လှိုင်သာယာပြည်သူ့ဆေးရုံတွင် ကုတင် ၄၅ဝ ခန့်အထိ အသုံးပြု ကုသပေးနိုင်တော့မည်

လှိုင်သာယာပြည်သူ့ဆေးရုံတွင် ကုတင် ၄၅ဝ ခန့်အထိ အသုံးပြု ကုသပေးနိုင်တော့မည်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံမှာ အရင်က ကုတင် ၃၂၅ ခန့်နဲ့ ကြပ်ကြပ် တည်းတည်း ကုသပေးရာကနေ လက်ရှိမှာတော့ ကုတင် ၄၅ဝ ခန့်အထိ အသုံးပြု ကုသပေးနိုင်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။လှိုင်သာယာပြည်သူ့ဆေးရုံကို အဆင့်မြှင့်တင်တဲ့အနေနဲ့ လေးထပ် တိုးချဲ့ဆောင်သစ်ကို ထပ်မံဆောက်လုပ်ခဲ့ တာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ အဲ့ဒီ လေးထပ်တိုးချဲ့ဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ကုတင် ၄၅ဝ ခန့်အထိ အသုံးပြု ကုသပေးနိုင်တော့ မှာဖြစ်ပါတယ်။

အသစ်ဖွင့်လှစ်ခဲ့တဲ့ လေးထပ်တိုးချဲ့ဆောင်သစ်ရဲ့ မြေညီထပ်မှာ အကြောအဆစ်ကုဌာန၊ ပြင်ပအထူးကု လူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူ ဘဏ်ခွဲ၊ အနုဇီဝဗေဒ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ စီတီစကင်န်ခန်း၊ အက်ထရာဆောင်းခန်း၊ အုပ်ချုပ်ရေးခန်းတွေပါဝင်ပါတယ်။ပထမ ထပ် သားဖွားမီးယပ်ဆောင်မှာ ၈၅ ကုတင်ရှိပြီး၊ သားဖွားခန်း တစ်ခန်းပါဝင်ပါတယ်။ ဒုတိယထပ်မှာ ခွဲစိတ်ကုသ လူနာဆောင်ရှိပြီး အမျိုးသား လူနာ အတွက် ကုတင် ၄၂ လုံး၊ အမျိုးသမီးလူနာအတွက် ၄၂ လုံး၊ တတိယထပ်မှာ ကလေးလူနာအတွက် ကုတင် အလုံး ၆ဝ၊ အပေါ်ဆုံးထပ်မှာ ဘုရားခန်း၊ အစည်းအဝေးခန်း၊ စာကြည့်တိုက်ခန်းများ ပါဝင်တယ်လို့ သိရပါတယ်။

လှိုင်သာယာဆေးရုံကို ၂၅ ကုတင်ဆံ့ဆေးရုံအဖြစ် ၁၉၉၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ ၂ဝ၁၇ ခုနှစ်မှာတော့ ၂ ထပ် လူနာဆောင်တစ်ဆောင် ကို တိုးချဲ့တည်ဆောက်ခဲ့ပြီးနောက် ကုတင် ၂ဝဝ ဆံ့ဖြင့် အသုံးပြုကုသပေး ခဲ့ပြီး လေးထပ်တိုးချဲ့ဆောင်သစ်မပြီးခင်အထိ ကုတင် ၃၂၅ ခန့်နဲ့ ကြပ်ကြပ်တည်းတည်း ကုသပေးရာကနေ လက်ရှိမှာ ခုတင် ၄၅ဝ ခန့်အထိ အသုံးပြု ကုသပေးနိုင်တော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှသိရပါတယ်။

လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံ လေးထပ် တိုးချဲ့ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ အခမ်းအနား ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ အရင္က ကုတင္ ၃၂၅ ခန႔္နဲ႔ ၾကပ္ၾကပ္ တည္းတည္း ကုသေပးရာကေန လက္ရွိမွာေတာ့ ကုတင္ ၄၅ဝ ခန႔္အထိ အသုံးျပဳ ကုသေပးႏိုင္ေတာ့မွာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ သိရပါတယ္။လႈိင္သာယာျပည္သူ႔ေဆး႐ုံကို အဆင့္ျမႇင့္တင္တဲ့အေနနဲ႔ ေလးထပ္ တိုးခ်ဲ႕ေဆာင္သစ္ကို ထပ္မံေဆာက္လုပ္ခဲ့ တာျဖစ္ၿပီး ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွာေတာ့ အဲ့ဒီ ေလးထပ္တိုးခ်ဲ႕ေဆာင္သစ္ကို ဖြင့္လွစ္ႏိုင္ခဲ့ၿပီျဖစ္တဲ့အတြက္ ကုတင္ ၄၅ဝ ခန႔္အထိ အသုံးျပဳ ကုသေပးႏိုင္ေတာ့ မွာျဖစ္ပါတယ္။

အသစ္ဖြင့္လွစ္ခဲ့တဲ့ ေလးထပ္တိုးခ်ဲ႕ေဆာင္သစ္ရဲ႕ ေျမညီထပ္မွာ အေၾကာအဆစ္ကုဌာန၊ ျပင္ပအထူးကု လူနာဌာန၊ ဓာတ္ခြဲခန္း၊ ေသြးလႉ ဘဏ္ခြဲ၊ အႏုဇီဝေဗဒ ဓာတ္ခြဲခန္း၊ ဓာတ္မွန္ခန္း၊ စီတီစကင္န္ခန္း၊ အက္ထရာေဆာင္းခန္း၊ အုပ္ခ်ဳပ္ေရးခန္းေတြပါဝင္ပါတယ္။ပထမ ထပ္ သားဖြားမီးယပ္ေဆာင္မွာ ၈၅ ကုတင္ရွိၿပီး၊ သားဖြားခန္း တစ္ခန္းပါဝင္ပါတယ္။ ဒုတိယထပ္မွာ ခြဲစိတ္ကုသ လူနာေဆာင္ရွိၿပီး အမ်ိဳးသား လူနာ အတြက္ ကုတင္ ၄၂ လုံး၊ အမ်ိဳးသမီးလူနာအတြက္ ၄၂ လုံး၊ တတိယထပ္မွာ ကေလးလူနာအတြက္ ကုတင္ အလုံး ၆ဝ၊ အေပၚဆုံးထပ္မွာ ဘုရားခန္း၊ အစည္းအေဝးခန္း၊ စာၾကည့္တိုက္ခန္းမ်ား ပါဝင္တယ္လို႔ သိရပါတယ္။

လႈိင္သာယာေဆး႐ုံကို ၂၅ ကုတင္ဆံ့ေဆး႐ုံအျဖစ္ ၁၉၉၁ ခုႏွစ္မွာ စတင္အသုံးျပဳခဲ့တာပါ။ ၂ဝ၁၇ ခုႏွစ္မွာေတာ့ ၂ ထပ္ လူနာေဆာင္တစ္ေဆာင္ ကို တိုးခ်ဲ႕တည္ေဆာက္ခဲ့ၿပီးေနာက္ ကုတင္ ၂ဝဝ ဆံ့ျဖင့္ အသုံးျပဳကုသေပး ခဲ့ၿပီး ေလးထပ္တိုးခ်ဲ႕ေဆာင္သစ္မၿပီးခင္အထိ ကုတင္ ၃၂၅ ခန႔္နဲ႔ ၾကပ္ၾကပ္တည္းတည္း ကုသေပးရာကေန လက္ရွိမွာ ခုတင္ ၄၅ဝ ခန႔္အထိ အသုံးျပဳ ကုသေပးႏိုင္ေတာ့မွာျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕မွသိရပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံ ေလးထပ္ တိုးခ်ဲ႕ေဆာင္သစ္ဖြင့္ပြဲ အခမ္းအနားကို ႏိုဝင္ဘာလ ၁၇ ရက္ေန႔က ျပဳလုပ္ခဲ့ရာမွာ အခမ္းအနား ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို႔ တက္ေရာက္ခဲ့ၿပီး အမွာစကား ေျပာၾကားခဲ့ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ႏိုဝင္ဘာ ၁၈
ဓာတ္ပုံ- ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕