လမ်းရေကျော်ခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု အခက်အခဲများ ရှိနေသော်လည်း ဈေးနှုန်းများ မြင့်တက်မှု မရှိသေးဟုဆို

လမ်းရေကျော်ခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု အခက်အခဲများ ရှိနေသော်လည်း ဈေးနှုန်းများ မြင့်တက်မှု မရှိသေးဟုဆို

အခုရက်ပိုင်းထဲမှာ မိုးသည်းထန်တဲ့ဖြစ်ရပ်တွေကြောင့် လမ်းရေကျော်ကာ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းတွေ အတွက် အခက်အခဲတွေကြုံပေမယ့် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်တဲ့ အခြေအနေ မျိုးမရှိသေးဘူးလို့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။

“မူဆယ်ဘက် လမ်းကြောက တစ်ဖက်ဈေးကွက်ကို ပို့ဆောင်ရတာအခက်အခဲကြုံနေတဲ့အချိန်မှာ ဘားအံ၊ မြဝတီ၊ မော်လမြိုင်ဘက်က လမ်းသာလာတဲ့အပြင် ဈေးကွက်အနေအထားကလည်း ကောင်းလာတော့ ဒီဘက်မှာ ကုန်စည်စီးဆင်းမှု ပိုရှိလာတယ်၊ ဒီလိုအခြေအနေမှာပဲ လမ်းရေကျော် တာတို့ဘာတို့ ကြုံရရော”လို့ သူကပြောပြပါတယ်။ ထိုမြန်မာနိုင်ငံအောက်ပိုင်းဘက်ကို ကုန်စည် ပို့ဆောင် တဲ့အခါ ဘားအံလမ်းကြောမှာ ဂျိုင်းမြစ်ရေမြင့်တက်မှုကြောင့် နာရီပိုင်းလောက် လမ်းပိတ် ဆို့မှု ကြုံခဲ့ရသလို လတ်တလောတွင် တနင်္သာရီ ဘက်အခြမ်း ရေး-ထားဝယ် လမ်းတွင် ပိတ်ဆို့မှုများ ရှိနေကြောင်း သိရပါတယ်။

“လောလောဆယ်မှာ ဈေးမမြင့်တက် သေးဘူးဆိုတာကလည်း သိုလှောင်စရာ အခက်အခဲတွေကြောင့် ကုန်သည်တွေအများစုက သိုလှောင်တာမျိုးသိပ်မရှိတာတွေကြောင့်လည်း ပါမယ် ထင် တယ်၊ နောက်တစ်ခုက ပိတ်ဆို့တာကလည်း နာရီပိုင်းလောက်ပဲဆိုတော့ သိပ်မသိသာဘူးလေ၊ မိုးတွင်းမှာ ကျွန်တော်တို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေအနေနဲ့ ကျဆင်းချိန်မှာ အခုလိုဖြစ်တော့ သိပ်ပြီးလည်း မသိသာတဲ့ အခြေအနေမျိုးကြောင့် ဖြစ်ပါတယ်၊ ဒါပေမဲ့ အချိန်ကြာလာရင်တော့ မြင့်တက်လာမယ်လို့ ယူဆရပါတယ်”လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင် ဦးနေလင်းက ရှင်းပြပါတယ်။

ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံကနေ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိနယ်မြို့တွေဆီကို အပြန်အလှန် ကုန်စည် ပို့ဆောင်မှုတွေလုပ်ကိုင်နေသလို လတ်တလောမှာ ဘားအံ-မြဝတီလမ်းပိုင်းကနေ ထိုင်းဘက် အခြမ်းကို အများဆုံးပို့ဆောင်လုပ်ကိုင်နေရတဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၁၂

(  Zawgyi  )

 အခုရက္ပိုင္းထဲမွာ မိုးသည္းထန္တဲ့ျဖစ္ရပ္ေတြေၾကာင့္ လမ္းေရေက်ာ္ကာ ကုန္စည္ပို႔ေဆာင္မႈ လုပ္ငန္းေတြ အတြက္ အခက္အခဲေတြႀကဳံေပမယ့္ ကုန္စည္ေဈးႏႈန္းေတြ ျမင့္တက္တဲ့ အေျခအေန မ်ိဳးမရွိေသးဘူးလို႔ ျမန္မာႏိုင္ငံ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးက်င္သိန္းက ေျပာပါတယ္။

“မူဆယ္ဘက္ လမ္းေၾကာက တစ္ဖက္ေဈးကြက္ကို ပို႔ေဆာင္ရတာအခက္အခဲႀကဳံေနတဲ့အခ်ိန္မွာ ဘားအံ၊ ျမဝတီ၊ ေမာ္လၿမိဳင္ဘက္က လမ္းသာလာတဲ့အျပင္ ေဈးကြက္အေနအထားကလည္း ေကာင္းလာေတာ့ ဒီဘက္မွာ ကုန္စည္စီးဆင္းမႈ ပိုရွိလာတယ္၊ ဒီလိုအေျခအေနမွာပဲ လမ္းေရေက်ာ္ တာတို႔ဘာတို႔ ႀကဳံရေရာ”လို႔ သူကေျပာျပပါတယ္။ ထိုျမန္မာႏိုင္ငံေအာက္ပိုင္းဘက္ကို ကုန္စည္ ပို႔ေဆာင္ တဲ့အခါ ဘားအံလမ္းေၾကာမွာ ဂ်ိဳင္းျမစ္ေရျမင့္တက္မႈေၾကာင့္ နာရီပိုင္းေလာက္ လမ္းပိတ္ ဆို႔မႈ ႀကဳံခဲ့ရသလို လတ္တေလာတြင္ တနသၤာရီ ဘက္အျခမ္း ေရး-ထားဝယ္ လမ္းတြင္ ပိတ္ဆို႔မႈမ်ား ရွိေနေၾကာင္း သိရပါတယ္။

“ေလာေလာဆယ္မွာ ေဈးမျမင့္တက္ ေသးဘူးဆိုတာကလည္း သိုေလွာင္စရာ အခက္အခဲေတြေၾကာင့္ ကုန္သည္ေတြအမ်ားစုက သိုေလွာင္တာမ်ိဳးသိပ္မရွိတာေတြေၾကာင့္လည္း ပါမယ္ ထင္ တယ္၊ ေနာက္တစ္ခုက ပိတ္ဆို႔တာကလည္း နာရီပိုင္းေလာက္ပဲဆိုေတာ့ သိပ္မသိသာဘူးေလ၊ မိုးတြင္းမွာ ကြၽန္ေတာ္တို႔ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းေတြအေနနဲ႔ က်ဆင္းခ်ိန္မွာ အခုလိုျဖစ္ေတာ့ သိပ္ၿပီးလည္း မသိသာတဲ့ အေျခအေနမ်ိဳးေၾကာင့္ ျဖစ္ပါတယ္၊ ဒါေပမဲ့ အခ်ိန္ၾကာလာရင္ေတာ့ ျမင့္တက္လာမယ္လို႔ ယူဆရပါတယ္”လို႔ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းပိုင္ရွင္ ဦးေနလင္းက ရွင္းျပပါတယ္။

ရန္ကုန္ၿမိဳ႕က ဘုရင့္ေနာင္ပြဲ႐ုံကေန ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိနယ္ၿမိဳ႕ေတြဆီကို အျပန္အလွန္ ကုန္စည္ ပို႔ေဆာင္မႈေတြလုပ္ကိုင္ေနသလို လတ္တေလာမွာ ဘားအံ-ျမဝတီလမ္းပိုင္းကေန ထိုင္းဘက္ အျခမ္းကို အမ်ားဆုံးပို႔ေဆာင္လုပ္ကိုင္ေနရတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၁၂