လောင်းလုံမြို့နယ်ရှိ မြတ်ရှင်မော်ဘုရားတွင် မြေပြိုမှုဖြစ်ပွား

 လောင်းလုံမြို့နယ်ရှိ မြတ်ရှင်မော်ဘုရားတွင် မြေပြိုမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ မြတ်ရှင်မော်ဘုရားမှာ ဒီကနေ့ သြဂုတ်လ ၁ဝ ရက်နေ့၊ မနက် ၇ နာရီခွဲ အချိန်လောက်မှာ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ကနဦး မှာတော့ မြေပြိုကျမှုအခြေအနေနဲ့ လူထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိဆိုတာကို မသိရသေးပါဘူး။

လက်ရှိမှာတော့ မြေပြိုမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ မြတ်ရှင်မော်ဘုရားဆီကိုတော့ တနင်္သာရီတိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံးနဲ့ လောင်းလုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁ဝ
ဓာတ်ပုံ- U Yan Lay fb

(  Zawgyi  )



ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁ဝ
ဓာတ်ပုံ- U Yan Lay fb