လူငယ်သင်တန်းကျောင်းတစ်ကျောင်း နေပြည်တော်တွင် လာမည့်ဘဏ္ဍာနှစ်အတွင်းတည်ဆောက်ရန် စီမံဆောင်ရွက်နေဟုဆို။

လူငယ်သင်တန်းကျောင်းတစ်ကျောင်း နေပြည်တော်တွင် လာမည့်ဘဏ္ဍာနှစ်အတွင်းတည်ဆောက်ရန် စီမံဆောင်ရွက်နေဟုဆို။

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တွင်လူငယ်သင်တန်းကျောင်းတစ်ကျောင်းအား၂၀၂၀/၂၀၂၁ဘဏ္ဍာနှစ်အ တွင်းတည်ဆောက်ရန် စီမံဆောင်ရွက်နေကြောင်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်က ယနေ့ပြုလုပ်တဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါ တယ်။

“၂၀၁၉ခုနှစ်ဇူလိုင်လ(၂၃)ရက်နေ့မှာပြည်ထောင်စုလွှတ်တော်မှဥပဒေအမှတ်-၂၂/၂၀၁၉ဖြင့်အတည် ပြု ပြဌာန်း လိုက်သည့်ကလေး သူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ(ခ)မှာကလေးသူငယ်၏အသက်ကို အသက် (၁၈)နှစ်မပြည့်သေးသောသူ ဟု သတ်မှတ်ထားသဖြင့် လူမှုဝန်ထမ်း ဦးစီး ဌာနရှိ လူငယ်သင်တန်းကျောင်းများမှာ ကလေးသူငယ်ဦးရေးကို ယခင်ကထက် ပိုမိုလက်ခံ စောင့်ရှောက်ပေးနေ ရလျက် ရှိပါတယ်၊လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများမှာကလေးသူငယ် ဦးရေ တိုးတက်များပြား လာမှုကြောင့် လူငယ် သင်တန်းကျောင်း သစ်တစ်ကျောင်းကိုလည်းပြည်ထောင်စုနယ်မြေနေပြည်တော်မှာတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက်ဝန်ကြီးဌာနအနေနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ မြေနေရာ ရရှိနိုင်ရေးအတွက် ‌လျှောက်ထားနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါတယ်၊မြေနေရာ ရရှိပါက၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှာဆောက်လုပ်ခွင့်ရရှိရေးဆောင် ရွက်သွား မှာဖြစ်ပါတယ်။

ထို့အတူသင်တန်းကျောင်းများဖွင့်လှစ်ထားရှိခြင်းမရှိတဲ့တိုင်းဒေသကြီးပြည်နယ်များတွင်လည်း သင်တန်းကျောင်း အသစ်များ တိုးချဲ့နိုင်ရေးဆောင်ရွက် သွားမှာဖြစ်ပါတယ် ”ဟုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး-ဦးစိုးအောင်မှပြောပါတယ်။

လူမှုဝန်ထမ်းဦးစီဌာနအနေနှင့်ကာကွယ်စောင့်ရှောက်မှုပေးရန်လိုအပ်သောကလေးသူငယ်များ၊ ကလေးသူငယ်များ တရားရုံးတွင် အမှု ရင်ဆိုင်နေရဆဲ ကလေးသူငယ်များ၊ကလေးသူငယ်တရားရုံးများမှအမိန့် ချမှတ်ပြီးအကျင့်စာရိတ္တပြု ပြင်ပို့အပ်လာသော ကလေး သူငယ်များ အတွက်လူငယ်သင်တန်းကျောင်းများ ကို ရန်ကုန်တိုင်းဒေသကြီး တွင်(၅)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး တွင်(၂)ကျောင်း၊ဧရာဝတီတိုင်း ဒေသကြီးတွင်(၁) ကျောင်း၊ရှမ်ပြည်နယ်မြောက်ပိုင်းတွင် (၁)ကျောင်း၊မွန်ပြည်နယ်တွင်(၁)ကျောင်း စုစုပေါင်း(၁၀)ကျောင်း ဖွင့်လှစ်၍ လက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်မှပြောပါတယ်။

ယနေ့ပြုလုပ်သည့်ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးပထမနေ့ အစီအစဉ်တွင်ပြည်မဲ ဆန္ဒနယ်‌ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာခင်စိုးစိုးကြည်၏လူမှုဝန်ထမ်းဦးစီး ဌာနလက်အောက် ရှိ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားရှိနိုင်သောသင်တန်းသားဦးရေထက်နှစ်ဆကျော် ခန့်ပိုမိုများပြားနေခြင်းအား မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ပေး မည်ကို သိလိုခြင်းမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရာတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ-၄ 

(  Zawgyi  )

 ျပည္ေထာင္စုနယ္ေျမ၊ေနျပည္ေတာ္တြင္လူငယ္သင္တန္းေက်ာင္းတစ္ေက်ာင္းအား၂၀၂၀/၂၀၂၁ဘ႑ာႏွစ္အ တြင္းတည္ေဆာက္ရန္ စီမံေဆာင္႐ြက္ေနေၾကာင္းလူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနဒုတိယဝန္ႀကီးဦးစိုးေအာင္က ယေန႔ျပဳလုပ္တဲ့ ျပည္သူလႊတ္ေတာ္အစည္းအေဝးမွာ ေျပာၾကားခဲ့ပါ တယ္။

“၂၀၁၉ခုႏွစ္ဇူလိုင္လ(၂၃)ရက္ေန႔မွာျပည္ေထာင္စုလႊတ္ေတာ္မွဥပေဒအမွတ္-၂၂/၂၀၁၉ျဖင့္အတည္ ျပဳ ျပဌာန္း လိုက္သည့္ကေလး သူငယ္ အခြင့္အေရးမ်ားဆိုင္ရာဥပေဒပုဒ္မ(ခ)မွာကေလးသူငယ္၏အသက္ကို အသက္ (၁၈)ႏွစ္မျပည့္ေသးေသာသူ ဟု သတ္မွတ္ထားသျဖင့္ လူမႈဝန္ထမ္း ဦးစီး ဌာနရွိ လူငယ္သင္တန္းေက်ာင္းမ်ားမွာ ကေလးသူငယ္ဦးေရးကို ယခင္ကထက္ ပိုမိုလက္ခံ ေစာင့္ေရွာက္ေပးေန ရလ်က္ ရွိပါတယ္၊လူမႈဝန္ထမ္းဦးစီးဌာနရွိ လူငယ္သင္တန္းေက်ာင္းမ်ားမွာကေလးသူငယ္ ဦးေရ တိုးတက္မ်ားျပား လာမႈေၾကာင့္ လူငယ္ သင္တန္းေက်ာင္း သစ္တစ္ေက်ာင္းကိုလည္းျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္မွာတိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးအတြက္ဝန္ႀကီးဌာနအေနႏွင့္ ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီသို႔ ေျမေနရာ ရရွိႏိုင္ေရးအတြက္ ‌ေလွ်ာက္ထားႏိုင္ေရးကို စီမံေဆာင္႐ြက္လ်က္ရွိပါတယ္၊ေျမေနရာ ရရွိပါက၂၀၂၀-၂၀၂၁ဘ႑ာေရးႏွစ္မွာေဆာက္လုပ္ခြင့္ရရွိေရးေဆာင္ ႐ြက္သြား မွာျဖစ္ပါတယ္။

ထို႔အတူသင္တန္းေက်ာင္းမ်ားဖြင့္လွစ္ထားရွိျခင္းမရွိတဲ့တိုင္းေဒသႀကီးျပည္နယ္မ်ားတြင္လည္း သင္တန္းေက်ာင္း အသစ္မ်ား တိုးခ်ဲ႕ႏိုင္ေရးေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္ ”ဟုလူမႈဝန္ထမ္း၊ ကယ္ဆယ္ေရး ႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး-ဦးစိုးေအာင္မွေျပာပါတယ္။

လူမႈဝန္ထမ္းဦးစီဌာနအေနႏွင့္ကာကြယ္ေစာင့္ေရွာက္မႈေပးရန္လိုအပ္ေသာကေလးသူငယ္မ်ား၊ ကေလးသူငယ္မ်ား တရား႐ုံးတြင္ အမႈ ရင္ဆိုင္ေနရဆဲ ကေလးသူငယ္မ်ား၊ကေလးသူငယ္တရား႐ုံးမ်ားမွအမိန႔္ ခ်မွတ္ၿပီးအက်င့္စာရိတၱျပဳ ျပင္ပို႔အပ္လာေသာ ကေလး သူငယ္မ်ား အတြက္လူငယ္သင္တန္းေက်ာင္းမ်ား ကို ရန္ကုန္တိုင္းေဒသႀကီး တြင္(၅)ေက်ာင္း၊ မႏၲေလးတိုင္းေဒသႀကီး တြင္(၂)ေက်ာင္း၊ဧရာဝတီတိုင္း ေဒသႀကီးတြင္(၁) ေက်ာင္း၊ရွမ္ျပည္နယ္ေျမာက္ပိုင္းတြင္ (၁)ေက်ာင္း၊မြန္ျပည္နယ္တြင္(၁)ေက်ာင္း စုစုေပါင္း(၁၀)ေက်ာင္း ဖြင့္လွစ္၍ လက္ခံေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္းလည္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ဌာန ဒုတိယဝန္ႀကီး ဦးစိုးေအာင္မွေျပာပါတယ္။

ယေန႔ျပဳလုပ္သည့္ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးပထမေန႔ အစီအစဥ္တြင္ျပည္မဲ ဆႏၵနယ္‌ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေဒါက္တာခင္စိုးစိုးၾကည္၏လူမႈဝန္ထမ္းဦးစီး ဌာနလက္ေအာက္ ရွိ လူငယ္သင္တန္းေက်ာင္းမ်ားတြင္ လက္ခံထားရွိႏိုင္ေသာသင္တန္းသားဦးေရထက္ႏွစ္ဆေက်ာ္ ခန႔္ပိုမိုမ်ားျပားေနျခင္းအား မည္ကဲ့သို႔ေျဖရွင္းေဆာင္႐ြက္ေပး မည္ကို သိလိုျခင္းေမးျမန္းမႈအေပၚျပန္လည္ေျဖၾကားရာတြင္ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ-၄