လှိုင်သာယာ စက်မှုဇုန်တွင် ဗုံးသီးဟောင်း တွေ့ရှိ

လှိုင်သာယာ စက်မှုဇုန်တွင် ဗုံးသီးဟောင်း တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) ရှိ ရွှေသံလွင်ကုမ္ပဏီဝင်း ခြံကွက်အတွင်းမှ ဗုံးသီးဟောင်း (၁) လုံးအား ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) ရှိ ရွှေသံလွင် ကုမ္ပဏီဝင်း ခြံကွက်အတွင်း အလုပ်သမားဖြစ်သူ ဦးရခိုင် သည် အဆောက်အဦး ဆောက်လုပ်ရန် မြေပြုပြင်နေစဉ် အလျား ၁၁ လက်မ၊ အနံ ၃ လက်မခွဲခန့်၊ လုံးပတ် ၁၀ လက်မခန့်ရှိ ဗုံးသီးဟောင်း ၁ လုံးအား တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တင်လတ် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရှင်းလင်းခဲ့ပြီး ဗုံသီးဟောင်းအား တပ်မတော်မှ သိမ်းဆည်းသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၂) ရွိ ေ႐ႊသံလြင္ကုမၸဏီဝင္း ၿခံကြက္အတြင္းမွ ဗုံးသီးေဟာင္း (၁) လုံးအား ဒီဇင္ဘာလ ၁၇ ရက္ေန႔က ေတြ႕ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၇ ရက္ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၂) ရွိ ေ႐ႊသံလြင္ ကုမၸဏီဝင္း ၿခံကြက္အတြင္း အလုပ္သမားျဖစ္သူ ဦးရခိုင္ သည္ အေဆာက္အဦး ေဆာက္လုပ္ရန္ ေျမျပဳျပင္ေနစဥ္ အလ်ား ၁၁ လက္မ၊ အနံ ၃ လက္မခြဲခန႔္၊ လုံးပတ္ ၁၀ လက္မခန႔္ရွိ ဗုံးသီးေဟာင္း ၁ လုံးအား ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လႈိင္သာယာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုတိယရဲမႉး တင္လတ္ ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆး ရွင္းလင္းခဲ့ၿပီး ဗုံသီးေဟာင္းအား တပ္မေတာ္မွ သိမ္းဆည္းသြားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈