လှိုင်းဘွဲ့မြို့နယ်တွင် မော်တော်ယာဉ် ၁ စီး ပေါ်မှ လက်ပစ်ဗုံး၊သေနတ်နှင့် မူးယစ်ဆေးဝါးများဖမ်းမိ

လှိုင်းဘွဲ့မြို့နယ်တွင် မော်တော်ယာဉ် ၁ စီး ပေါ်မှ လက်ပစ်ဗုံး၊သေနတ်နှင့် မူးယစ်ဆေးဝါးများဖမ်းမိ

လှိုင်းဘွဲ့မြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့က မော်တော်ယာဉ် ၁ စီးအား သတင်းအရ ရပ်တန့်စစ်ဆေးရာ လက်ပစ်ဗုံး၊သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၇ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် လှိုင်းဘွဲ့မြို့နယ်၊ တညှင်းကုန်းကျေးရွာထိပ်၊ ထီလုံတာဘောင်လမ်းတွင် တာဘောင်ကျေးရွာဘက်မှ ထီလုံကျေးရွာဘက်သို့ ဘားအံမြို့နယ်၊ ထောင်ကလပ် ကျေးရွာနေ အခီး(ခ)အကျော် ၄၂ နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မငွေကြည် ၂၂ နှစ်တို့ လိုက်ပါ လာသည့် မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၃ ပြား၊ ကာဘိုင်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည် ၃၅ တောင့် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရ မိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ၂ ဦးအား ထီလုံနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါး များ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဆက်စပ်ပတ်သက်သူများ ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
လှိုင်းဘွဲ့၊ သြဂုတ် ၁၉
ဓာတ်ပုံ-CCDAC Myanmar

(  Zawgyi  )

 လႈိင္းဘြဲ႕ၿမိဳ႕နယ္တြင္ ၾသဂုတ္လ ၁၇ ရက္ေန႔က ေမာ္ေတာ္ယာဥ္ ၁ စီးအား သတင္းအရ ရပ္တန႔္စစ္ေဆးရာ လက္ပစ္ဗုံး၊ေသနတ္ႏွင့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့တယ္လို႔ မူးယစ္ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၁၇ ရက္ ည ၁၁ နာရီ အခ်ိန္ခန႔္တြင္ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ တညႇင္းကုန္းေက်း႐ြာထိပ္၊ ထီလုံတာေဘာင္လမ္းတြင္ တာေဘာင္ေက်း႐ြာဘက္မွ ထီလုံေက်း႐ြာဘက္သို႔ ဘားအံၿမိဳ႕နယ္၊ ေထာင္ကလပ္ ေက်း႐ြာေန အခီး(ခ)အေက်ာ္ ၄၂ ႏွစ္ေမာင္းႏွင္ၿပီး ဇနီးျဖစ္သူ မေငြၾကည္ ၂၂ ႏွစ္တို႔ လိုက္ပါ လာသည့္ ေမာ္ေတာ္ယာဥ္အား သတင္းအရ ရပ္တန႔္စစ္ေဆးရာ ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀၀၃ ျပား၊ ကာဘိုင္ေသနတ္ ၁ လက္၊ လက္ပစ္ဗုံး ၃ လုံး၊ က်ည္ ၃၅ ေတာင့္ ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရ မိခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသူ ၂ ဦးအား ထီလုံနယ္ေျမ ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါး မ်ား ဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး ဆက္စပ္ပတ္သက္သူမ်ား ဖမ္းဆီးရမိေရး အတြက္ ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
လႈိင္းဘြဲ႕၊ ၾသဂုတ္ ၁၉
ဓာတ္ပုံ-CCDAC Myanmar