ရွှေတိဂုံဘုရား သို့လာရောက်လည်ပတ်ရင်း ကျပ် တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခြင်းခံရသည့် နိုင်ငံခြားသားများ အာမခံရရှိ

ရွှေတိဂုံဘုရား သို့လာရောက်လည်ပတ်ရင်း ကျပ် တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခြင်းခံရသည့် နိုင်ငံခြားသားများ အာမခံရရှိ

ရွှေတိဂုံဘုရား သို့လာရောက်လည်ပတ်ရင်း ကျပ် တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခြင်းခံရသည့် စင်္ကာပူ နိုင်ငံသား ၁ ဦး နှင့် ထိုင်းနိုင်ငံသူ တစ်ဦးတို့၏ အမှုကို ယနေ့ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် စစ်ဆေး ကြားနာခဲ့ပြီး အာမခံ နှစ်ဦး စလုံးအား အာမခံခွင့်ပြု ပေးခဲ့ပါတယ်။

စင်္ကာပူနိုင်ငံသား Mr-Chin Kuo Kuang အား သိန်းတစ်ရာတန် အာမခံဖြင့် အာမခံ ပေးခဲ့ကြောင်း လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေက ပြောကြားခဲ့ပါတယ်။ “ ဒီနေ့ အာမခံပေးလိုက်တယ်။ကျန်းမာရေးအကြောင်းပြချက်အရ ။သံရုံးကလည်း ဒီအတွက် ထောက်ခံချက် ပေးတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာ စင်္ကာပူ သံအမတ်ကြီးကိုယ်တိုင် လာတယ်။ သိန်း ၁၀၀ တန် ခံဝန်နဲ့ ပေးတယ်” လို့ တရားရုံးစစ်ဆေးမှု အပြီး ပြောကြားခဲ့ပါတယ်။

အဆိုပါ အမှုသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ် ပြည်ပ အခွန် ကောက်ခံရေး ကောင်တာသို့ စင်္ကာပူနိုင်ငံသား Mr-Chin Kuo Kuang နှင့် ဇနီးဖြစ်သူ Mrs.Lin Bee Fun တို့ သည် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု သုံးရွက် ဖြင့် အခွန်ပေးဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ် နိုင်သည့် နိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှု ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။

အဆိုပါ ငွေစက္ကူအတုများကို စင်္ကာပူနိုင်ငံရှိ တရားဝင်ငွေလွှဲကောင်တာမှ လဲလှယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ သုံး ငွေစက္ကူများအား ရင်နှီး ကျွမ်းဝင်မှု မရှိခြင်း၊ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ရောက်ဖူး ခြင်းဖြစ် ကြောင်း ရုံးတော်သို့ စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေမှတင်ပြခဲ့ပြီး  Mrs.Lin Bee Fun အား ဒီဇင်ဘာလ ၁၄ ရက်နေ့က သိန်း ၁၀၀ တန် ခံဝန်ဖြင့် အာမခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဒီဇင်ဘာလ ၄ ရက် နေ့က ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် ပြည်ပ အခွန်ကောက်ခံရေး ကောင်တာတွင် ထိုင်းနိုင်ငံသူ Miss Kantika ထံမှ ကျပ် တစ်သောင်တန် ငွေစက္ကူအတု ၅ ရွက်ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးရာ ငွေစက္ကူအတု စုစုပေါင်း ၄၁ ရွက် အား ရှာဖွေ တွေရှိခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် လှစ်ကာ အနောက်ပိုင်းခရိုင်တရားရုံး အမှု တင်ပို့ခဲ့ပြီး တရားရုံးမှ  အာမခံ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ တစ်သောင်းတန် ငွေစက္ကူများသည် ထိုင်းနိုင်ငံရှိ တရားဝင် ငွေလဲ ကောင်တာမှ လဲလှယ်ခဲ့ခြင်း ဖြစ်ကြောင်း၊သာမန် ခရီးသွားတစ်ဦး အနေဖြင့် သုံးစွဲရန် ဆောင်ယူနိုင်သည့် ပမာဏ သာဖြစ်ကြောင်း လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေက ပြန်လှန်မေးခွန်များ မေးမြန်းခဲ့ပါတယ်။
အဆိုပါ အမှု မှ တရားလို ပြ သက်သေများ အားလုံးကို ယနေ့ ရုံးချိန်းတွင် စစ်ဆေးမှု ပြီးဆုံးခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် စွဲချင်တင်ရန် သင့် မသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)

ရန်ကုန်၊ဒီဇင်ဘာ ၁၇  

(  Zawgyi  )

 ေ႐ႊတိဂုံဘုရား သို႔လာေရာက္လည္ပတ္ရင္း က်ပ္ တစ္ေသာင္းတန္ေငြစကၠဴအတုမ်ားျဖင့္ ဖမ္းဆီးျခင္းခံရသည့္ စကၤာပူ ႏိုင္ငံသား ၁ ဦး ႏွင့္ ထိုင္းႏိုင္ငံသူ တစ္ဦးတို႔၏ အမႈကို ယေန႔ ဒီဇင္ဘာလ ၁၇ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ အေနာက္ပိုင္း ခ႐ိုင္တရား႐ုံးတြင္ စစ္ေဆး ၾကားနာခဲ့ၿပီး အာမခံ ႏွစ္ဦး စလုံးအား အာမခံခြင့္ျပဳ ေပးခဲ့ပါတယ္။

စကၤာပူႏိုင္ငံသား Mr-Chin Kuo Kuang အား သိန္းတစ္ရာတန္ အာမခံျဖင့္ အာမခံ ေပးခဲ့ေၾကာင္း လိုက္ပါေဆာင္႐ြက္တဲ့ ေရွ႕ေနက ေျပာၾကားခဲ့ပါတယ္။ “ ဒီေန႔ အာမခံေပးလိုက္တယ္။က်န္းမာေရးအေၾကာင္းျပခ်က္အရ ။သံ႐ုံးကလည္း ဒီအတြက္ ေထာက္ခံခ်က္ ေပးတယ္။ျမန္မာႏိုင္ငံလုံးဆိုင္ရာ စကၤာပူ သံအမတ္ႀကီးကိုယ္တိုင္ လာတယ္။ သိန္း ၁၀၀ တန္ ခံဝန္နဲ႔ ေပးတယ္” လို႔ တရား႐ုံးစစ္ေဆးမႈ အၿပီး ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အမႈသည္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔က ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္မုဒ္ ျပည္ပ အခြန္ ေကာက္ခံေရး ေကာင္တာသို႔ စကၤာပူႏိုင္ငံသား Mr-Chin Kuo Kuang ႏွင့္ ဇနီးျဖစ္သူ Mrs.Lin Bee Fun တို႔ သည္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အတု သုံး႐ြက္ ျဖင့္ အခြန္ေပးေဆာင္စဥ္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်မွတ္ ႏိုင္သည့္ ႏိုင္ငံေတာ္ ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈ ရင္ဆိုင္ခဲ့ရျခင္းျဖစ္ပါတယ္။

အဆိုပါ ေငြစကၠဴအတုမ်ားကို စကၤာပူႏိုင္ငံရွိ တရားဝင္ေငြလႊဲေကာင္တာမွ လဲလွယ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ျမန္မာ ႏိုင္ငံ သုံး ေငြစကၠဴမ်ားအား ရင္ႏွီး ကြၽမ္းဝင္မႈ မရွိျခင္း၊ ပထမဆုံးအႀကိမ္ ျမန္မာႏိုင္ငံသို႔ေရာက္ဖူး ျခင္းျဖစ္ ေၾကာင္း ႐ုံးေတာ္သို႔ စြပ္စြဲခံရသူမ်ားဘက္မွ လိုက္ပါေဆာင္႐ြက္တဲ့ ေရွ႕ေနမွတင္ျပခဲ့ၿပီး  Mrs.Lin Bee Fun အား ဒီဇင္ဘာလ ၁၄ ရက္ေန႔က သိန္း ၁၀၀ တန္ ခံဝန္ျဖင့္ အာမခံ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

အလားတူ ဒီဇင္ဘာလ ၄ ရက္ ေန႔က ေ႐ႊတိဂုံေစတီေတာ္ အေရွ႕ဘက္မုဒ္ ျပည္ပ အခြန္ေကာက္ခံေရး ေကာင္တာတြင္ ထိုင္းႏိုင္ငံသူ Miss Kantika ထံမွ က်ပ္ တစ္ေသာင္တန္ ေငြစကၠဴအတု ၅ ႐ြက္ကို သိမ္းဆည္းရမိခဲ့ၿပီး ဆက္လက္စစ္ေဆးရာ ေငြစကၠဴအတု စုစုေပါင္း ၄၁ ႐ြက္ အား ရွာေဖြ ေတြရွိခဲ့ပါတယ္။ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမႈဖြင့္ လွစ္ကာ အေနာက္ပိုင္းခ႐ိုင္တရား႐ုံး အမႈ တင္ပို႔ခဲ့ၿပီး တရား႐ုံးမွ  အာမခံ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ပါတယ္။

အဆိုပါ တစ္ေသာင္းတန္ ေငြစကၠဴမ်ားသည္ ထိုင္းႏိုင္ငံရွိ တရားဝင္ ေငြလဲ ေကာင္တာမွ လဲလွယ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊သာမန္ ခရီးသြားတစ္ဦး အေနျဖင့္ သုံးစြဲရန္ ေဆာင္ယူႏိုင္သည့္ ပမာဏ သာျဖစ္ေၾကာင္း လိုက္ပါေဆာင္႐ြက္တဲ့ ေရွ႕ေနက ျပန္လွန္ေမးခြန္မ်ား ေမးျမန္းခဲ့ပါတယ္။
အဆိုပါ အမႈ မွ တရားလို ျပ သက္ေသမ်ား အားလုံးကို ယေန႔ ႐ုံးခ်ိန္းတြင္ စစ္ေဆးမႈ ၿပီးဆုံးခဲ့ၿပီး ဒီဇင္ဘာလ ၂၀ ရက္ေန႔ တြင္ စြဲခ်င္တင္ရန္ သင့္ မသင့္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ ၾကားနာ စစ္ေဆးမွာ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)

ရန္ကုန္၊ဒီဇင္ဘာ ၁၇