ရှမ်းမြောက်ရှိ ဖျက်ဆီးခံခဲ့ရသော တံတားများပြန်လည်တည်ဆောက်ရေးအတွက် ဒုတိယဝန်ကြီး သွားရောက်

ရှမ်းမြောက်ရှိ ဖျက်ဆီးခံခဲ့ရသော တံတားများပြန်လည်တည်ဆောက်ရေးအတွက် ဒုတိယဝန်ကြီး သွားရောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဖျက်ဆီးခံခဲ့ရသည့် တံတားများ ပြန်လည်တည်ဆောက်ရေးအတွက် သြဂုတ်လ ၁၉ ရက်နေ့က လမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီး ဦးကျော်လင်း သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကျော်လင်းသည်ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ၊လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းက ဂုတ်တွင်းတံတားမှ လားရှိုးမြို့သို့ မော်တော် ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လမ်းဦးစီးဌာန မှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လားရှိုး - သိန္နီ - ကွမ်းလုံ လမ်းပေါ်ရှိ ဗုံးခွဲဖျက်ဆီးခြင်းခံရ၍ ပျက်စီးသွားသောတံတား(၃)စင်း နေရာတွင် ယာယီဘေလီ တံတားများအမြန်ဆုံး ပြန်လည် တည်ဆောက်ရေးအတွက်ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ဆိုပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ က နောင်ချို နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းတံတား ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီး လားရှိုး - သိန္နီ - ကွမ်းလုံ လမ်းပေါ်ရှိ တံတား ၃ စင်း ထပ်မံဖျက်ဆီးခံခဲ့ရခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်စီး ဆင်းမှုများ ရပ်ဆိုင်းလျှက်ရှိပါတယ်။

မင်းထွန်း(အုတ်ကျင်း)
လားရှိုး ၊ သြဂုတ် ၂၀
ဓာတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

(  Zawgyi  )

 ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ဖ်က္ဆီးခံခဲ့ရသည့္ တံတားမ်ား ျပန္လည္တည္ေဆာက္ေရးအတြက္ ၾသဂုတ္လ ၁၉ ရက္ေန႔က လမ္းဦးစီးဌာန တာဝန္ရွိသူမ်ားႏွင့္ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္း သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းသည္ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား ၊ေဆာက္လုပ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ၊လမ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ၊ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္အတူ ၾသဂုတ္လ ၁၉ ရက္ နံနက္ပိုင္းက ဂုတ္တြင္းတံတားမွ လားရႈိးၿမိဳ႕သို႔ ေမာ္ေတာ္ ယာဥ္ျဖင့္ သြားေရာက္ခဲ့ၿပီး ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ လမ္းဦးစီးဌာန မွတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံကာ လားရႈိး - သိႏၷီ - ကြမ္းလုံ လမ္းေပၚရွိ ဗုံးခြဲဖ်က္ဆီးျခင္းခံရ၍ ပ်က္စီးသြားေသာတံတား(၃)စင္း ေနရာတြင္ ယာယီေဘလီ တံတားမ်ားအျမန္ဆုံး ျပန္လည္ တည္ေဆာက္ေရးအတြက္ေဆြးေႏြးညႇိႏႈိင္းခဲ့တယ္လို႔ဆိုပါတယ္။

ၾသဂုတ္လ ၁၅ ရက္ေန႔ က ေနာင္ခ်ိဳ ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းတံတား ဗုံးခြဲဖ်က္ဆီးခံခဲ့ရၿပီး လားရႈိး - သိႏၷီ - ကြမ္းလုံ လမ္းေပၚရွိ တံတား ၃ စင္း ထပ္မံဖ်က္ဆီးခံခဲ့ရျခင္းေၾကာင့္ ခရီးသည္ႏွင့္ ကုန္စည္စီး ဆင္းမႈမ်ား ရပ္ဆိုင္းလွ်က္ရွိပါတယ္။

မင္းထြန္း(အုတ္က်င္း)
လားရႈိး ၊ ၾသဂုတ္ ၂၀
ဓာတ္ပုံ - ေဆာက္လုပ္ေရးဝန္ႀကီးဌာန