လှည်းကူး သေနတ်ကျည်ဆန်ထောင်ကျော် ဖမ်းဆီးရမိမှု ကွင်းဆက် လှိုင်သာယာမှ လူတစ်ဦးကို ကျည်ဆန်အတောင် ၁၀၀ နှင့်အတူ ဖမ်းမိ

လှည်းကူး သေနတ်ကျည်ဆန်ထောင်ကျော် ဖမ်းဆီးရမိမှု ကွင်းဆက် လှိုင်သာယာမှ လူတစ်ဦးကို ကျည်ဆန်အတောင် ၁၀၀ နှင့်အတူ ဖမ်းမိ

လှည်းကူးမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့က သေနတ်ကျည်ဆန် ၉၅၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးရာ လှိုင်သာယာမြို့နယ်တွင် ကျည်ဆန် အတောင့် ၁၀၀ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လှည်းကူးမြို့၊ ဇရပ်ကွင်းကျေးရွာ ရဲတံခွန် အဝေးပြေးကားလက်မှတ် အရောင်းဆိုင်တွင် ငြိမ်းချမ်းအောင် (စီစစ်ဆဲ) မှ အပ်နှံသည့် တပ်ကြပ်ကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ ၂ လုံးအတွင်းမှ သေနတ် ကျည်ဆန်အတောင့် ၉၅၀၄ တောင့် ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါဖမ်းဆီးရမိသည့် ကျည်ဆန်များနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်တွင် လှည်းကူး မြို့မရဲစခန်းက (ပ) ၁၀၂၇/ ၂၀၁၈၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉ (ဃ)/၁၉ (စ) ဖြင့် အမှုဖွင့်လှစ်ခဲ့ပါတယ်။အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မိုးကျော်ကျော် ဦးစီးအဖွဲ့သည် စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက် ပြည်ဂါးဒင်းအိမ်ရာ ဝင်ပေါက်အနီး၌ ဇော်ဇော်ထက်လူ (၄၅) နှစ်အား 7E------ မာစီဒီးယာဉ်နှင့်အတူ တွေ့ရှိ၍ ၎င်းခန္ဓာကိုယ်နှင့် မော်တော်ယာဉ်အား ရှာဖွေရာ လက်နက်ခဲယမ်း တစ်စုံတစ်ရာ မတွေ့ရှိတဲ့အတွက် ဇော်ဇော်ထက်လူ ၏ နေအိမ်သို့ ဆက်လက်ရှာဖွေခဲ့ပါတယ်။

ထိုသို့ရှာဖွေရာ အိပ်ခန်းအတွင်းရှိ TV စင်အောက်၌ ပလပ်စတစ်ဖြင့် ထုပ်ထားသော S&B 7.65 Br 13 MM (.32 Auto) ကျည် ၁၀၀ တောင့်အား တွေ့ရှိခဲ့ပါတယ်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်ဇော်ထက်လူ (ဖမ်းမိ) အား လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၃၆၉၁/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ အောက်တိုဘာ - ၂

( Zawgyi )

လွည္းကူးၿမိဳ႕နယ္တြင္ ေအာက္တိုဘာလ ၁ ရက္ေန႔က ေသနတ္က်ည္ဆန္ ၉၅၀၀ ေက်ာ္ ဖမ္းဆီးရမိခဲ့ၿပီး ဆက္လက္စုံစမ္းစစ္ေဆးရာ လႈိင္သာယာၿမိဳ႕နယ္တြင္ က်ည္ဆန္ အေတာင့္ ၁၀၀ ထပ္မံဖမ္းဆီးရမိခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္တြင္ လွည္းကူးၿမိဳ႕၊ ဇရပ္ကြင္းေက်း႐ြာ ရဲတံခြန္ အေဝးေျပးကားလက္မွတ္ အေရာင္းဆိုင္တြင္ ၿငိမ္းခ်မ္းေအာင္ (စီစစ္ဆဲ) မွ အပ္ႏွံသည့္ တပ္ၾကပ္ႀကီး ေအာင္ျမတ္သူ အမည္ပါ သံေသတၱာ ၂ လုံးအတြင္းမွ ေသနတ္ က်ည္ဆန္အေတာင့္ ၉၅၀၄ ေတာင့္ ကို ရွာေဖြဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါဖမ္းဆီးရမိသည့္ က်ည္ဆန္မ်ားႏွင့္ ပတ္သက္၍ ေအာက္တိုဘာလ ၁ ရက္တြင္ လွည္းကူး ၿမိဳ႕မရဲစခန္းက (ပ) ၁၀၂၇/ ၂၀၁၈၊ လက္နက္ အက္ဥပေဒပုဒ္မ ၁၉ (ဃ)/၁၉ (စ) ျဖင့္ အမႈဖြင့္လွစ္ခဲ့ပါတယ္။အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ လႈိင္သာယာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ယာယီရဲမႉး မိုးေက်ာ္ေက်ာ္ ဦးစီးအဖြဲ႕သည္ စမ္းေခ်ာင္းၿမိဳ႕နယ္ ေျမနီကုန္း (ေျမာက္) ရပ္ကြက္ ျပည္ဂါးဒင္းအိမ္ရာ ဝင္ေပါက္အနီး၌ ေဇာ္ေဇာ္ထက္လူ (၄၅) ႏွစ္အား 7E------ မာစီဒီးယာဥ္ႏွင့္အတူ ေတြ႕ရွိ၍ ၎ခႏၶာကိုယ္ႏွင့္ ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ လက္နက္ခဲယမ္း တစ္စုံတစ္ရာ မေတြ႕ရွိတဲ့အတြက္ ေဇာ္ေဇာ္ထက္လူ ၏ ေနအိမ္သို႔ ဆက္လက္ရွာေဖြခဲ့ပါတယ္။

ထိုသို႔ရွာေဖြရာ အိပ္ခန္းအတြင္းရွိ TV စင္ေအာက္၌ ပလပ္စတစ္ျဖင့္ ထုပ္ထားေသာ S&B 7.65 Br 13 MM (.32 Auto) က်ည္ ၁၀၀ ေတာင့္အား ေတြ႕ရွိခဲ့ပါတယ္။အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေဇာ္ေဇာ္ထက္လူ (ဖမ္းမိ) အား လႈိင္သာယာ ၿမိဳ႕မရဲစခန္းက (ပ) ၃၆၉၁/၂၀၁၈၊ လက္နက္ဥပေဒပုဒ္မ ၁၉ (စ) ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိပါတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေအာက္တိုဘာ - ၂