လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ယင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရွာသွန်းနိုင်မည်ဟု ဆို

လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ယင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရွာသွန်းနိုင်မည်ဟု ဆို

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့  ဒီဇင်ဘာ ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် မိုးရွာသွန်းနိုင်ပြီး နေပြည်တော်နှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့လည်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ထို့အတူ မိုး/ဇလ ပညာရှင် ဒေါက်တာဦးထွန်းလွင် ကလည်း “မြေပြင်မိုးလေဝသအခြေအနေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပါတယ်။သူနဲ့ဆက်စပ်ပြီး၊ ကြီးမားတဲ့ တိမ်တိုက်ကြီး ဖြစ်နေပါတယ်။ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မုန်တိုင်းဖြစ်ဖို့ အလားအလာ ၂၀ ရာခိုင်နှုန်း ရှိနေပါတယ်။လက်ကျန်တစ်လုံးတော့ ဖြစ်လာလိမ့်ဦးမယ်လို့ ခန့်မှန်းရပါတယ်။” လို့  သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပြေသိမ်း
ဓါတ်ပုံ  -  မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာန။
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ အီေကြတာအနီး အိႏၵိယသမုဒၵရာတို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ေရာက္ရွိလာႏိုင္တယ္လို႔  မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ ဒီကေန႔  ဒီဇင္ဘာ ၁၂ ရက္ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တခ်ိဳ႕တြင္ မိုး႐ြာသြန္းႏိုင္ၿပီး ေနျပည္ေတာ္ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္မယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းတြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနတယ္လို႔လည္း ယင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ထို႔အတူ မိုး/ဇလ ပညာရွင္ ေဒါက္တာဦးထြန္းလြင္ ကလည္း “ေျမျပင္မိုးေလဝသအေျခအေန ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းမွာ အားေကာင္းတဲ့ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚေနပါတယ္။သူနဲ႔ဆက္စပ္ၿပီး၊ ႀကီးမားတဲ့ တိမ္တိုက္ႀကီး ျဖစ္ေနပါတယ္။ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းမွာ မုန္တိုင္းျဖစ္ဖို႔ အလားအလာ ၂၀ ရာခိုင္ႏႈန္း ရွိေနပါတယ္။လက္က်န္တစ္လုံးေတာ့ ျဖစ္လာလိမ့္ဦးမယ္လို႔ ခန႔္မွန္းရပါတယ္။” လို႔  သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ေျပသိမ္း
ဓါတ္ပုံ  -  မိုး/ဇလ ၫႊန္ၾကားမႈဦးစီးဌာန။
ရန္ကုန္၊ ဒီဇင္ဘာ - ၁၂