လာမည့်ရွေးကောက်ပွဲတွင် အများတောင့်တနေသည့်ရွေးကောက်ပွဲဖြစ်အောင် စံ (၅) ချက်နှင့်အညီဆောင်ရွက်နေ
လာမည့်ရွေးကောက်ပွဲတွင် အများတောင့်တနေသည့်ရွေးကောက်ပွဲဖြစ်အောင် စံ (၅) ချက်နှင့်အညီဆောင်ရွက်နေ
လာမည့်ရွေးကောက်ပွဲတွင်မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးခွင့်ရရေး၊မဲပေးခွင့်မဆုံးရှုံရအောင်၊အများ တောင့်တနေသည့်ရွေးကောက်ပွဲဖြစ်အောင်စံ(၅)ချက်နှင့်အညီဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်မှပြောပါတယ်။
ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ပြုလုပ်သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်း ဖြစ်ပါ တယ်။
“ကျနော်တို့ဟာပြည့်စုံမှန်ကန်တဲ့မဲစာရင်းတွေဖြစ်အောင်ပြုစုနေတယ်။အခုလည်းဘဲမဲစာရင်းမှာပါတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေပေါ့။ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူအားလုံးမဲစာရင်းမှာပါဝင်ရေး၊နောက်ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူအားလုံးဆန္ဒမဲပေးနိုင်အောင်ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အစီအစဉ်တွေကိုလည်းအစဉ်သဖြင့်ဆွေးနွေးပြီး ဒါတွေလည်းဆောင်ရွက်နေပါတယ်။ဥပမာဆိုရင်ထိုင်းနိုင်ငံဘန်ကောက်ဆိုယင်အားလုံးအများသိတဲ့အတိုင်းဘဲ ကျနော်တို့နိုင်ငံသားတွေတော်တော်များရှိနေတယ်။ဒီအားလုံးမဲပေးပိုင်ခွင့်ရှိတဲ့သူအားလုံးမဲပေးခွင့်ရအောင်မ ဆုံးရှုံးအောင်ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာလဲဘဲကျနော်တို့ကဆွေးနွေးညှိ့နှိုင်းနေတယ်။ဆွေးနွေးဆဲဖြစ် တယ်၊။အဲဒါကိုကျနော်တို့အားလုံးမဲပေးနိုင်အောင်ကျနော်တို့နောက်ဆုံးမဖြစ်မနေဘယ်လိုနည်းနဲ့မဲပေးလို့ရမလဲ ဆိုပြီးဆောင်ရွက်မှာကိုအစီအစဉ်ရှိပါတယ်။အားလုံးမဲပေးနိုင်ရေးပေါ့” ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်မှပြောကြားခဲ့ပါတယ်။
လာမည့်ရွေးကောက်ပွဲကာလမှာအခြားသောပါတီများမှရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်ပြောဆိုမှုများရှိလာပါကမည်သို့ကိုင်းတွယ်ဖြေရှင်းသွားမည်ကိုသိချင်ပါကြောင်းသတင်းသမားများမှမေးမြန်းသည့်အခါ”မိမိတို့အပေါ်ရွေးကောက်ပွဲပိုပြီးနီးလာလေပြောကြတာတွေရှိသော်လည်းမိမိတို့အနေနှင့်မိမိတို့လုပ်ငန်းအတိုင်း စိုက်စိုက်မတ်မတ်ရည်ရွယ်ထားသည့်အတိုင်းမတိမ်းမစောင်းရအောင်စံ(၅)ချက်နှင့်အညီစံပြလုပ်ဆောင် သွားမည် ဖြစ်ပါကြောင်းမိမိတို့လုပ်ဆောင်ချက်သည်မိမိတို့၏သမိုင်းဖြစ်ကြောင်း၊ဝေဖန်မှုသည်နိုင်ငံတကာတွင်လည်းရှိပါကြောင်းဝေဖန်မှုတွင်အတိုင်းအတာရှိပါကြောင်း၊အတိုင်းအတာထဲကနေပိုပြီးဖြစ်လာပါကတစ်မျိုးဖြစ်ပါကြောင်း၊သို့သော်လည်းမိမိတို့ဦးတည်ချက်မှာဥပဒေနှင့်အညီလွတ်လပ်ရမည်မျှတရမည်၊အများအမြင်ပွင့်လင်းမြင်သာမှုရှိ ရမည်၊မဲဆန္ဒရှင်ပြည်သူတွေဆန္ဒနဲ့မဲဟာတစ်ထပ်တည်းဖြစ်စေရမည်ဖြစ်ပါကြေင်း၊ စံ(၅)ချက်ကိုဦးတည်၍ မတိမ်း မစောင်းအောင်ဆောင်ရွက်နေပါကြောင်း၊အများအမြင်တွင်ယခုရွေးကောက်ပွဲသည်ပိုမိုပြီးပွင့်လင်းလာသည်ဟုယူဆရမည့်၊နိုင်ငံသားအားလုံးတောင်တနေသည့်ရွေးကောက်ပွဲချောမောအောင်မြင်ဖို့စံ(၅)ချက်နှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်မှ ထည့်သွင်းပြောကြားခဲ့ပါတယ်။
KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၂၀
( Zawgyi )
KO