လူသတ်မှုကျူးလွန်သူကို ဖမ်းမိ

လူသတ်မှုကျူးလွန်သူကို ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက် နံနက် ၄ နာရီ အချိန်ခန့်တွင် အုတ်ဖိုမြို့နယ်၊ အေးမြသာယာ၊ ရန်ကုန်- ပြည် ကားလမ်းဘေး ရှိ ထမင်းဆိုင်ရှေ့ တွင် အမျိုးသား တစ်ဦး လဲကျနေ ကြောင်း သတင်းအရ အေးမြသာယာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ လဲကျနေသူမှာ အမှတ် (၅)ရပ်ကွက်၊ မင်းလှ မြို့နယ်နေ မူဆာကြီး(ခ)ကျော်သူရ ဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဝဲဘက်ချိုင်း အောက်တွင် ထိုးသွင်း ဒဏ်ရာ (၁) ချက်ဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် အေးမြသာယာ နယ်မြေရဲစခန်း (ပ) ၂၇၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်လှစ် ခဲ့ပါတယ်။

လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေသူကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မင်းလှမြို့၊ အမှတ် ၈ ရပ်ကွက်နေ ရန်နိုင်စိုး(ခ)ဗိုက်ပေါက် ဆိုသူ ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ အေးမြသာယာ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များ သည် မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးရာ နိုဝင်ဘာလ ၁၈ ရက် နေ့လည် (၁၀)နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ရန်နိုင်စိုး(ခ)ဗိုက်ပေါက် အား စစ်ဆေးမေးမြန်းရာ သေဆုံးသူ မူဆာကြီး (ခ)ကျော်သူရ နှင့် ရန်နိုင်စိုး(ခ)ဗိုက်ပေါက် တို့သည် မင်းလှမြို့နယ် မှ အေးမြသာယာသို့ ဆိုင်ကယ်ဖြင့် အတူလာရောက် ခဲ့ပြီးနောက် အပြန်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စကားများပြီး ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
အုတ်ဖို၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

 ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ႕နယ္တြင္ လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူကို ႏိုဝင္ဘာလ ၁၈ ရက္ေန႔က ဖမ္းဆီးရမိခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၁၈ ရက္ နံနက္ ၄ နာရီ အခ်ိန္ခန႔္တြင္ အုတ္ဖိုၿမိဳ႕နယ္၊ ေအးျမသာယာ၊ ရန္ကုန္- ျပည္ ကားလမ္းေဘး ရွိ ထမင္းဆိုင္ေရွ႕ တြင္ အမ်ိဳးသား တစ္ဦး လဲက်ေန ေၾကာင္း သတင္းအရ ေအးျမသာယာ နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္ အတူ သြားေရာက္စစ္ေဆးရာ လဲက်ေနသူမွာ အမွတ္ (၅)ရပ္ကြက္၊ မင္းလွ ၿမိဳ႕နယ္ေန မူဆာႀကီး(ခ)ေက်ာ္သူရ ျဖစ္ေၾကာင္း သိရွိရၿပီး ၎အား ဝဲဘက္ခ်ိဳင္း ေအာက္တြင္ ထိုးသြင္း ဒဏ္ရာ (၁) ခ်က္ျဖင့္ လဲက်ေသဆုံးေနေၾကာင္း ေတြ႕ရွိရသျဖင့္ ေအးျမသာယာ နယ္ေျမရဲစခန္း (ပ) ၂၇၇/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂(လူသတ္မႈ)ျဖင့္ အမႈဖြင့္လွစ္ ခဲ့ပါတယ္။

လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ ေနသူကို ဖမ္းဆီးရမိေရးအတြက္ စုံစမ္းေဆာင္႐ြက္ခဲ့ရာ မင္းလွၿမိဳ႕၊ အမွတ္ ၈ ရပ္ကြက္ေန ရန္ႏိုင္စိုး(ခ)ဗိုက္ေပါက္ ဆိုသူ ျဖစ္ေၾကာင္း စုံစမ္းသိရွိရ၍ ေအးျမသာယာ နယ္ေျမ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ မ်ား သည္ မင္းလွၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္း၍ ၎၏ ေနအိမ္သို႔ သြားေရာက္ ဖမ္းဆီးရာ ႏိုဝင္ဘာလ ၁၈ ရက္ ေန႔လည္ (၁၀)နာရီခြဲအခ်ိန္ခန႔္တြင္ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူ ရန္ႏိုင္စိုး(ခ)ဗိုက္ေပါက္ အား စစ္ေဆးေမးျမန္းရာ ေသဆုံးသူ မူဆာႀကီး (ခ)ေက်ာ္သူရ ႏွင့္ ရန္ႏိုင္စိုး(ခ)ဗိုက္ေပါက္ တို႔သည္ မင္းလွၿမိဳ႕နယ္ မွ ေအးျမသာယာသို႔ ဆိုင္ကယ္ျဖင့္ အတူလာေရာက္ ခဲ့ၿပီးေနာက္ အျပန္တြင္ တစ္ဦးႏွင့္ တစ္ဦး အျပန္အလွန္ စကားမ်ားၿပီး ဓါးျဖင့္ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
အုတ္ဖို၊ ႏိုဝင္ဘာ ၁၉