လေဖိအားနည်းရပ်ဝန်း အိန္ဒိယဘက် ဝင်သွားသဖြင့် ရခိုင်တွင် မိုးရွာသွန်းမှု အားကောင်းလာမည်

လေဖိအားနည်းရပ်ဝန်း အိန္ဒိယဘက် ဝင်သွားသဖြင့် ရခိုင်တွင်  မိုးရွာသွန်းမှု အားကောင်းလာမည်

လေဖိအားနည်းရပ်ဝန်း အိန္ဒိယဘက် ဝင်သွားသဖြင့် ရခိုင်တွင်  မိုးရွာသွန်းမှု ပိုလာပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး တို့တွင် မိုးရွာသွန်းမှု လျော့နည်းလာမှာဖြစ်တယ်လို့ မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Opinion Leaders Media ကို ယနေ့ သြဂုတ်လ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။

“ လေဖိအားနည်းရပ်ဝန်း သိပ်ပြီးအားမကောင်းဘူး။ဒီနေ့ နေ့ခင်းပိုင်းလောက်ဆိုရင် အိန္ဒိယကုန်းထဲကို ဝင် သွားတော့မှာ။သူ့ကြောင့် မုတ်သုန်လေ က ရခိုင်ဘက်မှာအားကောင်းလာတဲ့ အနေအထားလေးရှိတယ်။ ရခိုင်တို့ဘာတို့ဘက်တွေမှာတော့ မိုးအားနည်းနည်းလေး တက်လာမှာ” လို့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေမြောက်ပိုင်း တို့တွင်ဖြစ်ပေ ါ်နေသော လေဖိအားနည်းရပ်ဝန်း ယနေ့ သြဂုတ်လ ၁၃ ရက် မွန်းလွဲ ပိုင်းအချိန်ခန့်တွင် အိန္ဒိယ နိုင်ငံဘက်သို့ ဝင်ရောက်သွားနိုင်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန် ကြောင့် ရခိုင်ပြည်နယ်ဘက်တွင် မိုးဆက်လက်ရွာသွန်းနိုင်သော်လည်း မွန်၊ကရင်၊တနင်္သာရီ ဒေသများကို အကျိုး သက်ရောက်မှုရှိစေမှာမဟုတ်ဘူးလို့ဆိုပါတယ်။

 “ မွန်၊ကရင်၊တနင်္သာရီဘက်မှာတော့မိုးအားက ကျနေပြီ။မုတ်သုန်အင်အားအနေနဲ့လည်းပြီးခဲ့တဲ့ ရက်ပိုင်းကလို အာအလွန်ကောင်းတဲ့ အနေအထားတော့မရှိတော့ဘူး” လို့ဆိုပါတယ်။ မကြာသေးခင်ရက်ပိုင်းက မွန်၊ကရင်၊တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ရေကြီး ရေလျှံခြင်း၊တောင်ပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၁၃
ဓာတ်ပုံ- Myanmar Fire Services Dept;

(  Zawgyi  )

 ေလဖိအားနည္းရပ္ဝန္း အိႏၵိယဘက္ ဝင္သြားသျဖင့္ ရခိုင္တြင္  မိုး႐ြာသြန္းမႈ ပိုလာၿပီး မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး တို႔တြင္ မိုး႐ြာသြန္းမႈ ေလ်ာ့နည္းလာမွာျဖစ္တယ္လို႔ မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက Opinion Leaders Media ကို ယေန႔ ၾသဂုတ္လ ၁၃ ရက္က ေျပာၾကားခဲ့ပါတယ္။

“ ေလဖိအားနည္းရပ္ဝန္း သိပ္ၿပီးအားမေကာင္းဘူး။ဒီေန႔ ေန႔ခင္းပိုင္းေလာက္ဆိုရင္ အိႏၵိယကုန္းထဲကို ဝင္ သြားေတာ့မွာ။သူ႔ေၾကာင့္ မုတ္သုန္ေလ က ရခိုင္ဘက္မွာအားေကာင္းလာတဲ့ အေနအထားေလးရွိတယ္။ ရခိုင္တို႔ဘာတို႔ဘက္ေတြမွာေတာ့ မိုးအားနည္းနည္းေလး တက္လာမွာ” လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ဆိုပါတယ္။

ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ အိႏၵိယႏိုင္ငံ၊ ဩရိႆ ကမ္းေျခေျမာက္ပိုင္း တို႔တြင္ျဖစ္ေပ ၚေနေသာ ေလဖိအားနည္းရပ္ဝန္း ယေန႔ ၾသဂုတ္လ ၁၃ ရက္ မြန္းလြဲ ပိုင္းအခ်ိန္ခန႔္တြင္ အိႏၵိယ ႏိုင္ငံဘက္သို႔ ဝင္ေရာက္သြားႏိုင္ၿပီး အဆိုပါေလဖိအားနည္းရပ္ဝန္းအရွိန္ ေၾကာင့္ ရခိုင္ျပည္နယ္ဘက္တြင္ မိုးဆက္လက္႐ြာသြန္းႏိုင္ေသာ္လည္း မြန္၊ကရင္၊တနသၤာရီ ေဒသမ်ားကို အက်ိဳး သက္ေရာက္မႈရွိေစမွာမဟုတ္ဘူးလို႔ဆိုပါတယ္။

 “ မြန္၊ကရင္၊တနသၤာရီဘက္မွာေတာ့မိုးအားက က်ေနၿပီ။မုတ္သုန္အင္အားအေနနဲ႔လည္းၿပီးခဲ့တဲ့ ရက္ပိုင္းကလို အာအလြန္ေကာင္းတဲ့ အေနအထားေတာ့မရွိေတာ့ဘူး” လို႔ဆိုပါတယ္။ မၾကာေသးခင္ရက္ပိုင္းက မြန္၊ကရင္၊တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ မိုးအဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္  ေရႀကီး ေရလွ်ံျခင္း၊ေတာင္ၿပိဳျခင္းမ်ား ျဖစ္ေပၚခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ ၁၃
ဓာတ္ပုံ- Myanmar Fire Services Dept;