လူငယ်များ ဘဝတက်လမ်းအတွက် ဝေဖန်သံများက ကြောက်စရာကောင်းသော အခြေအနေမျိုးရှိဟု ဆို

လူငယ်များ ဘဝတက်လမ်းအတွက် ဝေဖန်သံများက ကြောက်စရာကောင်းသော အခြေအနေမျိုးရှိဟု ဆို

လူငယ်တွေကြားမှာ ကြုံနေရတဲ့ ပတ်ဝန်းကျင်က ဝေဖန်သံတွေဟာ ဘဝတက်လမ်းကို ကြောက်စရာကောင်းလောက်အောင် ထိခိုက်စေနိုင်တဲ့ အခြေအနေမျိုးရှိကြောင်း Myanmar Imperial University တည်ထောင်သူ ဒေါ်ပို့ပို့ကြည် က ပြောပါတယ်။

“လူငယ်အများစုက ငယ်ငယ်တုန်းက ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ မသိသေးဘူး၊ ကြီးလာတဲ့အခါ အိပ်မက်တွေ ရှိလာကြတယ်၊ ကျွန်မလည်း ဒီလိုပါပဲ၊ ကြီးလာတဲ့အခါကျတော့ စာကျက်တာကို နားဖို့တောင်မှ အမေက ပြောရတယ်၊ အမြဲကြားနေရတာ ဖြစ်ပါ့မလား၊ ဟုတ်ပါ့မလား ဆိုတာပါ၊ ကျွန်မဆိုရင် အကောင်လေး သေးတော့ သေးသေးလေးနဲ့ ဖြစ်ပါ့မလားလို့ ဝေဖန်ကြပါတယ်၊ လူငယ်တွေအတွက် တကယ်တော့ နည်းနည်းဆွဲကူပေးဖို့ လိုပါတယ်၊ တက်လာတဲ့အပင်ကို ဆွဲကူပေးမှ ပိုသန်မာတာ၊ အဓိက ကတော့ အဲ့ဒီဝေဖန်တဲ့ စကားသံတွေကို လူငယ်တွေအနေနဲ့ သတိထားဖို့ လိုပါတယ်၊ အဲ့ဒီအသံတွေက အင်မတန်မှ ကြောက်စရာကောင်းတယ်၊ ဒါကြောင့် ဝေဖန်မခံပါနဲ့၊ ဖြစ်ပါ့မလားဆိုရင် ကိုယ်က မဖြစ် ဖြစ်အောင် လုပ်ဖို့လိုတယ်” လို့လည်း သူက အိပ်မက်ကို ဖမ်းဆုပ်ထားသူများနဲ့ ခေါင်းဆောင်မှုပညာ ဟောပြောပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့အပြင် ဘဝတိုးတက် အောင်မြင်ရေးအတွက် ဦးတည်ချက်ကို ခိုင်ခိုင်မာမာထားဖို့ လိုအပ်သလို ကိုယ့်ကိုယ်ကိုနဲ့ ပတ်ဝန်းကျင်ကိုလည်း အလေးထားဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်ကို ညံ့တယ်ဆိုတဲ့ အတွေးကို ခေါင်းထဲက ထုတ်ပလိုက်၊ မဖြစ်နိုင်တာမရှိဘူး၊ အကုန်ဖြစ်နိုင်တယ်၊ မဖြစ်သေးတာ ဆိုတာမျိုးကို ခံယူလုပ်ဆောင်ဖို့ လိုပါတယ်၊ ကျွန်မတို့ ဒီကျောင်းကို တည်ထောင်စဉ်ကဆိုရင် ကျောင်းသားလေးဦးပဲ ရှိခဲ့တာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ရှေ့ဆက်နိုင်မှ တိုးတက်အောင်မြင်မှုဆိုတာ ရှိလာမယ်၊ လူငယ်ဘဝမှာက ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖြစ်အောင်လုပ်လိုက်၊ ကိုယ်မသိသေးတဲ့ စွမ်းအင် Skills တွေ ထွက်လာမယ်” လို့လည်း သူက ဆက်ပြောပြပါတယ်။

ဒါ့အပြင် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် အိပ်မက်တွေဆီ အရောက်သွားနိုင်ဖို့ လေးစားမှု၊ အကောင်းမြင်စိတ်၊ လူသားဆန်မှု၊ စဉ်ဆက်မပြတ်သင်ယူမှု၊ ချစ်ခြင်းမေတ္တာ၊ အကျိုးပြုမှု၊ ယုံကြည်မှု စတဲ့ အချက်တွေကို ခြေလှမ်းခုနစ်လှမ်းအဖြစ် ခံယူကာ လုပ်ဆောင်သွားသင့်တယ်လို့ ဆိုပါတယ်။

“အိပ်မက်တွေကို မက်ပါ၊ ဒါပေမဲ့ အိပ်မက်ကို မက်နေရုံနဲ့ မပြီးဘဲ လက်တွေ့ အကောင်အထည်ဖော်လိုက်ပါ” လို့လည်း သူက ဆက်ပြောပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

လူငယ္ေတြၾကားမွာ ႀကဳံေနရတဲ့ ပတ္ဝန္းက်င္က ေဝဖန္သံေတြဟာ ဘဝတက္လမ္းကို ေၾကာက္စရာေကာင္းေလာက္ေအာင္ ထိခိုက္ေစႏိုင္တဲ့ အေျခအေနမ်ိဳးရွိေၾကာင္း Myanmar Imperial University တည္ေထာင္သူ ေဒၚပို႔ပို႔ၾကည္ က ေျပာပါတယ္။

“လူငယ္အမ်ားစုက ငယ္ငယ္တုန္းက ကိုယ္ဘာျဖစ္ခ်င္တယ္ဆိုတာ မသိေသးဘူး၊ ႀကီးလာတဲ့အခါ အိပ္မက္ေတြ ရွိလာၾကတယ္၊ ကြၽန္မလည္း ဒီလိုပါပဲ၊ ႀကီးလာတဲ့အခါက်ေတာ့ စာက်က္တာကို နားဖို႔ေတာင္မွ အေမက ေျပာရတယ္၊ အၿမဲၾကားေနရတာ ျဖစ္ပါ့မလား၊ ဟုတ္ပါ့မလား ဆိုတာပါ၊ ကြၽန္မဆိုရင္ အေကာင္ေလး ေသးေတာ့ ေသးေသးေလးနဲ႔ ျဖစ္ပါ့မလားလို႔ ေဝဖန္ၾကပါတယ္၊ လူငယ္ေတြအတြက္ တကယ္ေတာ့ နည္းနည္းဆြဲကူေပးဖို႔ လိုပါတယ္၊ တက္လာတဲ့အပင္ကို ဆြဲကူေပးမွ ပိုသန္မာတာ၊ အဓိက ကေတာ့ အဲ့ဒီေဝဖန္တဲ့ စကားသံေတြကို လူငယ္ေတြအေနနဲ႔ သတိထားဖို႔ လိုပါတယ္၊ အဲ့ဒီအသံေတြက အင္မတန္မွ ေၾကာက္စရာေကာင္းတယ္၊ ဒါေၾကာင့္ ေဝဖန္မခံပါနဲ႔၊ ျဖစ္ပါ့မလားဆိုရင္ ကိုယ္က မျဖစ္ ျဖစ္ေအာင္ လုပ္ဖို႔လိုတယ္” လို႔လည္း သူက အိပ္မက္ကို ဖမ္းဆုပ္ထားသူမ်ားနဲ႔ ေခါင္းေဆာင္မႈပညာ ေဟာေျပာပြဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ထို႔အျပင္ ဘဝတိုးတက္ ေအာင္ျမင္ေရးအတြက္ ဦးတည္ခ်က္ကို ခိုင္ခိုင္မာမာထားဖို႔ လိုအပ္သလို ကိုယ့္ကိုယ္ကိုနဲ႔ ပတ္ဝန္းက်င္ကိုလည္း အေလးထားဖို႔ အေရးႀကီးတယ္လို႔ ဆိုပါတယ္။

“ကိုယ့္ကိုယ္ကို ညံ့တယ္ဆိုတဲ့ အေတြးကို ေခါင္းထဲက ထုတ္ပလိုက္၊ မျဖစ္ႏိုင္တာမရွိဘူး၊ အကုန္ျဖစ္ႏိုင္တယ္၊ မျဖစ္ေသးတာ ဆိုတာမ်ိဳးကို ခံယူလုပ္ေဆာင္ဖို႔ လိုပါတယ္၊ ကြၽန္မတို႔ ဒီေက်ာင္းကို တည္ေထာင္စဥ္ကဆိုရင္ ေက်ာင္းသားေလးဦးပဲ ရွိခဲ့တာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈနဲ႔ ေရွ႕ဆက္ႏိုင္မွ တိုးတက္ေအာင္ျမင္မႈဆိုတာ ရွိလာမယ္၊ လူငယ္ဘဝမွာက ကိုယ္လုပ္ခ်င္တာ၊ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို ျဖစ္ေအာင္လုပ္လိုက္၊ ကိုယ္မသိေသးတဲ့ စြမ္းအင္ Skills ေတြ ထြက္လာမယ္” လို႔လည္း သူက ဆက္ေျပာျပပါတယ္။

ဒါ့အျပင္ လူငယ္ေတြအေနနဲ႔ မိမိတို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ အိပ္မက္ေတြဆီ အေရာက္သြားႏိုင္ဖို႔ ေလးစားမႈ၊ အေကာင္းျမင္စိတ္၊ လူသားဆန္မႈ၊ စဥ္ဆက္မျပတ္သင္ယူမႈ၊ ခ်စ္ျခင္းေမတၱာ၊ အက်ိဳးျပဳမႈ၊ ယုံၾကည္မႈ စတဲ့ အခ်က္ေတြကို ေျခလွမ္းခုနစ္လွမ္းအျဖစ္ ခံယူကာ လုပ္ေဆာင္သြားသင့္တယ္လို႔ ဆိုပါတယ္။

“အိပ္မက္ေတြကို မက္ပါ၊ ဒါေပမဲ့ အိပ္မက္ကို မက္ေန႐ုံနဲ႔ မၿပီးဘဲ လက္ေတြ႕ အေကာင္အထည္ေဖာ္လိုက္ပါ” လို႔လည္း သူက ဆက္ေျပာပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁