ရေပေါက်ဖာလိုက်သည့်အတွက် ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှုပုံမှန်ပြန်ဖြစ်

ရေပေါက်ဖာလိုက်သည့်အတွက် ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှုပုံမှန်ပြန်ဖြစ်

မနေ့က ရေပြတ်တောက်မှုဖြစ်ခဲ့တဲ့ ဓာတ်တော်ချိုင့်ရေတံခွန်က ဒီကနေ့မနက်ပိုင်းမှာပဲ  ရေစီးဆင်းမှု ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်ပါတယ်။"ဖြစ်တာက ရေတံခွန်ရဲ့ဒုတိယဆင့်မှာဖြစ်တာပါ၊ ဒုတိယဆင့်ရေအိုင်မှာ ရေပေါက်ကြီးတစ်ခုဖြစ်နေတယ် အဲဒါကို ဒီနေ့မနက် ၈ နာရီလောက်မှာတွေ့ရလို့ သဲအိတ်တွေဖြည့်ပိတ်လိုက်တယ် နောက်ပြီးတော့ရေစီးဆင်းတဲ့နေရာကိုလည်း လမ်းကြောင်း ထပ်ချဲ့လိုက်တော့ အခုတော့ပုံမှန်ပြန်ဖြစ်သွားပါပြီ" လို့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇ ရွှေဘိုစု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက Opinion Leaders Media ကိုပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းက ဓာတ်တော်ချိုင့်ရေတံခွန် က မနေ့ကရေစီး ဆင်းမှု ရုတ်တရက်ပြတ်တောက်သွားခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာတာမှာ မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူတွေကသွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့မနက်မှာတော့ ပြင်ဦးလွင်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ရှာဖွေစစ်ဆေးမှုအရ ရေတံခွန်ရဲ့ ဒုတိယဆင့် ရေအိုင်ထောင့်အနီးမှာ ရေပေါက်ကြီးတစ်ခုတွေ့ရှိရလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရေပေါက်ကိုပိတ်ဆို့နိုင်ခဲ့တယ်လို့သိရပါတယ်။

"အရင်ကမဖြစ်ဖူးပါဘူး ဒါကြောင့်လည်း ကျွန်တော်တို့ချက်ချင်းပဲအဖြေရှာတယ် တာဝန်ရှိသူတွေ ရဲ့စစ်ဆေးမှုရလာဒ်အရ အဲဒီအပေါက်ကို သဲအိတ်တွေနဲ့ဖြည့်လိုက်တာပါ တာဘိုင် အသုံးပြုလို့ရေပြတ်တောက် တယ်ဆိုတာမဟုတ်ပါဘူး" လို့လည်း ၎င်းကရှင်းပြပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒီကနေ့မနက် ၉ နာရိအချိန်ခန့်ကစလို့ ရေစီဆင်းမှု ပုံမှန်အတိုင်းပြန်ဖြစ်သွား ပြီဖြစ်ပါတယ်။

"ပညာရှင်တွေပူးပေါင်းကွင်းဆင်းပြီး ချက်ချင်းပဲလုပ်နိုင်ခဲ့တာပါ လောလောဆယ်တော့ အဲဒီအပေါက် ကို သဲအိတ်တွေနဲ့ဖြည့်ထားလိုက်ပါပြီ လတ်တလောဆေးမြီးတိုနဲ့ဖြေရှင်းနည်းပေါ့ဗျာ ရေပုံမှန်စီးမှဖြစ် မှာကိုး ကေယလဟလတွေကလည်းထွက်နေတာဆိုတော့ လတ်တလောအဲဒီလိုလုပ်ထားတယ် ပညာရှင်တွေတိုင်ပင်ပြီးဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ဆွေးနွေးသွားကြမှာပါ" လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်း(ပြင်ဦးလွင်မဲဆန္ဒနယ်)က Opinion Leaders Media ကိုပြောပါတယ်။

KT
မန္တလေး၊ သြဂုတ် ၁၂

(  Zawgyi  )

 မေန႔က ေရျပတ္ေတာက္မႈျဖစ္ခဲ့တဲ့ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္က ဒီကေန႔မနက္ပိုင္းမွာပဲ  ေရစီးဆင္းမႈ ပုံမွန္အတိုင္း ျပန္ျဖစ္သြားၿပီျဖစ္ပါတယ္။"ျဖစ္တာက ေရတံခြန္ရဲ႕ဒုတိယဆင့္မွာျဖစ္တာပါ၊ ဒုတိယဆင့္ေရအိုင္မွာ ေရေပါက္ႀကီးတစ္ခုျဖစ္ေနတယ္ အဲဒါကို ဒီေန႔မနက္ ၈ နာရီေလာက္မွာေတြ႕ရလို႔ သဲအိတ္ေတြျဖည့္ပိတ္လိုက္တယ္ ေနာက္ၿပီးေတာ့ေရစီးဆင္းတဲ့ေနရာကိုလည္း လမ္းေၾကာင္း ထပ္ခ်ဲ႕လိုက္ေတာ့ အခုေတာ့ပုံမွန္ျပန္ျဖစ္သြားပါၿပီ" လို႔ ျပင္ဦးလြင္ၿမိဳ႕ ရပ္ကြက္ႀကီး ၁၇ ေ႐ႊဘိုစု ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ေဆြက Opinion Leaders Media ကိုေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ အနီးစခန္းက ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ က မေန႔ကေရစီး ဆင္းမႈ ႐ုတ္တရက္ျပတ္ေတာက္သြားခဲ့တယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာတာမွာ ၿမိဳ႕နယ္ သက္ဆိုင္ရာ တာဝန္ရွိသူေတြကသြားေရာက္စစ္ေဆးခဲ့ပါတယ္။

ဒီကေန႔မနက္မွာေတာ့ ျပင္ဦးလြင္ခ႐ိုင္မီးသတ္တပ္ဖြဲ႕ဝင္ေတြရဲ႕ ရွာေဖြစစ္ေဆးမႈအရ ေရတံခြန္ရဲ႕ ဒုတိယဆင့္ ေရအိုင္ေထာင့္အနီးမွာ ေရေပါက္ႀကီးတစ္ခုေတြ႕ရွိရလို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြ ပူးေပါင္းၿပီး ေရေပါက္ကိုပိတ္ဆို႔ႏိုင္ခဲ့တယ္လို႔သိရပါတယ္။

"အရင္ကမျဖစ္ဖူးပါဘူး ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ခ်က္ခ်င္းပဲအေျဖရွာတယ္ တာဝန္ရွိသူေတြ ရဲ႕စစ္ေဆးမႈရလာဒ္အရ အဲဒီအေပါက္ကို သဲအိတ္ေတြနဲ႔ျဖည့္လိုက္တာပါ တာဘိုင္ အသုံးျပဳလို႔ေရျပတ္ေတာက္ တယ္ဆိုတာမဟုတ္ပါဘူး" လို႔လည္း ၎ကရွင္းျပပါတယ္။ လက္ရွိအေျခအေနမွာေတာ့ ဒီကေန႔မနက္ ၉ နာရိအခ်ိန္ခန႔္ကစလို႔ ေရစီဆင္းမႈ ပုံမွန္အတိုင္းျပန္ျဖစ္သြား ၿပီျဖစ္ပါတယ္။

"ပညာရွင္ေတြပူးေပါင္းကြင္းဆင္းၿပီး ခ်က္ခ်င္းပဲလုပ္ႏိုင္ခဲ့တာပါ ေလာေလာဆယ္ေတာ့ အဲဒီအေပါက္ ကို သဲအိတ္ေတြနဲ႔ျဖည့္ထားလိုက္ပါၿပီ လတ္တေလာေဆးၿမီးတိုနဲ႔ေျဖရွင္းနည္းေပါ့ဗ်ာ ေရပုံမွန္စီးမွျဖစ္ မွာကိုး ေကယလဟလေတြကလည္းထြက္ေနတာဆိုေတာ့ လတ္တေလာအဲဒီလိုလုပ္ထားတယ္ ပညာရွင္ေတြတိုင္ပင္ၿပီးဘယ္လိုဆက္လုပ္ရမယ္ဆိုတာ ေဆြးေႏြးသြားၾကမွာပါ" လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္မင္း(ျပင္ဦးလြင္မဲဆႏၵနယ္)က Opinion Leaders Media ကိုေျပာပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ ၁၂