လာမထုတ်သည့် ထီဆုငွေများ သိမ်းယူခြင်းမှာ အစိုးရမှအမြတ်ကြီးစားခြင်းမဟုတ်ဟု စီမံ/ဘဏ္ဍာ ဒု- ဝန်ကြီးမှပြောကြား

လာမထုတ်သည့် ထီဆုငွေများ သိမ်းယူခြင်းမှာ အစိုးရမှအမြတ်ကြီးစားခြင်းမဟုတ်ဟု စီမံ/ဘဏ္ဍာ ဒု- ဝန်ကြီးမှပြောကြား

ထုတ်ယူခြင်းမပြုသောထီဆုငွေများကိုဘဏ္ဍာသိမ်းရယူခြင်းမှာအစိုးရမှအမြတ်ကြီးစားခြင်းမဟုတ် ကြောင်းစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းမှပြောကြားခဲ့ပါတယ်။ ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ် မြောက်ပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့ အစီအစဉ်တွင်၂၀၁၈/၂၀၁၉ဘဏ္ဍာရေးနှစ်ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း များ၏ဒုတိယ(၆)လပတ် အခွန်ရငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်အစီအရင်ခံအပေါ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ရှင်လင်းရာတွင် ထဲ့သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“အောင်ဘာလေသိန်းဆုခွန်ကို ၁၉၃၈ခုနှစ်ကစတင်ခဲ့ပြီး နိုင်ငံတော်အစိုးရက စီးပွားရေးလုပ်ငန်း တစ်ရပ် အဖြစ်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အခွန်ကောက်ခံခြင်းစနစ် တစ်ရပ်အဖြစ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊အောင်ဘာလေသိန်းဆုခွန်နှင့် စပ်လျဉ်း၍ နှစ်စဉ်ရငွေ လျာထားချက်ပြုလုပ်ရာတွင် လစဉ်ထုတ်ဝေရန် လျာထားတဲ့ ထီစာ အုပ်ရေ အရရရှိနိုင်သည့် ပမာဏ၊ လာရောက် ထုတ်ယူခြင်းမရှိသည့် ထီဆုငွေများမှ နိုင်ငံတော်အတွက် ပြန်ရနိုင်တဲ့ ပမာဏနှစ်ရပ်ပေါင်းပြီး တွက်ချက်ရပါတယ်။ ထုတ်ယူခြင်းမပြုသော ထီဆုငွေကို ဘဏ္ဍာသိမ်းရယူခြင်းနှင့်စပ်လျဉ်း ၍ အိုင်ယာလန်ထီတွင် ရက်ပေါင်း(၉၀)အတွင်း၊ ယူရိုမီလီယန်ထီတွင် ရက်ပေါင်း(၁၈၀)အတွင်း ရယူသည်ကို တွေ့ရှိ ရပါတယ်။

အောင်ဘာလေသိန်းဆုတွင် တစ်နှစ်ပြည့်သည်အထိ လာရောက်ထုတ်ယူခြင်းမပြုမှသာ အခွန်ဘဏ္ဍာအဖြစ် ရယူခြင်းဖြစ်ပါတယ်၊ အခွန်ရယူပြီးသည့်အခါ အများအတွက် ပိုမိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။အစိုးရကအမြတ်ကြီးစာခြင်းမဟုတ်ပါ။ ယခုအခါ ဘဏ္ဍာသိမ်းငွေ မှ ဆုမဲပြန်လည်ချီးမြင့်ခြင်း အစီအစဉ်ကို ၂၀၁၈-၂၀၁၉ဘဏ္ဍာရေး နှစ် (၅) ကြိမ်မြောက် (၁၀၀၀) ကျပ်တန် ထီဖွင့်ပွဲမှ စတင်၍ နိုင်ငံတော်ဘဏ္ဍာ သိမ်းရငွေ(၂၅၀)သန်းအား ဆုမဲများ ထပ်မံ ထည့်သွင်းချီးမြှင့် ပေးလျက်ရှိပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ ရှင်လင်းပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၈

(  Zawgyi  )

 ထုတ္ယူျခင္းမျပဳေသာထီဆုေငြမ်ားကိုဘ႑ာသိမ္းရယူျခင္းမွာအစိုးရမွအျမတ္ႀကီးစားျခင္းမဟုတ္ ေၾကာင္းစီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းမွေျပာၾကားခဲ့ပါတယ္။ ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ ေျမာက္ပုံမွန္အစည္းအေဝး(၁၅)ရက္ေျမာက္ေန႔ အစီအစဥ္တြင္၂၀၁၈/၂၀၁၉ဘ႑ာေရးႏွစ္ျပည္ေထာင္စုဝန္ႀကီးဌာန/ အဖြဲ႕အစည္း မ်ား၏ဒုတိယ(၆)လပတ္ အခြန္ရေငြမ်ားႏွင့္စပ္လ်ဥ္း၍ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထား မွတ္အစီအရင္ခံအေပၚလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခ်က္မ်ားအေပၚ ရွင္လင္းရာတြင္ ထဲ့သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

“ေအာင္ဘာေလသိန္းဆုခြန္ကို ၁၉၃၈ခုႏွစ္ကစတင္ခဲ့ၿပီး ႏိုင္ငံေတာ္အစိုးရက စီးပြားေရးလုပ္ငန္း တစ္ရပ္ အျဖစ္ေဆာင္႐ြက္ျခင္းမ်ိဳး မဟုတ္ဘဲ အခြန္ေကာက္ခံျခင္းစနစ္ တစ္ရပ္အျဖစ္ေဆာင္႐ြက္ျခင္း ျဖစ္ပါတယ္၊ေအာင္ဘာေလသိန္းဆုခြန္ႏွင့္ စပ္လ်ဥ္း၍ ႏွစ္စဥ္ရေငြ လ်ာထားခ်က္ျပဳလုပ္ရာတြင္ လစဥ္ထုတ္ေဝရန္ လ်ာထားတဲ့ ထီစာ အုပ္ေရ အရရရွိႏိုင္သည့္ ပမာဏ၊ လာေရာက္ ထုတ္ယူျခင္းမရွိသည့္ ထီဆုေငြမ်ားမွ ႏိုင္ငံေတာ္အတြက္ ျပန္ရႏိုင္တဲ့ ပမာဏႏွစ္ရပ္ေပါင္းၿပီး တြက္ခ်က္ရပါတယ္။ ထုတ္ယူျခင္းမျပဳေသာ ထီဆုေငြကို ဘ႑ာသိမ္းရယူျခင္းႏွင့္စပ္လ်ဥ္း ၍ အိုင္ယာလန္ထီတြင္ ရက္ေပါင္း(၉၀)အတြင္း၊ ယူ႐ိုမီလီယန္ထီတြင္ ရက္ေပါင္း(၁၈၀)အတြင္း ရယူသည္ကို ေတြ႕ရွိ ရပါတယ္။

ေအာင္ဘာေလသိန္းဆုတြင္ တစ္ႏွစ္ျပည့္သည္အထိ လာေရာက္ထုတ္ယူျခင္းမျပဳမွသာ အခြန္ဘ႑ာအျဖစ္ ရယူျခင္းျဖစ္ပါတယ္၊ အခြန္ရယူၿပီးသည့္အခါ အမ်ားအတြက္ ပိုမိုသုံးစြဲႏိုင္မွာျဖစ္ပါတယ္။အစိုးရကအျမတ္ႀကီးစာျခင္းမဟုတ္ပါ။ ယခုအခါ ဘ႑ာသိမ္းေငြ မွ ဆုမဲျပန္လည္ခ်ီးျမင့္ျခင္း အစီအစဥ္ကို ၂၀၁၈-၂၀၁၉ဘ႑ာေရး ႏွစ္ (၅) ႀကိမ္ေျမာက္ (၁၀၀၀) က်ပ္တန္ ထီဖြင့္ပြဲမွ စတင္၍ ႏိုင္ငံေတာ္ဘ႑ာ သိမ္းရေငြ(၂၅၀)သန္းအား ဆုမဲမ်ား ထပ္မံ ထည့္သြင္းခ်ီးျမႇင့္ ေပးလ်က္ရွိပါေၾကာင္း ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း မွ ရွင္လင္းေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ ၂၈