လှည်းကူး စက်မှုဇုန်တည်ဆောက်ရေး ရ င်းနှီးမြှုပ်နှံမှု အစီအစဉ်များ နှင့်ပတ်သက်၍ ရှင်းလင် းဆွေးနွေး

  လှည်းကူး စက်မှုဇုန်တည်ဆောက်ရေး ရ င်းနှီးမြှုပ်နှံမှု အစီအစဉ်များ နှင့်ပတ်သက်၍ ရှင်းလင် းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်တွင် ဆောင်ရွက်မည့် လှည်းကူးစက်မှုဇုန်တည်ဆောက်ရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ မီဒီယာခန်းမတွင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ယနေ့ပြုလုပ်တဲ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားပေးခဲ့ပါ တယ်။ဆက်လက်၍ City Mart Holding Co.,Ltd မှတာဝန်ရှိသူများက လှည်းကူးစက်မှုဇုန်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကသိရှိလိုသည်များကို မေးမြန်းခဲ့ကြပါတယ်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုး၊လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ အဆိုပါလှည်းကူးစက်မှုဇုန်ဟာဧရိယာအားဖြင့်(၁၀၀၀)ဧကအကျယ်အဝန်းရှိတယ်လို့ဆိုပါတယ်။ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စည်ပင်သာယာရေးအဖွဲ့ကွပ်ကဲမှုအောက်ရှိကွမ်းခြံကုန်း၊ကော့မှူး၊တွံတေး၊ သန်လျင်၊ကျောက်တန်း အပါအဝင် မြို့နယ်(၁၁)မြို့နယ်တွင်နိုင်ငံတကာအဆင့်မီစက်မှုဇုန်များကိုအကောင်အထည် ဖော်လုပ်ဆောင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။


ယင်းကဲ့သို့နိုင်ငံတကာအဆင့်မီစက်မှုဇုန်များအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒေသဖွံ့ဖြိုးရေးနဲ့ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုဖော်ဆောင်ပေးနိုင်ဖို့၊ရန်ကုန်မြို့တော်ရဲ့လူဦးရေသိပ်သည်းကြပ်တည်းမှု၊ယာဉ်ကြောပိတ်ဆို့မှုများကိုလည်းအထိုက်အလျောက်လျော့နည်းသွားစေဖို့ဖြစ်ပြီးစက်မှုဇုန်များတည်ထောင်ခြင်းဖြင့်ရရှိလာမယ့် ဝင်ငွေကို အဆိုပါ မြို့နယ်တစ်ခုချင်းစီရဲ့ မြို့ပြနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်လည်းပြန်လည်သုံးစွဲရန်အတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။

 ပြေသိမ်း
Photo – YRG Info
ရန်ကုန်၊ဒီဇင်ဘာ ၁၇   

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး၊ေျမာက္ပိုင္းခ႐ိုင္၊လွည္းကူးၿမိဳ႕နယ္တြင္ ေဆာင္႐ြက္မည့္ လွည္းကူးစက္မႈဇုန္တည္ေဆာက္ေရးရင္းႏွီးျမႇဳပ္ႏွံမႈအစီအစဥ္မ်ားႏွင့္ပတ္သက္၍ ရွင္းလင္းေဆြးေႏြးပြဲတစ္ရပ္ကို ဒီကေန႔ ဒီဇင္ဘာ ၁၇ ရက္၊နံနက္ပိုင္းအခ်ိန္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးရွိ မီဒီယာခန္းမတြင္ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။
ယေန႔ျပဳလုပ္တဲ့အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသႀကီး၊လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းက အဖြင့္အမွာစကား ေျပာၾကားခဲ့ၿပီး တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ရွင္းလင္းေဆြးေႏြးပြဲ ျပဳလုပ္ရျခင္းႏွင့္စပ္လ်ဥ္းၿပီး ရွင္းလင္းေျပာၾကားေပးခဲ့ပါ တယ္။ဆက္လက္၍ City Mart Holding Co.,Ltd မွတာဝန္ရွိသူမ်ားက လွည္းကူးစက္မႈဇုန္တည္ေဆာက္ေရး ရင္းႏွီးျမႇဳပ္ႏွံမႈ အစီအစဥ္မ်ားႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပခဲ့ၿပီးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကသိရွိလိုသည္မ်ားကို ေမးျမန္းခဲ့ၾကပါတယ္။

အဆိုပါ ရွင္းလင္းေဆြးေႏြးပြဲသို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ဒုတိယလႊတ္ေတာ္ဥကၠ႒ ဦးလင္းႏိုင္ျမင့္၊ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီးေနာ္ပန္းသၪၨာမ်ိဳး၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ဌာနဆိုင္ရာမွတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကတယ္လို႔လည္းသိရပါတယ္။ အဆိုပါလွည္းကူးစက္မႈဇုန္ဟာဧရိယာအားျဖင့္(၁၀၀၀)ဧကအက်ယ္အဝန္းရွိတယ္လို႔ဆိုပါတယ္။ထို႔အတူ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စည္ပင္သာယာေရးအဖြဲ႕ကြပ္ကဲမႈေအာက္ရွိကြမ္းၿခံကုန္း၊ေကာ့မႉး၊တြံေတး၊ သန္လ်င္၊ေက်ာက္တန္း အပါအဝင္ ၿမိဳ႕နယ္(၁၁)ၿမိဳ႕နယ္တြင္ႏိုင္ငံတ
ကာအဆင့္မီစက္မႈဇုန္မ်ားကိုအေကာင္အထည္ေဖာ္လုပ္ေဆာင္ဖို႔ရွိေနတာလည္းျဖစ္ပါတယ္။

ယင္းကဲ့သို႔ႏိုင္ငံတကာအဆင့္မီစက္မႈဇုန္မ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရျခင္းရဲ႕ရည္႐ြယ္ခ်က္ကေတာ့ေဒသဖြံ႕ၿဖိဳးေရးနဲ႔ျပည္သူမ်ားအလုပ္အကိုင္အခြင့္အလမ္းရရွိေရးကိုေဖာ္ေဆာင္ေပးႏိုင္ဖို႔၊ရန္ကုန္ၿမိဳ႕ေတာ္ရဲ႕လူဦးေရသိပ္သည္းၾကပ္တည္းမႈ၊ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားကိုလည္းအထိုက္အေလ်ာက္ေလ်ာ့နည္းသြားေစဖို႔ျဖစ္ၿပီးစက္မႈဇုန္မ်ားတည္ေထာင္ျခင္းျဖင့္ရရွိလာမယ့္ ဝင္ေငြကို အဆိုပါ ၿမိဳ႕နယ္တစ္ခုခ်င္းစီရဲ႕ ၿမိဳ႕ျပနဲ႔ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား အတြက္လည္းျပန္လည္သုံးစြဲရန္အတြက္ျဖစ္တယ္လို႔လည္း သိရပါတယ္။

 ေျပသိမ္း
Photo – YRG Info
ရန္ကုန္၊ဒီဇင္ဘာ ၁၇