လုပ်အားခမရရှိမှု၊ ဥပဒေနှင့်အညီ နို့တစ်ကြေးနှင့် နစ်နာကြေးများ မရရှိဘဲ အလုပ်ထုတ်ပယ်ခြင်း ခံရသည်ဆိုသော စက်ရုံ ၄ ခုမှ အလုပ်သမားများက သတင်းစာရှင်းလင်း

လုပ်အားခမရရှိမှု၊ ဥပဒေနှင့်အညီ နို့တစ်ကြေးနှင့် နစ်နာကြေးများ မရရှိဘဲ အလုပ်ထုတ်ပယ်ခြင်း ခံရသည်ဆိုသော စက်ရုံ ၄ ခုမှ အလုပ်သမားများက သတင်းစာရှင်းလင်း

လုပ်အားခမရရှိမှု၊ ဥပဒေနှင့်အညီ နို့တစ်ကြေးနှင့် နစ်နာကြေးများ မရရှိဘဲ အလုပ်ထုတ်ပယ်ခြင်း ခံရသည်ဆိုသော စက်ရုံ ၄ ခုမှ အလုပ်သမားများက ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ လမ်း ၅၀ ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

နာမည်ကျော် ကုန်အမှတ်တံဆိပ် ထုတ်လုပ်သည့် Myanmar Infocaham စက်ရုံတွင် အလုပ်သမားဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရခြင်း၊ MDM (ဖိနပ်စက်ရုံ) မှ အလုပ်သမား ၄၅ ဦး၏ ဥပဒေပါ ကြားကာလ နစ်နာကြေး၊ နို့တစ်ကြေး၊ နစ်နာကြေးများ မရရှိမှုနှင့် Central Star (အထည်ချုပ်စက်ရုံ) မှ အလုပ်သမား ၄၅၆ ဦးတို့ လုပ်အားခ မရရှိမှု၊ ဥပဒေနှင့်အညီ နို့တစ်ကြေးနှင့် နစ်နာကြေးများ မရရှိမှု အပါအဝင် Nisho (အထည်ချုပ်စက်ရုံ) က တနင်္ဂနွေ ရုံးပိတ်ရက်တွင် အလုပ်မဆင်းသည့်အတွက် အလုပ်ထုတ်ပယ်ခဲ့ခြင်းတို့အတွက် နစ်နာသူ အလုပ်သမားများက ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျွန်မတို့က ဝန်ကြီးချုပ်ဆီကို တိုင်စာပို့ခဲ့တယ်၊ တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးကိုလည်း တိုင်စာတွေ ပို့ထားတယ်။အဲ့ဒါကို ဖြေရှင်းမပေးသေးပါဘူး၊ သူတို့အနေနဲ့ ဒီဥစ္စာကို ကျွန်မတို့ကို အမြန်ဆုံးဖြေရှင်းမပေးဘူးဆိုရင်တော့ ကျွန်မတို့ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေ စုပေါင်းပြီး ဝန်ကြီးချုပ်ဆီကို သွားရောက်ပြီး ဒီကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုသွားပါမယ်။ကျွန်မတို့ စက်ရုံက အလုပ်သမား ၄၀၀ ကျော်ကို လုပ်ခလစာ ရှင်းပေးမယ်ဆိုပြီး ခြောက်လကျော်သွားပြီ အခုထိမရှင်းမပေးသေးဘူး၊ အရမ်းအခက်အခဲဖြစ်ပါတယ်။ကျွန်မတို့ အလုပ်လိုက်လျှောက်ရင်လည်း ဘယ်စက်ရုံကမှ အလုပ်မခန့်ပါဘူး။အလုပ်မရှိတော့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိပါတယ်။အခုက နစ်နာကြေးမပြောနဲ့ လုပ်ခလစာတောင် တစ်ပြားမှ မရသေးပါဘူး။” လို့ Central Star (အထည်ချုပ်စက်ရုံ) ကနေ အလုပ်ထုတ်ပယ်ခြင်း ခံထားရသူ မခင်မျိုးမျိုးချော က ပြောပါတယ်။

ဒါ့အပြင် အရပ်ဖက်တရားရုံးများမှ အလုပ်သမားအမှုများအပေါ် ကျွမ်းကျင်မှု နည်းပါးခြင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးတွင် ဥပဒေရှိပြီးသားကို ညှိနှိုင်းနေခြင်းတို့ကြောင့် အလုပ်သမားနစ်နာမှုများမှာ ဆိုးရွားလာတယ်လို့လည်း သတင်းစာရှင်လင်းပွဲ ပြုလုပ်ခဲ့သည့် အလုပ်သမားများက ဆိုပါတယ်။

“စက်ရုံမှာ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အောက်ခြေမှာ ဘာတွေဖြစ်နေလဲဆိုတာကို အပေါ်ပိုင်းလူကြီးတွေအထိ သိအောင်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာပါ။စက်ရုံ ၄ ရုံက အလုပ်သမားတွေကို နှစ်ဘက်ညှိနှိုင်းတယ်ဆိုတဲ့ ကာလမှာဘဲ အလုပ်ထုတ်လိုက်တာပါ။ပြောရရင် အလုပ်သမား ဥပဒေအရ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ထုတ်လို့ မရဘူးဆိုတာကို သိစေချင်တာပါ။” လို့ Action Labor Rights အဖွဲ့မှ ကိုစိုင်းယုမောင် ကပြောပါတယ်။

ထို အလုပ်ရှင်၊ အလုပ်သမား ပြဿနာများဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအပေါ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံသို့ တိုင်စာပေးပို့ တင်ပြထားသော်လည်း ထူးခြားမှုမရှိသည့်အတွက် စက်ရုံ ၄ ခုမှ အလုပ်သမားများက စုပေါင်း၍ ယခုလာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးသို့ သွားရောက်ကာ ယင်းကိစ္စရပ်များကို ပြေလည်အောင်ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်လို့လည်း Myanmar Infocaham စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်း ခံထားရသည့် မသင်းသင်းအေး က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

လုပ္အားခမရရွိမႈ၊ ဥပေဒႏွင့္အညီ ႏို႔တစ္ေၾကးႏွင့္ နစ္နာေၾကးမ်ား မရရွိဘဲ အလုပ္ထုတ္ပယ္ျခင္း ခံရသည္ဆိုေသာ စက္႐ုံ ၄ ခုမွ အလုပ္သမားမ်ားက ဒီကေန႔ ဒီဇင္ဘာ ၁၄ ရက္၊ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕၊ လမ္း ၅၀ ရွိ ျမန္မာဂ်ာနယ္လစ္ကြန္ရက္ ႐ုံးခန္းမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

နာမည္ေက်ာ္ ကုန္အမွတ္တံဆိပ္ ထုတ္လုပ္သည့္ Myanmar Infocaham စက္႐ုံတြင္ အလုပ္သမားဖြဲ႕စည္းမႈေၾကာင့္ အလုပ္ထုတ္ခံရျခင္း၊ MDM (ဖိနပ္စက္႐ုံ) မွ အလုပ္သမား ၄၅ ဦး၏ ဥပေဒပါ ၾကားကာလ နစ္နာေၾကး၊ ႏို႔တစ္ေၾကး၊ နစ္နာေၾကးမ်ား မရရွိမႈႏွင့္ Central Star (အထည္ခ်ဳပ္စက္႐ုံ) မွ အလုပ္သမား ၄၅၆ ဦးတို႔ လုပ္အားခ မရရွိမႈ၊ ဥပေဒႏွင့္အညီ ႏို႔တစ္ေၾကးႏွင့္ နစ္နာေၾကးမ်ား မရရွိမႈ အပါအဝင္ Nisho (အထည္ခ်ဳပ္စက္႐ုံ) က တနဂၤေႏြ ႐ုံးပိတ္ရက္တြင္ အလုပ္မဆင္းသည့္အတြက္ အလုပ္ထုတ္ပယ္ခဲ့ျခင္းတို႔အတြက္ နစ္နာသူ အလုပ္သမားမ်ားက ဒီကေန႔ သတင္းစာရွင္းလင္းပြဲကို ျပဳလုပ္ရျခင္း ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ကြၽန္မတို႔က ဝန္ႀကီးခ်ဳပ္ဆီကို တိုင္စာပို႔ခဲ့တယ္၊ တိုင္းေဒသႀကီး အလုပ္သမားဝန္ႀကီးကိုလည္း တိုင္စာေတြ ပို႔ထားတယ္။အဲ့ဒါကို ေျဖရွင္းမေပးေသးပါဘူး၊ သူတို႔အေနနဲ႔ ဒီဥစၥာကို ကြၽန္မတို႔ကို အျမန္ဆုံးေျဖရွင္းမေပးဘူးဆိုရင္ေတာ့ ကြၽန္မတို႔ စက္႐ုံမွာရွိတဲ့ အလုပ္သမားေတြ စုေပါင္းၿပီး ဝန္ႀကီးခ်ဳပ္ဆီကို သြားေရာက္ၿပီး ဒီကိစၥရပ္ေတြကို ေျဖရွင္းေပးဖို႔ ေတာင္းဆိုသြားပါမယ္။ကြၽန္မတို႔ စက္႐ုံက အလုပ္သမား ၄၀၀ ေက်ာ္ကို လုပ္ခလစာ ရွင္းေပးမယ္ဆိုၿပီး ေျခာက္လေက်ာ္သြားၿပီ အခုထိမရွင္းမေပးေသးဘူး၊ အရမ္းအခက္အခဲျဖစ္ပါတယ္။ကြၽန္မတို႔ အလုပ္လိုက္ေလွ်ာက္ရင္လည္း ဘယ္စက္႐ုံကမွ အလုပ္မခန႔္ပါဘူး။အလုပ္မရွိေတာ့ မိသားစုစားဝတ္ေနေရးအတြက္ အခက္အခဲရွိပါတယ္။အခုက နစ္နာေၾကးမေျပာနဲ႔ လုပ္ခလစာေတာင္ တစ္ျပားမွ မရေသးပါဘူး။” လို႔ Central Star (အထည္ခ်ဳပ္စက္႐ုံ) ကေန အလုပ္ထုတ္ပယ္ျခင္း ခံထားရသူ မခင္မ်ိဳးမ်ိဳးေခ်ာ က ေျပာပါတယ္။

ဒါ့အျပင္ အရပ္ဖက္တရား႐ုံးမ်ားမွ အလုပ္သမားအမႈမ်ားအေပၚ ကြၽမ္းက်င္မႈ နည္းပါးျခင္း၊ ၿမိဳ႕နယ္ညႇိႏႈိင္းဖ်န္ေျဖေရးတြင္ ဥပေဒရွိၿပီးသားကို ညႇိႏႈိင္းေနျခင္းတို႔ေၾကာင့္ အလုပ္သမားနစ္နာမႈမ်ားမွာ ဆိုး႐ြားလာတယ္လို႔လည္း သတင္းစာရွင္လင္းပြဲ ျပဳလုပ္ခဲ့သည့္ အလုပ္သမားမ်ားက ဆိုပါတယ္။

“စက္႐ုံမွာ အလုပ္သမားေတြ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ ေအာက္ေျခမွာ ဘာေတြျဖစ္ေနလဲဆိုတာကို အေပၚပိုင္းလူႀကီးေတြအထိ သိေအာင္လို႔ ဒီကေန႔ သတင္းစာရွင္းလင္းပြဲကို ျပဳလုပ္ရတာပါ။စက္႐ုံ ၄ ႐ုံက အလုပ္သမားေတြကို ႏွစ္ဘက္ညႇိႏႈိင္းတယ္ဆိုတဲ့ ကာလမွာဘဲ အလုပ္ထုတ္လိုက္တာပါ။ေျပာရရင္ အလုပ္သမား ဥပေဒအရ အလုပ္သမားသမဂၢ ေခါင္းေဆာင္ေတြကို အလုပ္ထုတ္လို႔ မရဘူးဆိုတာကို သိေစခ်င္တာပါ။” လို႔ Action Labor Rights အဖြဲ႕မွ ကိုစိုင္းယုေမာင္ ကေျပာပါတယ္။

ထို အလုပ္ရွင္၊ အလုပ္သမား ျပႆနာမ်ားျဖစ္ပြားခဲ့သည့္ ကိစၥရပ္မ်ားအေပၚ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံသို႔ တိုင္စာေပးပို႔ တင္ျပထားေသာ္လည္း ထူးျခားမႈမရွိသည့္အတြက္ စက္႐ုံ ၄ ခုမွ အလုပ္သမားမ်ားက စုေပါင္း၍ ယခုလာမယ့္ ဒီဇင္ဘာ ၁၇ ရက္ေန႔တြင္ ဝန္ႀကီးခ်ဳပ္႐ုံးသို႔ သြားေရာက္ကာ ယင္းကိစၥရပ္မ်ားကို ေျပလည္ေအာင္ေျဖရွင္းေပးဖို႔ ေတာင္းဆိုသြားမယ္လို႔လည္း Myanmar Infocaham စက္႐ုံမွ အလုပ္ထုတ္ပယ္ျခင္း ခံထားရသည့္ မသင္းသင္းေအး က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဒီဇင္ဘာ - ၁၄