ရဲ့တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ နာမကျန်းနှင့် မတော်တဆဖြစ်ပါက အချိန်မီဆေးဝါးကုသပေးနိုင်ရန် သူနာပြုတပ်ဖွဲ့ဝင်များခန့်အပ်မည်

ရဲ့တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ နာမကျန်းနှင့် မတော်တဆဖြစ်ပါက အချိန်မီဆေးဝါးကုသပေးနိုင်ရန် သူနာပြုတပ်ဖွဲ့ဝင် များခန့်အပ်မည်

 မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်များနဲ့ မိသားစုဝင်များရဲ့ နာမကျန်းဖြစ်ပွားမှုနှင့် မတော်တဆထိခိုက် ဒဏ်ရာ ရရှိမှုများ ကို အချိန်မီဆေးဝါး ကုသ ဆောင် ရွက်ပေးနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ၊ ကွပ်ကဲမှုအဖွဲ့များ၊ နေပြည် တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များ၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့ရဲ့ ဖွဲ့စည်းပုံများ၌ တပ်ဖွဲ့ ဝင်သူ နာပြု အသင်းအဖွဲ့ဝင်အရာရှိ၊ အခြားအဆင့်များ ထည့်သွင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံခွင့်ပြု ပေးခဲ့ ရာ ဆေးတပ်ဖွဲ့၊ အရာထမ်း ၅ ဦး၊ အမှုထမ်း ၂၆၀၅ ဦး၊ စုစုပေါင်း ၂၆၁၀ ဦးဖြင့် သူနာပြုတပ်ဖွဲ့ဝင်များ ခန့် အပ် တာဝန်ပေး အပ်နိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်းပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ က ပြောပါတယ်။

ယင်းအပြင်ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ရဲအရာရှိ အတက်သင်ကျောင်း၊ ရဲကြပ်အတက်သင် ကျောင်း နှင့် ရဲလေ့ ကျင့်ရေးကျောင်း ၄ ကျောင်း၊ စုစုပေါင်း ရဲလေ့ကျင့်ရေးကျောင်း ၇ ကျောင်းတို့တွင် လေ့ကျင့်ပေးလျှက် ရှိသည့်သင် တန်းသားများ၊ ထိခိုက်ဒါဏ်ရာရရှိမှု၊ နာမကျန်းမှု များဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီကုသ ပေးနိုင်ရန်အ တွက် ကျောင်းဖွဲ့စည်းပုံမှာ ဆေးခန်းကို ထည့်သွင်းထားရှိ ပါကြောင်း၊ရဲလေ့ ကျင့်ရေး ကျောင်းတွင် ဆေးခန်းဖွဲ့ စည်းရန်အတွက် ဆရာဝန် ၇ ဦး၊ ကျန်းမာရေးမှုး ၉ ဦး၊ သူနာပြု ၂၆ ဦး၊ စသည်ဖြင့် စုစုပေါင်း ၉၆ ဦးရှိပြီး အဆိုပါ ဝန်ထမ်းများခန့်အပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်လျှက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ၌ သူနာပြုတပ်ဖွဲ့ဝင်များ ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ၁၆.၁၁.၂၀၁၅ ရက်နေ့မှ စ၍ တက္ကသိုလ်ဝန်ထမ်း အောင်မြင်ပြီးသူ အမျိုး သမီး တပ်ဖွဲ့ဝင်များအား သူနာပြု သားဖွား ဒီပလိုမှာ ၃ နှစ်သင် တန်း သင်တန်းသူ ၂၀၀ ဦး၊ ဘက်စုံသားဖွားဒီပ လိုမာ ၂ နှစ်သင်တန်းသို့ သင်တန်းသူ ၄၄ ဦးကို တက်ရောက် စေခဲ့ပြီး၊ ၎င်း သင်တန်းများမှ သင်တန်းဆင်းလာသည့် အမျိုးသမီးတပ်ဖွဲ့ဝင် ၉၀ ဦးကို သူနာပြုတပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်၍ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ရုံး လုံခြုံရေးရဲတပ်ဖွဲ့များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် ရဲလေ့ကျင့်ကျောင်းများ တွင်တာဝန်ချထားပြီးကျန်းမာရေစောင့်ရှောက်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ရဲဌာနချုပ် ကွပ်ကဲမှုအောက် တွင်ဒုတိယရဲမှူးကြီး ဆရာဝန်ဦးစီးတဲ့ ကုတင် ၅၀ ဆံ့ ရဲဆေးရုံအား အရာထမ်း ၁၂ ဦး၊ အမှုထမ်း ၁၂၆ ဦး စုစုပေါင်း ၁၃၈ ဦးနဲ့ ဖွဲ့စည်းခွင့်ပြုထားပြီးဖြစ်သော်လည်း မြေနေရာ ရရှိမှုမရှိသေးသဖြင့် လက်တလောအခြေ အနေ တွင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားနိုင်ရေးဆောင်ရွက်လျှက်ရှိပါကြောင်း ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူမှပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်ခဲ့သော၊ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၂)ရက်နေ့မြောက်အစီအစဉ်တွင်အလုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့ တပ်ဖွဲ့ဝင်မိ သား စု များ ကျန်းမာရေးဆေးကုသမှုခံယူရန်နှင့် အဆင်ပြေ လွယ်ကူချောမွေ့စွာကုသနိုင်စေရန် ရန်ကုန်-မန္တလေးအစ ရှိတဲ့မြို့ကြီးတွေမှာမြန်မာနိုင်ငံရဲတပ်ဖွဲဆေးရုံဆေးခန်းများတည်ဆောက်ပေးရန်အစီ အစဉ်ရှိ၊မရှိစပ်လျဉ်းသည့် မေးမြန်းမှုအပေါ်ဖြေကြားရာတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊သြဂုတ်-၂၀ 

(  Zawgyi  )

  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွာ တပ္ဖြဲ႕ဝင္မ်ားနဲ႔ မိသားစုဝင္မ်ားရဲ႕ နာမက်န္းျဖစ္ပြားမႈႏွင့္ မေတာ္တဆထိခိုက္ ဒဏ္ရာ ရရွိမႈမ်ား ကို အခ်ိန္မီေဆးဝါး ကုသ ေဆာင္ ႐ြက္ေပးႏိုင္ရန္အတြက္ တပ္ဖြဲ႕ဝင္မ်ား၊ ကြပ္ကဲမႈအဖြဲ႕မ်ား၊ ေနျပည္ ေတာ္၊ တိုင္းေဒသႀကီး၊ ျပည္နယ္ရဲတပ္ဖြဲ႕မ်ား၊ ၿမိဳ႕မရဲစခန္းႏွင့္ နယ္ေျမရဲစခန္းတို႔ရဲ႕ ဖြဲ႕စည္းပုံမ်ား၌ တပ္ဖြဲ႕ ဝင္သူ နာျပဳ အသင္းအဖြဲ႕ဝင္အရာရွိ၊ အျခားအဆင့္မ်ား ထည့္သြင္း၍ ျပည္ေထာင္စုအစိုးရအဖြဲ႕မွ ဖြဲ႕စည္းပုံခြင့္ျပဳ ေပးခဲ့ ရာ ေဆးတပ္ဖြဲ႕၊ အရာထမ္း ၅ ဦး၊ အမႈထမ္း ၂၆၀၅ ဦး၊ စုစုေပါင္း ၂၆၁၀ ဦးျဖင့္ သူနာျပဳတပ္ဖြဲ႕ဝင္မ်ား ခန႔္ အပ္ တာဝန္ေပး အပ္ႏိုင္ရန္စီစဥ္ေဆာင္႐ြက္လွ်က္ရွိပါေၾကာင္းျပည္ထဲေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္သူ က ေျပာပါတယ္။

ယင္းအျပင္ရဲအရာရွိ ေလ့က်င့္ေရးေက်ာင္း၊ ရဲအရာရွိ အတက္သင္ေက်ာင္း၊ ရဲၾကပ္အတက္သင္ ေက်ာင္း ႏွင့္ ရဲေလ့ က်င့္ေရးေက်ာင္း ၄ ေက်ာင္း၊ စုစုေပါင္း ရဲေလ့က်င့္ေရးေက်ာင္း ၇ ေက်ာင္းတို႔တြင္ ေလ့က်င့္ေပးလွ်က္ ရွိသည့္သင္ တန္းသားမ်ား၊ ထိခိုက္ဒါဏ္ရာရရွိမႈ၊ နာမက်န္းမႈ မ်ားျဖစ္ေပၚလာပါက အခ်ိန္ႏွင့္ တေျပးညီကုသ ေပးႏိုင္ရန္အ တြက္ ေက်ာင္းဖြဲ႕စည္းပုံမွာ ေဆးခန္းကို ထည့္သြင္းထားရွိ ပါေၾကာင္း၊ရဲေလ့ က်င့္ေရး ေက်ာင္းတြင္ ေဆးခန္းဖြဲ႕ စည္းရန္အတြက္ ဆရာဝန္ ၇ ဦး၊ က်န္းမာေရးမႈး ၉ ဦး၊ သူနာျပဳ ၂၆ ဦး၊ စသည္ျဖင့္ စုစုေပါင္း ၉၆ ဦးရွိၿပီး အဆိုပါ ဝန္ထမ္းမ်ားခန႔္အပ္ႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနႏွင့္ ညႇိႏႈိင္းေဆာင္ ႐ြက္လွ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕  ၌ သူနာျပဳတပ္ဖြဲ႕ဝင္မ်ား ခန႔္အပ္ တာဝန္ေပးအပ္ႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ ညႇိႏႈိင္းၿပီး ၁၆.၁၁.၂၀၁၅ ရက္ေန႔မွ စ၍ တကၠသိုလ္ဝန္ထမ္း ေအာင္ျမင္ၿပီးသူ အမ်ိဳး သမီး တပ္ဖြဲ႕ဝင္မ်ားအား သူနာျပဳ သားဖြား ဒီပလိုမွာ ၃ ႏွစ္သင္ တန္း သင္တန္းသူ ၂၀၀ ဦး၊ ဘက္စုံသားဖြားဒီပ လိုမာ ၂ ႏွစ္သင္တန္းသို႔ သင္တန္းသူ ၄၄ ဦးကို တက္ေရာက္ ေစခဲ့ၿပီး၊ ၎ သင္တန္းမ်ားမွ သင္တန္းဆင္းလာသည့္ အမ်ိဳးသမီးတပ္ဖြဲ႕ ဝင္ ၉၀ ဦးကို သူနာျပဳတပ္ဖြဲ႕ဝင္အျဖစ္ ခန႔္အပ္၍ လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕႐ုံး လုံၿခဳံေရးရဲတပ္ဖြဲ႕မ်ား၊ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ခြဲႏွင့္ ရဲေလ့က်င့္ေက်ာင္းမ်ား တြင္တာဝန္ခ်ထားၿပီးက်န္းမာေရေစာင့္ေရွာက္ေဆာင္႐ြက္ေပးလွ်က္ရွိပါေၾကာင္း၊ရဲဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တြင္ဒုတိယရဲမႉးႀကီး ဆရာဝန္ဦးစီးတဲ့ ကုတင္ ၅၀ ဆံ့ ရဲေဆး႐ုံအား အရာထမ္း ၁၂ ဦး၊ အမႈထမ္း ၁၂၆ ဦး စုစုေပါင္း ၁၃၈ ဦးနဲ႔ ဖြဲ႕စည္းခြင့္ျပဳထားၿပီးျဖစ္ေသာ္လည္း ေျမေနရာ ရရွိမႈမရွိေသးသျဖင့္ လက္တေလာအေျခ အေန တြင္ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးဘဲ ဆရာဝန္၊ က်န္းမာေရးဝန္ထမ္းမ်ား ခန႔္ထားႏိုင္ေရးေဆာင္႐ြက္လွ်က္ရွိပါေၾကာင္း ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ေအာင္သူမွေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္ခဲ့ေသာ၊ျပည္သူ႔လႊတ္ေတာ္(၁၃)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး(၁၂)ရက္ေန႔ေျမာက္အစီအစဥ္တြင္အလုံမဲဆႏၵနယ္မွ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲလြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားနဲ႔ တပ္ဖြဲ႕ဝင္မိ သား စု မ်ား က်န္းမာေရးေဆးကုသမႈခံယူရန္ႏွင့္ အဆင္ေျပ လြယ္ကူေခ်ာေမြ႕စြာကုသႏိုင္ေစရန္ ရန္ကုန္-မႏၲေလးအစ ရွိတဲ့ၿမိဳ႕ႀကီးေတြမွာျမန္မာႏိုင္ငံ ရဲတပ္ ဖြဲေဆး႐ုံေဆးခန္းမ်ားတည္ေဆာက္ေပးရန္အစီ အစဥ္ရွိ၊မရွိစပ္လ်ဥ္းသည့္ ေမးျမန္းမႈအေပၚေျဖၾကားရာတြင္ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ၾသဂုတ္-၂၀