လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဆွေးနွေးသည့်အချိန်တွင် မဆီမဆိုင် ပြောသည့် ကိစ္စရပ်များကို ရှောင်ကျဉ်ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သတိပေး

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဆွေးနွေးသည့်အချိန်တွင် မဆီမဆိုင် ပြောသည့် ကိစ္စရပ်များကို ရှောင်ကျဉ်ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မူကြမ်းပါကိစ္စရပ်များအား ဆွေးနွေးရာတွင်  လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဆွေးနွေးသည့် အချိန်တွင် မဆီမဆိုင်ပြောသည့်ကိစ္စရပ်များကို ရှောင်ကျဉ်ကြဖို့  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ သတိပေးပြောကြားလိုက်ပါတယ်။    

ဒီကနေ့ပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းပုဒ်မ၊ပုဒ်မခွဲများအပေါ်ဆွေးနွေးသည့်အစီအစဉ်မှာတပ်မတော်သာကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးမှုအစတွင် ဆွေးနွေးချက်နှင့် မဆိုင်သည့် အချက်များတင်ပြသည့်အပေါ်  ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကဲ့သို့ သတိပေးပြောကြားလိုက်ခြင်းဖြစ်ပါတယ်။  

“လွှတ်တော်ကိုယ်စားလှယ်ကိုမိမိအနေနဲ့ဆွေးနွေးဖို့ပြောကြားတဲ့အချိန်မှာမသက်ဆိုင်တဲ့ကိစ္စတွေကိုကန့်ကွက် တယ်ဆိုတဲ့နေရာမှာ သူ့အချိန်နဲ့သူ ပေးထားတာဖြစ်ပါတယ်။ လွန်လေပြီးတဲ့အချိန်ကျမှ ပြန်ကန့်ကွက်တာမျိုးတို့ ဒီလိုဆွေးနွေးတဲ့ အချိန်မှာ မဆီမဆိုင်ဘဲနဲ့ ပြောတဲ့ ကိစ္စမျိုးတွေကတော့ရှောင်ကျဉ်ဖို့လိုပါမယ်။”လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့တာပါ။

ဆက်လက်၍ခေတ္တအနားပေးပြီးအစည်းအဝေးပြန်စချိန်မှာလည်း ပြည်ထောင်စုလွှတ်တော်နာယကမှ “အခုမိမိတို့ဆွေးနွေး နေတာသည် ရိုးရိုးဥပဒေကြမ်းဆွေးနွေးနေတာမဟုတ်ပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကိုအားလုံးဝိုင်းဝန်ဆွေးနွေးနေတာဖြစ်ပါတယ်။ဒီနေရာမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရာမှာနည်းဥပဒေ-၁၃၈မှာဘာဆိုထားလည်းဆိုရင်ပြင်ဆင်တဲ့ဥပဒေမူကြမ်းအားပုဒ်မများပါကိစ္စရပ်မှအပ အခြားမည်သည့် ကိစ္စရပ်များ ထည့်သွင်းဆွေးနွေးခြင်းမပြုရလို့ ပြဌာန်းထားပါတယ်။ အဲ့ဒါကြောင့် ဒီလိုဆွေးနွေးတဲ့ အချိန်မှာ သက်ဆိုင်တဲ့ပုဒ်မ၊သက်ဆိုင်တဲ့ကိစ္စရပ်များကိုသာ ဆွေးနွေးကြဖို့ပြောကြားလိုပါတယ်။

ကျန်တဲ့ကိစ္စရပ် ဆွေးနွေးလာမယ်ဆိုရင် နာယကရဲ့လုပ်ပိုင်ခွင့်အရ အဲ့ဒီဆွေးနွေးချက်များကို နုတ်ပယ်သွားမှာဖြစ်ပါတယ်။”လို့ ထပ်လောင်း သတိပေးပြောကြားခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်(၁၅)ကြိမ်မြောက် ပုမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၆၅၄)ဦး ရှိပြီး၊ ဒီကနေ့ အစည်းအဝေးကို (၆၁၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့်ကိုယ်စားလှယ်(၂၉)ဦးမှ  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မူကြမ်းပါကိစ္စရပ်များကို ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။  

KO
နေပြည်တော်၊ဖေဖော်ဝါရီ ၂၇

(  Zawgyi  )

 ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ခ်က္မူၾကမ္းပါကိစၥရပ္မ်ားအား ေဆြးေႏြးရာတြင္  လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနနဲ႔ ေဆြးေႏြးသည့္ အခ်ိန္တြင္ မဆီမဆိုင္ေျပာသည့္ကိစၥရပ္မ်ားကို ေရွာင္က်ဥ္ၾကဖို႔  ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ဒီကေန႔ က်င္းပခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးမွာ သတိေပးေျပာၾကားလိုက္ပါတယ္။    

ဒီကေန႔ျပဳလုပ္တဲ့ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒၾကမ္းပုဒ္မ၊ပုဒ္မခြဲမ်ားအေပၚေဆြးေႏြးသည့္အစီအစဥ္မွာတပ္မေတာ္သာကိုယ္စားလွယ္တစ္ဦး၏ ေဆြးေႏြးမႈအစတြင္ ေဆြးေႏြးခ်က္ႏွင့္ မဆိုင္သည့္ အခ်က္မ်ားတင္ျပသည့္အေပၚ  ျပည္ေထာင္စုလႊတ္ေတာ္ နာယက က ယင္းကဲ့သို႔ သတိေပးေျပာၾကားလိုက္ျခင္းျဖစ္ပါတယ္။  

“လႊတ္ေတာ္ကိုယ္စားလွယ္ကိုမိမိအေနနဲ႔ေဆြးေႏြးဖို႔ေျပာၾကားတဲ့အခ်ိန္မွာမသက္ဆိုင္တဲ့ကိစၥေတြကိုကန႔္ကြက္ တယ္ဆိုတဲ့ေနရာမွာ သူ႔အခ်ိန္နဲ႔သူ ေပးထားတာျဖစ္ပါတယ္။ လြန္ေလၿပီးတဲ့အခ်ိန္က်မွ ျပန္ကန႔္ကြက္တာမ်ိဳးတို႔ ဒီလိုေဆြးေႏြးတဲ့ အခ်ိန္မွာ မဆီမဆိုင္ဘဲနဲ႔ ေျပာတဲ့ ကိစၥမ်ိဳးေတြကေတာ့ေရွာင္က်ဥ္ဖို႔လိုပါမယ္။”လို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေျပာၾကားခဲ့တာပါ။

ဆက္လက္၍ေခတၱအနားေပးၿပီးအစည္းအေဝးျပန္စခ်ိန္မွာလည္း ျပည္ေထာင္စုလႊတ္ေတာ္နာယကမွ “အခုမိမိတို႔ေဆြးေႏြး ေနတာသည္ ႐ိုး႐ိုးဥပေဒၾကမ္းေဆြးေႏြးေနတာမဟုတ္ပါဘူး။ဖြဲ႕စည္းပုံအေျခခံဥပေဒၾကမ္းကိုအားလုံးဝိုင္းဝန္ေဆြးေႏြးေနတာျဖစ္ပါတယ္။ဒီေနရာမွာဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးေဆြးေႏြးရာမွာနည္းဥပေဒ-၁၃၈မွာဘာဆိုထားလည္းဆိုရင္ျပင္ဆင္တဲ့ဥပေဒမူၾကမ္းအားပုဒ္မမ်ားပါကိစၥရပ္မွအပ အျခားမည္သည့္ ကိစၥရပ္မ်ား ထည့္သြင္းေဆြးေႏြးျခင္းမျပဳရလို႔ ျပဌာန္းထားပါတယ္။ အဲ့ဒါေၾကာင့္ ဒီလိုေဆြးေႏြးတဲ့ အခ်ိန္မွာ သက္ဆိုင္တဲ့ပုဒ္မ၊သက္ဆိုင္တဲ့ကိစၥရပ္မ်ားကိုသာ ေဆြးေႏြးၾကဖို႔ေျပာၾကားလိုပါတယ္။

က်န္တဲ့ကိစၥရပ္ ေဆြးေႏြးလာမယ္ဆိုရင္ နာယကရဲ႕လုပ္ပိုင္ခြင့္အရ အဲ့ဒီေဆြးေႏြးခ်က္မ်ားကို ႏုတ္ပယ္သြားမွာျဖစ္ပါတယ္။”လို႔ ထပ္ေလာင္း သတိေပးေျပာၾကားခဲ့ပါတယ္။ ဒီကေန႔က်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုမွန္အစည္းအေဝး (၁၄) ရက္ေျမာက္ေန႔တြင္ အစည္းအေဝးသို႔ တက္ေရာက္ခြင့္ရွိသူ ကိုယ္စားလွယ္ဦးေရ စုစုေပါင္း(၆၅၄)ဦး ရွိၿပီး၊ ဒီကေန႔ အစည္းအေဝးကို (၆၁၀)ဦးတက္ေရာက္ခဲ့ေၾကာင္းႏွင့္ကိုယ္စားလွယ္(၂၉)ဦးမွ  ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ခ်က္မူၾကမ္းပါကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ တာျဖစ္ပါတယ္။  

KO
ေနျပည္ေတာ္၊ေဖေဖာ္ဝါရီ ၂၇