လိမ့်နေအောင် အနိုင်ကျင့်ခံနေရတာ ဒီမိုကရေစီ၊ လိမ့်နေအောင်အနိုင်ကျင့်ခံနေရတာ ပြည်သူတွေ ဟု ဒေါက်တာမြတ်ဉာဏစိုးမှပြော။

လိမ့်နေအောင် အနိုင်ကျင့်ခံနေရတာ ဒီမိုကရေစီ၊  လိမ့်နေအောင်အနိုင်ကျင့်ခံနေရတာ ပြည်သူတွေ ဟု ဒေါက်တာမြတ်ဉာဏစိုး မှပြော။

ဒီမိုကရေစီအနိုင်ကျင့်မှုတော့မသိ၊ဒီမိုကရေစီကိုဘဲအနိုင်ကျင့်ခံနေရတာလိမ့်နေ အောင်ပြည်သူတွေအနိုင်ကျင့်ခံနေရဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးမှပြောပါတယ်။  ယနေ့ပြုလုပ်သည့်၊ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (၂၄)ရက်မြောက်အစည်းအဝေးအပြီး ယနေ့မဲ့ခွဲဆုံးဖြတ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၊ ပုဒ်မခွဲများနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားရာတွင်သတင်းထောက်များအား ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"ဒီမိုကရေစီ အနိုင်ကျင့်တယ်ဆိုတဲ့စကား၊ ဒီမိုကရေစီအနိုင်ကျင့်တယ် ဆိုတာက ဘယ်နိုင်ငံမှာမဆို သမ္မတရွေးကောက်ပွဲဖြစ်ဖြစ်၊ ဘယ်လိုဘဲဖြစ်ဖြစ် အများစုရဲ့ မဲဆန္ဒနဲ့သွားတာ။အဲ့ဒါဒီမိုကရေစီရဲ့Principalဘဲ။ မဲအနည်းစုရတဲ့သူက အောင်နိုင်တယ်ဆိုတာ တစ်ခါမှ မကြားဘူးဘူး။အဲ့တော့ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတဲ့ဝေါဟာရကြီးကလည်း ဒီဖက်ခေတ်မှာကျမှ ပေါ်လာတာပေါ့နော်။ဒါကြီးကိုလည်း နားမလည်ဘူး။အဲတော့ဒီနေရာကနေထပ်ပြောဦးမယ်။ကျနော့ရဲ့စိတ်ခံစားချက် ကျနော်တို့ဖြတ်သန်းလာတဲ့နှစ်တွေ ကျနော်တို့ဆိုမြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ လူလားမြောက်ခဲ့ရတာပေါ့။အဲ့အခါကျတော့ ၁၉၆၂ခုနှစ်ကနေ စပြီး တွက်မယ်ဆိုယင် နှစ်ပေါင်း များစွာ ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတာတော့ သေချာမသိဘူး။ဒီမိုကရေစီကိုဘဲ အနိုင်ကျင့်ခံနေရတာ လိမ့်နေအောင်ပြည်သူတွေက အနိုင်ကျင့်ခံနေရ တာ နှစ်ပေါင်းကိုများလှပြီ။နှစ်ပေါင်း(၅၀)နဲ့ရပ်မလား၊(၂၆)နှစ်နဲ့ရပ်မလား။ (၂၆)နှစ်နဲ့လည်းမရပ်ဘူး(၅၀)နဲ့လည်း မရပ်ဘူး၊(၆၀)နဲ့လည်း မရပ်ဘူး။

ကျနော်တို့ကတော့ မမှိတ်မသုန် ဦးလည်မသုန် ဆက်ပြီးကြိုးစားနေဦးမှာဘဲ။ အနိုင်ကျင့်ခံနေရတဲ့ ဒီမိုကရေစီကို အားလုံးပြည်သူ့ ဆန္ဒဟာ တစ်ကယ့်ပြည်သူ့ဆန္ဒပြည်ဝတဲ့ နေ့တစ်နေ့ကို ရောက်အောင်ကိုကတော့ မလျော့သောဇွဲလုံးလနဲ့ဆက်သွားနေဦးမှာဘဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဒါကိုဘဲ စိုက်လိုက်မတ်တပ်ကြိုးပမ်းနေတာဘဲ။ကျနော်တို့  NLDပါတီအနေနဲ့လည်း ဒါကိုဘဲ စိုက်လိုက်မတ်တပ် ကြိုးစားနေတာဘဲ။ အဲ့တော့ပြည်သူတွေရဲ့စိတ်ဆန္ဒကိုလည်းနားလည်ပါတယ်။ပြည်သူတွေယူကျုံးမရဖြစ်နေတာကိုလည်းနားလည်ပါတယ်။ ဒါပေမဲ့ကျနော်တို့လက်တွဲဖို့လိုမယ်၊စည်းလုံးဖို့လိုမယ်။ ကျနော်တို့ရဲ့စိတ်ဆန္ဒတွေမပျက်သွားဘူး။ ကျနော်တို့ကို အခြားအကြောင်း အရာတွေနဲ့ ဖိနှိပ်လို့ရကောင်းရလိမ့်မယ်။ တစ်ယောက်တစ်ယောက်ချင်းစီရဲ့ ရင်ထဲအသည်းထဲမှာရှိတဲ့ စိတ်ဆန္ဒ တွေကို ဘယ်သူမှဖိနှိပ် လို့မရဘူး။အဲဒီအင်အားတွေနဲ့ ဘဲရှေ့ဆက်ပြီးတော့ချီတက်ဖို့ဘဲရှိပါတယ်" ဟု ဒေါက်တာမြတ်ဉာဏစိုးမှ ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော် ၊ မတ် ၁၇

(  Zawgyi  )

 ဒီမိုကေရစီအႏိုင္က်င့္မႈေတာ့မသိ၊ဒီမိုကေရစီကိုဘဲအႏိုင္က်င့္ခံေနရတာလိမ့္ေန ေအာင္ျပည္သူေတြအႏိုင္က်င့္ခံေနရဟု အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာျမတ္ဉာဏစိုးမွေျပာပါတယ္။  ယေန႔ျပဳလုပ္သည့္၊ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး (၂၄)ရက္ေျမာက္အစည္းအေဝးအၿပီး ယေန႔မဲ့ခြဲဆုံးျဖတ္ခဲ့သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ၊ ပုဒ္မခြဲမ်ားႏွင့္ ပတ္သက္၍ ေမးျမန္းမႈ အေပၚျပန္လည္ေျဖၾကားရာတြင္သတင္းေထာက္မ်ားအား ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"ဒီမိုကေရစီ အႏိုင္က်င့္တယ္ဆိုတဲ့စကား၊ ဒီမိုကေရစီအႏိုင္က်င့္တယ္ ဆိုတာက ဘယ္ႏိုင္ငံမွာမဆို သမၼတေ႐ြးေကာက္ပြဲျဖစ္ျဖစ္၊ ဘယ္လိုဘဲျဖစ္ျဖစ္ အမ်ားစုရဲ႕ မဲဆႏၵနဲ႔သြားတာ။အဲ့ဒါဒီမိုကေရစီရဲ႕Principalဘဲ။ မဲအနည္းစုရတဲ့သူက ေအာင္ႏိုင္တယ္ဆိုတာ တစ္ခါမွ မၾကားဘူးဘူး။အဲ့ေတာ့ဒီမိုကေရစီအႏိုင္က်င့္မႈဆိုတဲ့ေဝါဟာရႀကီးကလည္း ဒီဖက္ေခတ္မွာက်မွ ေပၚလာတာေပါ့ေနာ္။ဒါႀကီးကိုလည္း နားမလည္ဘူး။အဲေတာ့ဒီေနရာကေနထပ္ေျပာဦးမယ္။က်ေနာ့ရဲ႕စိတ္ခံစားခ်က္ က်ေနာ္တို႔ျဖတ္သန္းလာတဲ့ႏွစ္ေတြ က်ေနာ္တို႔ဆိုျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္မွာ လူလားေျမာက္ခဲ့ရတာေပါ့။အဲ့အခါက်ေတာ့ ၁၉၆၂ခုႏွစ္ကေန စၿပီး တြက္မယ္ဆိုယင္ ႏွစ္ေပါင္း မ်ားစြာ ဒီမိုကေရစီအႏိုင္က်င့္မႈဆိုတာေတာ့ ေသခ်ာမသိဘူး။ဒီမိုကေရစီကိုဘဲ အႏိုင္က်င့္ခံေနရတာ လိမ့္ေနေအာင္ျပည္သူေတြက အႏိုင္က်င့္ခံေနရ တာ ႏွစ္ေပါင္းကိုမ်ားလွၿပီ။ႏွစ္ေပါင္း(၅၀)နဲ႔ရပ္မလား၊(၂၆)ႏွစ္နဲ႔ရပ္မလား။ (၂၆)ႏွစ္နဲ႔လည္းမရပ္ဘူး(၅၀)နဲ႔လည္း မရပ္ဘူး၊(၆၀)နဲ႔လည္း မရပ္ဘူး။

က်ေနာ္တို႔ကေတာ့ မမွိတ္မသုန္ ဦးလည္မသုန္ ဆက္ၿပီးႀကိဳးစားေနဦးမွာဘဲ။ အႏိုင္က်င့္ခံေနရတဲ့ ဒီမိုကေရစီကို အားလုံးျပည္သူ႔ ဆႏၵဟာ တစ္ကယ့္ျပည္သူ႔ဆႏၵျပည္ဝတဲ့ ေန႔တစ္ေန႔ကို ေရာက္ေအာင္ကိုကေတာ့ မေလ်ာ့ေသာဇြဲလုံးလနဲ႔ဆက္သြားေနဦးမွာဘဲ။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ဒါကိုဘဲ စိုက္လိုက္မတ္တပ္ႀကိဳးပမ္းေနတာဘဲ။က်ေနာ္တို႔  NLDပါတီအေနနဲ႔လည္း ဒါကိုဘဲ စိုက္လိုက္မတ္တပ္ ႀကိဳးစားေနတာဘဲ။ အဲ့ေတာ့ျပည္သူေတြရဲ႕စိတ္ဆႏၵကိုလည္းနားလည္ပါတယ္။ျပည္သူေတြယူက်ဳံးမရျဖစ္ေနတာကိုလည္းနားလည္ပါတယ္။ ဒါေပမဲ့က်ေနာ္တို႔လက္တြဲဖို႔လိုမယ္၊စည္းလုံးဖို႔လိုမယ္။ က်ေနာ္တို႔ရဲ႕စိတ္ဆႏၵေတြမပ်က္သြားဘူး။ က်ေနာ္တို႔ကို အျခားအေၾကာင္း အရာေတြနဲ႔ ဖိႏွိပ္လို႔ရေကာင္းရလိမ့္မယ္။ တစ္ေယာက္တစ္ေယာက္ခ်င္းစီရဲ႕ ရင္ထဲအသည္းထဲမွာရွိတဲ့ စိတ္ဆႏၵ ေတြကို ဘယ္သူမွဖိႏွိပ္ လို႔မရဘူး။အဲဒီအင္အားေတြနဲ႔ ဘဲေရွ႕ဆက္ၿပီးေတာ့ခ်ီတက္ဖို႔ဘဲရွိပါတယ္" ဟု ေဒါက္တာျမတ္ဉာဏစိုးမွ ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္ ၊ မတ္ ၁၇