ဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင်ကူးပြောင်း ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ထိရောက်မြန် ဆန်စေမည်ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဆို

ဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင်ကူးပြောင်း ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ထိရောက်မြန် ဆန်စေမည်ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဆို

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင် ကူးပြောင်း ရေးဆိုင်ရာလုပ်ငန်းစဉ်များ ကိုလည်း ထိရောက်မြန်ဆန်စေမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်က ပြောကြားခဲ့ပါတယ်။ယနေ့ပြုလုပ်သည့်ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပ ဉ္စမနေ့ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့အား စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန အဖြစ် ပူးပေါင်းပြင်ဆင်ရေးနှင့် စပ်လျှဉ်း၍ လွှတ်တော်သို့ ရှင်းလင်းစဉ် ပြောကြားခြင်း ဖြစ်ပါတယ်။

“ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးသည်လည်း စက်မှုဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်နေတဲ့ အ တွက် ထိုကဲ့သို့ ပူးပေါင်းဖွဲ့စည်း လိုက်ခြင်း အားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များအားလုံးကို ဝန်ကြီးဌာနတစ်ခုတည်းအောက်မှာ တစ်စုတစ်စည်းတည်းဖြစ်စေသဖြင့် စီမံကိန်းနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရာမှာ များစွာထိရောက်မြန်ဆန်စေမှာဖြစ်ပါတယ်။

ယခုကဲ့သို့ ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလကတည်းက စက်မှုဝန်ကြီးဌာန၏ ရပ်ဆိုင်းထားရတဲ့ စက်ရုံ၊ အလုပ်ရုံများကို လေ့လာသုံးသပ်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နိုင်ငံတော် စီးပွား ရေးအရ ပေါင်းစည်းညှိနှိုင်းရေးကော်မတီ NECC နဲ့ ပိုမိုနီကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းတူ စက်မှုဝန်ထမ်းများအတွက်လည်း ၎င်းတို့၏ ကျွမ်းကျင်မှု သဘောဆန္ဒများနှင့် ကိုက်ညီမှု လုပ်ငန်းများ ကို ဝန်ကြီးဌာနအသစ်တွင် ပိုမိုလွယ်ကူအဆင်ပြေစွာ ကူးပြောင်းထမ်းဆောင်နိုင်စေမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ် ”ဟု ဒုတိယဝန်ကြီးဦးဆက်အောင်မှပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးစနစ်ဟာ ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်နေတဲ့အတွက် ဈေးကွက်စီး ပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင် မည့် စက်မှုကဏ္ဍဆိုင်ရာမူဝါဒများနှင့်ကြီးကြပ်ထိန်းကွပ်မှုများ ကို ဆောင်ရွက်နိုင်မည့်ဖွဲ့စည်းပုံအသစ် ကို အသွင်ကူးပြောင်းရေး ဟာ အလွန်တရာအရေးကြီးလှပါကြောင်း၊ စက်မှု ဝန်ကြီး ဌာနလက်အောက် လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်မြန်မာနိုင်ငံ စက်မှု လက်မှုလုပ် ငန်းများ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်းပါဝင်ပြီးပထမပိုင်း မှာစက်မှုဝန်ကြီးဌာန လက်အောက် မှာရှိသည့်ပုံသေပိုင်ပစ္စည်းများကို ပုဂ္ဂလိကကဏ္ဍကို မဟာဗျူဟာကျကျ နှင့်စနစ်တကျ လွှဲပြောင်း ပေးရန်ဖြစ်ပါကြောင်း၊ ဒုတိယ အပိုင်းတွင်မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းများနှင့်SME အခန်းကဏ္ဍကို ထိရောက်စွာ ထိန်း ကျောင်းမြှင့်တင်နိုင်စေရန်အတွက် မူဝါဒများချမှတ်ခြင်း၊ ကြီးကြပ်ထိန်းကျောင်းခြင်းများပြုလုပ်ခြင်း၊ လူ သား အရင်းအမြစ်များ ပျိုးထောင်ခြင်း၊ လုပ်ငန်းစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်တဲ့ ဖွဲ့စည်း ပုံသို့ အသွင်ကူး ပြောင်းခြင်းတို့ ဖြစ်ပါကြောင်း၊ယခုလို အဆိုပြုသည့် အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းများ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပိုမိုမြန်ဆန်ထိ ရောက်ပြီး ရေရှည် တည်တံ့ခိုင်မြဲသော အသွင်းကူးပြောင်းမှု ရလဒ်များကို ရရှိမှာဖြစ်ပါကြောင်း၊ဝန်ကြီးဌာန နှစ် ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ် များ ကိုလည်း ထိရောက်မြန် ဆန် စေမှာဖြစ်ကြောင်း၊နိုင်ငံတကာမှာ လည်း စက်မှုဝန် ကြီးဌာနကို ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန၊ စီးပွားရေး၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန စသည်ဖြင့် စီးပွားရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာနများနှင့် ပူးတွဲဖွဲ့စည်းလေ့ ရှိကြပါ ကြောင်းနှင့်မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံအတွက် နိုင်ငံတော်ဘဏ္ဍာငွေ များကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနကို ပူးပေါင်းဖွဲ့စည်းရန် အသင့်လျော် ဆုံးဖြစ်ကြောင်း တင်ပြလိုပါကြောင်း၊ ဒုတိယဝန်ကြီးဦးဆက် အောင်မှပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ပါတယ်။

ယင်းသို့တင်ပြမှုအပေါ်ပြည်ထောင်စုလွှတ်တော်နာယမှအထက်ပါကိစ္စနှင်စပ်လျှဉ်းပြီး လွှတ်တော် ကိုယ်စား လှယ်များရဲ့ ဆွေးနွေးခြင်း အစီအစဉ် ကို ၂၀.၁၁.၂၀၁၉ ရက်နေ့တွင် ဆောင်ရွက်ဖို့ လျာထားပါကြောင်း နှင့် ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၁၉.၁၁.၂၀၁၉ ရက်နေ့မှာ အမည်စာရင်းပေးသွင်းနိုင် ကြောင်းလွှတ်တော်သို့ပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ-၁၅

(  Zawgyi  )

 ဝန္ႀကီးဌာန ႏွစ္ခုကို ပူးေပါင္းဖြဲ႕စည္းျခင္းအားျဖင့္ အသြင္ကူးေျပာင္း ေရးဆိုင္ရာလုပ္ငန္းစဥ္မ်ားကို ထိေရာက္ျမန္ ဆန္ေစမည္ဟု စီမံ/ဘ႑ာ ဒုဝန္ႀကီး ဆို

 စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ စက္မႈဝန္ႀကီးဌာန ႏွစ္ခုကို ပူးေပါင္းဖြဲ႕စည္းျခင္းအားျဖင့္ အသြင္ ကူးေျပာင္း ေရးဆိုင္ရာလုပ္ငန္းစဥ္မ်ား ကိုလည္း ထိေရာက္ျမန္ဆန္ေစမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးဆက္ေအာင္က ေျပာၾကားခဲ့ပါတယ္။
ယေန႔ျပဳလုပ္သည့္ဒုတိယအႀကိမ္၊ ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး ပ ၪၥမေန႔ တြင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဌာနႏွင့္ စက္မႈဝန္ႀကီးဌာနတို႔အား စီမံကိန္း၊ ဘ႑ာ ေရးႏွင့္ စက္မႈဝန္ႀကီးဌာန အျဖစ္ ပူးေပါင္းျပင္ဆင္ေရးႏွင့္ စပ္လွ်ဥ္း၍ လႊတ္ေတာ္သို႔ ရွင္းလင္းစဥ္ ေျပာၾကားျခင္း ျဖစ္ပါတယ္။

“ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ ဝန္ႀကီးသည္လည္း စက္မႈဝန္ႀကီးဌာန၏ ဝန္ႀကီးျဖစ္ေနတဲ့ အ တြက္ ထိုကဲ့သို႔ ပူးေပါင္းဖြဲ႕စည္း လိုက္ျခင္း အားျဖင့္ အသြင္ကူးေျပာင္းေရးဆိုင္ရာလုပ္ငန္းစဥ္မ်ားအားလုံးကို ဝန္ႀကီးဌာနတစ္ခုတည္းေအာက္မွာ တစ္စုတစ္စည္းတည္းျဖစ္ေစသျဖင့္ စီမံကိန္းႏွင့္ ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ ကိစၥရပ္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရာမွာ မ်ားစြာထိေရာက္ျမန္ဆန္ေစမွာျဖစ္ပါတယ္။

ယခုကဲ့သို႔ ပူးေပါင္းဖြဲ႕စည္းျခင္းအားျဖင့္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္တာကာလကတည္းက စက္မႈဝန္ႀကီးဌာန၏ ရပ္ဆိုင္းထားရတဲ့ စက္႐ုံ၊ အလုပ္႐ုံမ်ားကို ေလ့လာသုံးသပ္ခဲ့ေသာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဦးေဆာင္တဲ့ ႏိုင္ငံေတာ္ စီးပြား ေရးအရ ေပါင္းစည္းညႇိႏႈိင္းေရးေကာ္မတီ NECC နဲ႔ ပိုမိုနီကပ္စြာ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္မည့္ နည္းတူ စက္မႈဝန္ထမ္းမ်ားအတြက္လည္း ၎တို႔၏ ကြၽမ္းက်င္မႈ သေဘာဆႏၵမ်ားႏွင့္ ကိုက္ညီမႈ လုပ္ငန္းမ်ား ကို ဝန္ႀကီးဌာနအသစ္တြင္ ပိုမိုလြယ္ကူအဆင္ေျပစြာ ကူးေျပာင္းထမ္းေဆာင္ႏိုင္ေစမွာျဖစ္ေၾကာင္း တင္ျပအပ္ပါတယ္ ”ဟု ဒုတိယဝန္ႀကီးဦးဆက္ေအာင္မွေျပာပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံစီးပြားေရးစနစ္ဟာ ေဈးကြက္စီးပြားေရးစနစ္ကို ဦးတည္ေနတဲ့အတြက္ ေဈးကြက္စီး ပြားေရးစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ မည့္ စက္မႈက႑ဆိုင္ရာမူဝါဒမ်ားႏွင့္ႀကီးၾကပ္ထိန္းကြပ္မႈမ်ား ကို ေဆာင္႐ြက္ႏိုင္မည့္ဖြဲ႕စည္းပုံအသစ္ ကို အသြင္ကူးေျပာင္းေရး ဟာ အလြန္တရာအေရးႀကီးလွပါေၾကာင္း၊ စက္မႈ ဝန္ႀကီး ဌာနလက္ေအာက္ လက္ရွိ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ျမန္မာႏိုင္ငံ စက္မႈ လက္မႈလုပ္ ငန္းမ်ား အသြင္ကူးေျပာင္းမႈလုပ္ငန္းစဥ္မွာ အဓိကအားျဖင့္ အပိုင္း ၂ ပိုင္းပါဝင္ၿပီးပထမပိုင္း မွာစက္မႈဝန္ႀကီးဌာန လက္ေအာက္ မွာရွိသည့္ပုံေသပိုင္ပစၥည္းမ်ားကို ပုဂၢလိကက႑ကို မဟာဗ်ဴဟာက်က် ႏွင့္စနစ္တက် လႊဲေျပာင္း ေပးရန္ျဖစ္ပါေၾကာင္း၊ ဒုတိယ အပိုင္းတြင္ျမန္မာႏိုင္ငံရဲ႕ စက္မႈလုပ္ငန္းမ်ားႏွင့္SME အခန္းက႑ကို ထိေရာက္စြာ ထိန္း ေက်ာင္းျမႇင့္တင္ႏိုင္ေစရန္အတြက္ မူဝါဒမ်ားခ်မွတ္ျခင္း၊ ႀကီးၾကပ္ထိန္းေက်ာင္းျခင္းမ်ားျပဳလုပ္ျခင္း၊ လူ သား အရင္းအျမစ္မ်ား ပ်ိဳးေထာင္ျခင္း၊ လုပ္ငန္းစဥ္မ်ားကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္တဲ့ ဖြဲ႕စည္း ပုံသို႔ အသြင္ကူး ေျပာင္းျခင္းတို႔ ျဖစ္ပါေၾကာင္း၊ယခုလို အဆိုျပဳသည့္ အတိုင္း ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံ စက္မႈ လက္မႈ လုပ္ငန္းမ်ား အသြင္ကူးေျပာင္းမႈ လုပ္ငန္းစဥ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာမွာ ပိုမိုျမန္ဆန္ထိ ေရာက္ၿပီး ေရရွည္ တည္တံ့ခိုင္ၿမဲေသာ အသြင္းကူးေျပာင္းမႈ ရလဒ္မ်ားကို ရရွိမွာျဖစ္ပါေၾကာင္း၊ဝန္ႀကီးဌာန ႏွစ္ ခုကို ပူးေပါင္းဖြဲ႕စည္းျခင္းအားျဖင့္ အသြင္ကူးေျပာင္းေရးဆိုင္ရာ လုပ္ငန္းစဥ္ မ်ား ကိုလည္း ထိေရာက္ျမန္ ဆန္ ေစမွာျဖစ္ေၾကာင္း၊ႏိုင္ငံတကာမွာ လည္း စက္မႈဝန္ ႀကီးဌာနကို ကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီး ဌာန၊ စီးပြားေရး၊ ကုန္ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန စသည္ျဖင့္ စီးပြားေရးႏွင့္ ဆက္စပ္ေသာ ဝန္ႀကီးဌာနမ်ားႏွင့္ ပူးတြဲဖြဲ႕စည္းေလ့ ရွိၾကပါ ေၾကာင္းႏွင့္ျမန္မာႏိုင္ငံ၏ အေျခအေနအရ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံေတာ္ဘ႑ာေငြ မ်ားကို စနစ္တက် အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လွ်က္ရွိသည့္စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ စက္မႈ ဝန္ႀကီးဌာနကို ပူးေပါင္းဖြဲ႕စည္းရန္ အသင့္ေလ်ာ္ ဆုံးျဖစ္ေၾကာင္း တင္ျပလိုပါေၾကာင္း၊ ဒုတိယဝန္ႀကီးဦးဆက္ ေအာင္မွျပည္ေထာင္စုလႊတ္ေတာ္သို႔တင္ျပခဲ့ပါတယ္။

ယင္းသို႔တင္ျပမႈအေပၚျပည္ေထာင္စုလႊတ္ေတာ္နာယမွအထက္ပါကိစၥႏွင္စပ္လွ်ဥ္းၿပီး လႊတ္ေတာ္ ကိုယ္စား လွယ္မ်ားရဲ႕ ေဆြးေႏြးျခင္း အစီအစဥ္ ကို ၂၀.၁၁.၂၀၁၉ ရက္ေန႔တြင္ ေဆာင္႐ြက္ဖို႔ လ်ာထားပါေၾကာင္း ႏွင့္ ေဆြးေႏြးလိုသည့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရွိပါက ၁၉.၁၁.၂၀၁၉ ရက္ေန႔မွာ အမည္စာရင္းေပးသြင္းႏိုင္ ေၾကာင္းလႊတ္ေတာ္သို႔ေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ-၁၅