြနဲ႔ ေက်း ႐ြာပရဟိတအဖြဲ႕ေတြက သြားေရာက္လႉဒါန္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ၾသဂုတ္လ ၉ ရက္ေန႔၊ မနက္ပိုင္းမွာပဲ ေရစႀကိဳၿမိဳ႕နယ္၊ သရက္ပင္ကန္ေက်း႐ြာအုပ္စု၊ ထန္းပင္ေခ်ာင္းေက်း႐ြာကို ပခန္းႀကီးနယ္ေျမမီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၅ ဦး၊ ေရသယ္ယာဥ္ ၁ စီးတို႔နဲ႔ ေသာက္သုံးေရ သြားေရာက္လႉဒါန္းခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔ကေတာ့ တစ္ရက္ကို တစ္႐ြာတစ္႐ြာေတာ့ သြားေနတာပဲ။ လူဦးေရမ်ားတဲ့ ေနရာဆိုရင္လည္း ပိုသြားရတာေပါ့။ ပရဟိတ အဖြဲ႕ေလးေတြ လည္း သူတို႔ တတ္ႏိုင္သေလာက္ လာလာလႉၾကပါတယ္။ ေပါက္တို႔၊ ေရစႀကိဳတို႔မွာ ေရျပတ္လပ္မႈ ဒိုင္ခံျဖစ္ေနတာ။ အခုက ေပါက္ဘက္မွ မိုး႐ြာသြားေတာ့ အဲ့ဒီဘက္မွာ ဒီေလာက္မျဖစ္ေတာ့ဘူး။ အခုေလာေလာ ဆယ္အေနအထားဆိုရင္ ေရစႀကိဳတစ္ခုပဲ။ ႐ြာေတြမွာျဖစ္ေနတာ”လို႔ ေသာက္သုံးေရလိုအပ္တဲ့ ႐ြာေတြကို ေန႔စဥ္ သြားေရာက္လႉဒါန္းေပးေနတဲ့ ေရစႀကိဳၿမိဳ႕ နယ္မီးတပ္ဖြဲ႕၊ မီးသတ္ဦးစီးမႉး ဦးညီညီေအာင္က ေျပာပါတယ္။

လက္ရွိမွာ ရန္ကုန္လို တိုင္းေဒသႀကီးေတြနဲ႔ မြန္ျပည္နယ္ေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ျမစ္ေရတက္  ေရႀကီးေရလွ်ံမႈေတြျဖစ္ေနေ ပမယ့္ မိုး႐ြာသြန္းမႈနည္းတဲ့ ဒီလို ျမန္မာႏိုင္ငံအလယ္ပိုင္းက ေက်း႐ြာေတြမွာေတာ့ ေသာက္သုံးေရ ျပတ္လပ္မႈဒဏ္ကို ခံစားေနရတာျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၉
ဓာတ္ပုံ- MFSD