ရွှေဘိုတွင် အရက်ကြောင်နေသူက အိပ်ပျော်နေသည့် မိသားစုကို ဓားမဖြင့်ဝင်ခုတ်မှုကြောင့် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရွှေဘိုတွင် အရက်ကြောင်နေသူက အိပ်ပျော်နေသည့် မိသားစုကို ဓားမဖြင့်ဝင်ခုတ်မှုကြောင့် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က အိပ်ပျော်နေသည့် မိသားစုကို အရက်ကြောင်နေသူက ဓားမဖြင့် ဝင်ခုတ်မှုကြောင့် ၁ ဦးသေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက် နံနက် ၄ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာနေ ဦးဖိုးတုတ် (၅၀) နှစ်သည် ၎င်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ နေအိမ်၌ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် အရက်ကြောင်နေသူ အောင်လင်း(ခ)ကိုလင်း (၄၆) နှစ် ရောက်ရှိလာပြီး အသင့်ပါလာသော အရိုးအသွား ၂ ပေ ခန့် ဓားမဖြင့်ခုတ်ရာ ဦးဖိုးတုတ်တွင် ဦးခေါင်း/နဖူး/လည်ပင်း/ ရင်ညွန့်/ဝမ်းဗိုက်/ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ ၁၇ ချက်ဖြင့် သေဆုံးခဲ့ပြီး ဦးဖိုးတုတ်၏သား ဝဏ္ဏအောင် (၁၃) နှစ်တွင် ဝဲလက်ဖျံပြတ်ရှဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဖိုးတုတ်၏ ဇနီးဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး  ရွှေဘိုမြို့မရဲစခန်း (ပ) ၆၃၉/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ၊ လူသတ်မှု/ထက်သောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှုတို့ဖြင့် အောင်လင်း(ခ)ကိုလင်း အား အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရွှေဘို၊ ဇူလိုင် - ၂၃

( Zawgyi )

ေရႊဘိုၿမိဳ႕နယ္တြင္ ဇူလိုင္လ ၂၂ ရက္ေန႔က အိပ္ေပ်ာ္ေနသည့္ မိသားစုကို အရက္ေၾကာင္ေနသူက ဓားမျဖင့္ ဝင္ခုတ္မႈေၾကာင့္ ၁ ဦးေသ ဆုံးၿပီး ၁ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၂၂ ရက္ နံနက္ ၄ နာရီ ၂၀ မိနစ္ အခ်ိန္ခန႔္တြင္ ေရႊဘိုၿမိဳ႕နယ္၊ ပလိုင္းေက်းရြာေန ဦးဖိုးတုတ္ (၅၀) ႏွစ္သည္ ၎ေက်းရြာ၏ အေနာက္ဘက္ ၁ မိုင္ခန႔္အကြာရွိ ေနအိမ္၌ မိသားစုႏွင့္အတူ အိပ္ေပ်ာ္ေနစဥ္ အရက္ေၾကာင္ေနသူ ေအာင္လင္း(ခ)ကိုလင္း (၄၆) ႏွစ္ ေရာက္ရွိလာၿပီး အသင့္ပါလာေသာ အရိုးအသြား ၂ ေပ ခန႔္ ဓားမျဖင့္ခုတ္ရာ ဦးဖိုးတုတ္တြင္ ဦးေခါင္း/နဖူး/လည္ပင္း/ ရင္ညြန႔္/ဝမ္းဗိုက္/ ဝဲလက္ဖ်ံ ျပတ္ရွဒဏ္ရာ ၁၇ ခ်က္ျဖင့္ ေသဆုံးခဲ့ၿပီး ဦးဖိုးတုတ္၏သား ဝဏၰေအာင္ (၁၃) ႏွစ္တြင္ ဝဲလက္ဖ်ံျပတ္ရွဒဏ္ရာ ၁ ခ်က္ (မစိုးရိမ္ရ) ရရွိခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးဖိုးတုတ္၏ ဇနီးျဖစ္သူမွ တရားလိုျပဳလုပ္ တိုင္တန္းခဲ့ၿပီး  ေရႊဘိုၿမိဳ႕မရဲစခန္း (ပ) ၆၃၉/ ၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၃၂၆ ၊ လူသတ္မႈ/ထက္ေသာလက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈတို႔ျဖင့္ ေအာင္လင္း(ခ)ကိုလင္း အား အမႈဖြင့္ဖမ္းဆီးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေရႊဘို၊ ဇူလိုင္ - ၂၃