ရွေးကောက်ပွဲကာလအတွင်း အမုန်းစကားနှင့် သတင်းအမှားများအတွက် Facebook Team နှင့် ပူးပေါင်းဆောင်ရွက်မည်

ရွေးကောက်ပွဲကာလအတွင်း အမုန်းစကားနှင့် သတင်းအမှားများအတွက် Facebook Team နှင့်  ပူးပေါင်းဆောင်ရွက်မည်

ရွေးကောက်ပွဲကာလအတွင်း အမုန်းစကား၊ သတင်းအမှား၊ သတင်းအတုများ ကာကွယ်ရေးအတွက် UEC နှင့် Facebook Team ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူး (USIP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှား ကာကွယ်တားဆီးရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“ကျနော်တို့အပိုင်းက ဘာလုပ်မလဲ ကျနော်တို့ကော်မတီအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ ကျနော်တို့ရဲ့ သတင်းထုတ်ပြန်ချက်၊ အတည်ပြုချက်တွေ၊ ညွှန်ကြားချက်တွေကို လိုအပ်ရင် ပြည်သူသိဖို့ ရုပ်မြင်သံကြားကလွှင့်မယ်။သိပ်အရေးကြီးရင် သတင်းစာကလုပ်မယ်။အဲဒါတွေမှန်သမျှကို ကျနော်တို့ UEC ဝက်ဘ်ဆိုက်မှာ တင်ပါမယ်။အခု ကျွန်တော်တို့ facebook ကို ပြန်သုံးတော့မယ်။ဘာလို့လည်းဆိုတော့ ကျနော်တို့ UEC ဝက်ဘ်ဆိုက် ဆိုတာက တစ်ကယ် ထင်ထင်ရှားရှား သိသိသာသာ သိချင်တဲ့သူ လိုချင်တဲ့သူက ဝက်ဘ်ဆိုက်လိုချင်ရင် download ရှာရပါတယ်။ဝက်ဘ်ဆိုက်ဆိုတာက လူအသုံးနည်းတယ်။facebook က လူတိုင်းလက်ထဲမှာ ဖုန်းရှိတယ်။မိနစ်ပိုင်းနဲ့သိနိုင်တယ်။
ဒါကြောင့်ကျနော်တို့ facebook ကို ပြန်သုံးမယ်၊ သုံးဖို့ စည်းမျဉ်းစည်းကမ်းတွေ ကြီးကြပ်ရေးအဖွဲ့တွေ လုပ်နေပါတယ်။Facebook Team ကုမ္ပဏီတွေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး ဒီလိုအမုန်းစကား၊ သတင်းအမှားတွေကို ဘယ်လိုကာကွယ်မလဲဆိုတာ ဆွေးနွေးထားတယ်။အခု ကျနော်တို့အခုလုပ်နေတာက UEC က အရင်တုန်းက TV တွေ ရေဒီယိုတွေ ဝက်ဘ်ဆိုက်တွေလုပ်တယ်။အခု ကျနော်တို့ facebook သုံးတော့မယ်။အမုန်းစကားတွေ၊ သတင်းအမှားတွေ၊ သတင်းအတုတွေ ကာကွယ်ဖို့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီးပါပြီ။ထို့အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့လည်း ဆွေးနွေးပြီးပါပြီ။ထို့အတူ Facebook Team နဲ့လည်း တွေ့ဆုံပြီးပါပြီ။ကျနော်တို့ သုံးဦးသုံးဖလှယ်ပေါ့။ကျနော်တို့ UEC အပြင်၊ Facebook Team ရယ်၊ ပြန်ကြားရေးဝန်ကြီးဌာနရယ်၊ သတင်းမီဒီယာကောင်စီရယ်၊ (၄) ဦး ဒါတွေမပြန့်ပွားအောင် ကြိုးစားဆောင်ရွက်နေပါပြီ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မှ ပြောပါတယ်။

ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ အကြောင်းအရင်းမှာ ယနေ့ခေတ်ကာလတွင် ဆိုရှယ်မီဒီယာ လူမှုဆက်ဆံရေးကဏ္ဍမှာ အတော်အရေးပါ အရာရောက်လာသည့်အခြေအနေ ဖြစ်နေပါကြောင်း၊ သည်အတွက် သတင်းများကို ဆိုရှယ်မီဒီယာကိုအသုံးပြုနေပြီးတော့ သတင်းများဖြန့်ချီသည့်နေရာတွင် အမုန်းစကားများ၊ သတင်းအတုများ၊ သတင်းအမှားများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များလည်း သတင်းမီဒီယာတွေနဲ့ ဘယ်လိုပူးပေါင်း ကာကွယ်မလည်းဆိုတာကို စုပေါင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဖေ့စ်ဘုတ်သုံးစွဲမှုအနေနနှင့် ၂၀၁၅ ခုနှစ်အတွင်း သုံးစွဲသူသူဦးရေမှာ (၇) သန်းခန့်မျှသာရှိခဲ့ပြီး၊ ယခု ၂၀၂၀ ခုနှစ်တွင် သုံးစွဲသူဦးရေ (၂၁) သန်းရှိပြီး (၃) ဆ များပြားလာပါကြောင်း၊ မဲဆန္ဒရှင် ထက်ဝက်ကျော် ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်သုံးလာသည်ကို တွေ့ရပါကြောင်း၊ သတင်းဆိုသည်မှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်သော်လည်း မှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါကြောင်း၊ ယခင်ခေတ်က ရုပ်မြင်သံကြား TV ၊ သတင်းစာဆိုတာက ထိရောက်မှုနည်းပါကြောင်း၊ နေရာဒေသအားလုံးမှာ ပြည့်ပြည့်စုံစုံမရှိပါကြောင်း၊ အခုအခါ ဟန်းဖုန်းက အိမ်ထောင်စုတိုင်းမှာ အနည်းဆုံးတစ်ခုလောက်ရှိနေသည့်အတွက် သတင်းများအနေနှင့် ဟုတ်တာ ရော မဟုတ်တာရော လူထုထံ ချက်ချင်းမိနစ်ပိုင်းအတွင်းရောက်သွားကြောင်း၊ ယင်းသို့ မိနစ်ပိုင်းအတွင်းရောက်သွားသည့်အတွက် တစ်ကယ်၍များ သတင်းအမှားများ အမုန်းစကားများရောက်သွားပါက အထူးသဖြင့် မဲဆန္ဒရှင်များ ထင်ယောင်ထင်မှားဖြစ်သွားပြီး မိမိတို့ဦးစီးပြီး ကော်မရှင်အဖွဲ့ခွဲအသီးသီး အဆင့်ဆင့်မှ ကျင်းပသည့် ရွေးကောက်ပွဲကြီးမှာ အယုံအကြည်မဲ့သည့် ရွေးကောက်ပွဲကြီးဖြစ်သွားနိုင်သည့်အတွက် အလေးအနက်ထား စဉ်းစားလိုပါကြောင်း၊ ကော်မရှင်အနေနဲ့လည်း စံ (၅) ချက်နှင့်ညီအောင် လုပ်သွားမည်ဖြစ်ပြီး စံ (၅) ချက်ကို ဦးတည်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ ၎င်း စံ (၅) ချက်က ဆိုရှယ်မီဒီယာကြောင့် အများယုံကြည်မှုကျသွားနိုင်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုကျသွားနိုင်ပါကြောင်း၊ သည့်အတွက် မိမိတို့သည့် စံ (၅) ချက်အား အလျှော့မခံနိုင်ပါကြောင်း၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များအနေနှင့် တာဝန်ရှိသူများဖြစ်သည့်အတွက် ဒါကို စံ (၅) ချက်နှင့် ပြည့်အောင်လုပ်သည့်နေရာတွင် အနှောက်အယှက် အတားအဆီး ဆိုရှယ်မီဒီယာမပါအောင် ဘယ်လိုလုပ်မည်းလည်းဆိုတာ ဝိုင်းဝန်းဆွေးနွေး အကြံပေးကြဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်ခြင်းဖြစ်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က ပြောကြားခဲ့ပါတယ်။

ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲအရာရှိများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူး (USIP) မှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်၊

KO
နေပြည်တော်၊ ဇန်နဝါရီ - ၂၁
( Zawgyi )
ေ႐ြးေကာက္ပြဲကာလအတြင္း အမုန္းစကား၊ သတင္းအမွား၊ သတင္းအတုမ်ား ကာကြယ္ေရးအတြက္ UEC ႏွင့္ Facebook Team ၊ ျပန္ၾကားေရးဝန္ႀကီးဌာန၊ သတင္းမီဒီယာေကာင္စီတို႔ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း က ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္၊ မဂၤလာသီရိဟိုတယ္တြင္ ျပဳလုပ္တဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ အေမရိကန္ၿငိမ္းခ်မ္းေရးအင္စတီက်ဴး (USIP) တို႔ ပူးေပါင္းက်င္းပျပဳလုပ္သည့္ အမုန္းစကားႏွင့္ သတင္းတု၊ သတင္းမွား ကာကြယ္တားဆီးေရး စီမံခန႔္ခြဲျခင္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမွာ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

“က်ေနာ္တို႔အပိုင္းက ဘာလုပ္မလဲ က်ေနာ္တို႔ေကာ္မတီအေနနဲ႔ကေတာ့ လက္ရွိအေျခအေနမွာ က်ေနာ္တို႔ရဲ႕ သတင္းထုတ္ျပန္ခ်က္၊ အတည္ျပဳခ်က္ေတြ၊ ၫႊန္ၾကားခ်က္ေတြကို လိုအပ္ရင္ ျပည္သူသိဖို႔ ႐ုပ္ျမင္သံၾကားကလႊင့္မယ္။သိပ္အေရးႀကီးရင္ သတင္းစာကလုပ္မယ္။အဲဒါေတြမွန္သမွ်ကို က်ေနာ္တို႔ UEC ဝက္ဘ္ဆိုက္မွာ တင္ပါမယ္။အခု ကြၽန္ေတာ္တို႔ facebook ကို ျပန္သုံးေတာ့မယ္။ဘာလို႔လည္းဆိုေတာ့ က်ေနာ္တို႔ UEC ဝက္ဘ္ဆိုက္ ဆိုတာက တစ္ကယ္ ထင္ထင္ရွားရွား သိသိသာသာ သိခ်င္တဲ့သူ လိုခ်င္တဲ့သူက ဝက္ဘ္ဆိုက္လိုခ်င္ရင္ download ရွာရပါတယ္။ဝက္ဘ္ဆိုက္ဆိုတာက လူအသုံးနည္းတယ္။facebook က လူတိုင္းလက္ထဲမွာ ဖုန္းရွိတယ္။မိနစ္ပိုင္းနဲ႔သိႏိုင္တယ္။
ဒါေၾကာင့္က်ေနာ္တို႔ facebook ကို ျပန္သုံးမယ္၊ သုံးဖို႔ စည္းမ်ဥ္းစည္းကမ္းေတြ ႀကီးၾကပ္ေရးအဖြဲ႕ေတြ လုပ္ေနပါတယ္။Facebook Team ကုမၸဏီေတြနဲ႔လည္း ေတြ႕ဆုံေဆြးေႏြးၿပီး ဒီလိုအမုန္းစကား၊ သတင္းအမွားေတြကို ဘယ္လိုကာကြယ္မလဲဆိုတာ ေဆြးေႏြးထားတယ္။အခု က်ေနာ္တို႔အခုလုပ္ေနတာက UEC က အရင္တုန္းက TV ေတြ ေရဒီယိုေတြ ဝက္ဘ္ဆိုက္ေတြလုပ္တယ္။အခု က်ေနာ္တို႔ facebook သုံးေတာ့မယ္။အမုန္းစကားေတြ၊ သတင္းအမွားေတြ၊ သတင္းအတုေတြ ကာကြယ္ဖို႔နဲ႔ ျပန္ၾကားေရးဝန္ႀကီးဌာနနဲ႔ ေဆြးေႏြးၿပီးပါၿပီ။ထို႔အတူ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီနဲ႔လည္း ေဆြးေႏြးၿပီးပါၿပီ။ထို႔အတူ Facebook Team နဲ႔လည္း ေတြ႕ဆုံၿပီးပါၿပီ။က်ေနာ္တို႔ သုံးဦးသုံးဖလွယ္ေပါ့။က်ေနာ္တို႔ UEC အျပင္၊ Facebook Team ရယ္၊ ျပန္ၾကားေရးဝန္ႀကီးဌာနရယ္၊ သတင္းမီဒီယာေကာင္စီရယ္၊ (၄) ဦး ဒါေတြမျပန႔္ပြားေအာင္ ႀကိဳးစားေဆာင္႐ြက္ေနပါၿပီ” ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း မွ ေျပာပါတယ္။

ယေန႔ျပဳလုပ္သည့္ အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပရျခင္း၏ အေၾကာင္းအရင္းမွာ ယေန႔ေခတ္ကာလတြင္ ဆိုရွယ္မီဒီယာ လူမႈဆက္ဆံေရးက႑မွာ အေတာ္အေရးပါ အရာေရာက္လာသည့္အေျခအေန ျဖစ္ေနပါေၾကာင္း၊ သည္အတြက္ သတင္းမ်ားကို ဆိုရွယ္မီဒီယာကိုအသုံးျပဳေနၿပီးေတာ့ သတင္းမ်ားျဖန႔္ခ်ီသည့္ေနရာတြင္ အမုန္းစကားမ်ား၊ သတင္းအတုမ်ား၊ သတင္းအမွားမ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ေကာ္မရွင္အဖြဲ႕ခြဲ အဆင့္ဆင့္မွ ပုဂၢိဳလ္မ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားမွ ပုဂၢိဳလ္မ်ားလည္း သတင္းမီဒီယာေတြနဲ႔ ဘယ္လိုပူးေပါင္း ကာကြယ္မလည္းဆိုတာကို စုေပါင္းေဆြးေႏြးသည့္ အလုပ္႐ုံေဆြးေႏြးပြဲျဖစ္ပါေၾကာင္း၊ ေဖ့စ္ဘုတ္သုံးစြဲမႈအေနနႏွင့္ ၂၀၁၅ ခုႏွစ္အတြင္း သုံးစြဲသူသူဦးေရမွာ (၇) သန္းခန႔္မွ်သာရွိခဲ့ၿပီး၊ ယခု ၂၀၂၀ ခုႏွစ္တြင္ သုံးစြဲသူဦးေရ (၂၁) သန္းရွိၿပီး (၃) ဆ မ်ားျပားလာပါေၾကာင္း၊ မဲဆႏၵရွင္ ထက္ဝက္ေက်ာ္ ဆိုရွယ္မီဒီယာ ေဖ့စ္ဘုတ္သုံးလာသည္ကို ေတြ႕ရပါေၾကာင္း၊ သတင္းဆိုသည္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ေရာက္ေသာ္လည္း မွန္မွန္ကန္ကန္ျဖစ္ဖို႔လိုပါေၾကာင္း၊ ယခင္ေခတ္က ႐ုပ္ျမင္သံၾကား TV ၊ သတင္းစာဆိုတာက ထိေရာက္မႈနည္းပါေၾကာင္း၊ ေနရာေဒသအားလုံးမွာ ျပည့္ျပည့္စုံစုံမရွိပါေၾကာင္း၊ အခုအခါ ဟန္းဖုန္းက အိမ္ေထာင္စုတိုင္းမွာ အနည္းဆုံးတစ္ခုေလာက္ရွိေနသည့္အတြက္ သတင္းမ်ားအေနႏွင့္ ဟုတ္တာ ေရာ မဟုတ္တာေရာ လူထုထံ ခ်က္ခ်င္းမိနစ္ပိုင္းအတြင္းေရာက္သြားေၾကာင္း၊ ယင္းသို႔ မိနစ္ပိုင္းအတြင္းေရာက္သြားသည့္အတြက္ တစ္ကယ္၍မ်ား သတင္းအမွားမ်ား အမုန္းစကားမ်ားေရာက္သြားပါက အထူးသျဖင့္ မဲဆႏၵရွင္မ်ား ထင္ေယာင္ထင္မွားျဖစ္သြားၿပီး မိမိတို႔ဦးစီးၿပီး ေကာ္မရွင္အဖြဲ႕ခြဲအသီးသီး အဆင့္ဆင့္မွ က်င္းပသည့္ ေ႐ြးေကာက္ပြဲႀကီးမွာ အယုံအၾကည္မဲ့သည့္ ေ႐ြးေကာက္ပြဲႀကီးျဖစ္သြားႏိုင္သည့္အတြက္ အေလးအနက္ထား စဥ္းစားလိုပါေၾကာင္း၊ ေကာ္မရွင္အေနနဲ႔လည္း စံ (၅) ခ်က္ႏွင့္ညီေအာင္ လုပ္သြားမည္ျဖစ္ၿပီး စံ (၅) ခ်က္ကို ဦးတည္ၿပီး က်င္းပတာျဖစ္ပါေၾကာင္း၊ ၎ စံ (၅) ခ်က္က ဆိုရွယ္မီဒီယာေၾကာင့္ အမ်ားယုံၾကည္မႈက်သြားႏိုင္ပါေၾကာင္း၊ ပြင့္လင္းျမင္သာမႈက်သြားႏိုင္ပါေၾကာင္း၊ သည့္အတြက္ မိမိတို႔သည့္ စံ (၅) ခ်က္အား အေလွ်ာ့မခံႏိုင္ပါေၾကာင္း၊ တက္ေရာက္လာသည့္ ပုဂၢိဳလ္မ်ားအေနႏွင့္ တာဝန္ရွိသူမ်ားျဖစ္သည့္အတြက္ ဒါကို စံ (၅) ခ်က္ႏွင့္ ျပည့္ေအာင္လုပ္သည့္ေနရာတြင္ အေႏွာက္အယွက္ အတားအဆီး ဆိုရွယ္မီဒီယာမပါေအာင္ ဘယ္လိုလုပ္မည္းလည္းဆိုတာ ဝိုင္းဝန္းေဆြးေႏြး အႀကံေပးၾကဖို႔ အလုပ္႐ုံေဆြးေႏြးပြဲလုပ္ျခင္းျဖစ္ပါေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း က ေျပာၾကားခဲ့ပါတယ္။

ယေန႔က်င္းပျပဳလုပ္သည့္ အလုပ္႐ုံေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ အဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီး ျပည္နယ္ အသီးသီးမွ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒မ်ား၊ ေ႐ြးေကာက္ပြဲအရာရွိမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ အေမရိကန္ၿငိမ္းခ်မ္းေရးအင္စတီက်ဴး (USIP) မွ တာဝန္ရွိသူမ်ား၊ တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါတယ္၊

KO
ေနျပည္ေတာ္၊ ဇန္နဝါရီ - ၂၁