ဝန်ကြီးတစ်ဦး၏ အခြေအမြစ်မရှိ၊ ဥပဒေလက်လွတ် ပြောကြားချက်များကို ငြင်းဆိုကန့်ကွက်ကြောင်းနှင့် ပြောကြားချက်များကို ဖြေရှင်းအရေးယူပေးရန် တပ်မတော်မှ တင်ပြ

ဝန်ကြီးတစ်ဦး၏ အခြေအမြစ်မရှိ၊ ဥပဒေလက်လွတ် ပြောကြားချက်များကို ငြင်းဆိုကန့်ကွက်ကြောင်းနှင့် ပြောကြားချက်များကို ဖြေရှင်းအရေးယူပေးရန် တပ်မတော်မှ တင်ပြ

အစိုးရအနေနဲ့ ကွက်ကဲမှုအောက်မှာရှိသည့် ဝန်ကြီးတစ်ဦး၏ အခြေအမြစ်မရှိ ဥပဒေလက်လွတ် ပြောကြားချက်များကို ငြင်းဆိုကန့်ကွက်ကြောင်းနှင့် ယင်းသို့ပြောကြားချက်များကို ဖြေရှင်းပေးရန်အရေးယူပေးရန် တပ်မတော်မှ တင်ပြကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်။

ယနေ့မွန်းလွဲပိုင်း၊ နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးတစ်ဦးက မြန်မာမွတ်စလင်လူငယ်များအဖွဲ့ချုပ်မှာ ပြောကြားတဲ့အထဲမှာ (၃) ခုလောက် ရှိပါတယ်။ပထမဦးဆုံး ကန့်ကွက်နေတဲ့ဆန္ဒပြတဲ့ကိစ္စနဲ့ ပြောကြားတယ်၊ ကျနော်တို့ အဓိကပတ်သက်တာကတော့ ဒုတိယပြောကြားချက်ပေါ့။တတိယပြောကြားချက်။ကန့်ကွက်သူဖမ်းမှာလားလို့ပြောတော့ ဖမ်းမှာလို့ပြောတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဖမ်းခိုင်းရမှာဖြစ်တယ်။တရားဥပဒေစိုးမိုးရေးက အဓိကတာဝန်ရှိတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ပေးမှာဖြစ်တယ်။ရဲတပ်ဖွဲ့ကို အဓိကအုပ်ချုပ်နေတာက အစိုးရမဟုတ်ဘဲနဲ့ မည်သည့်အဖွဲ့အစည်းက အုပ်ချုပ်နေတယ်ဆိုတာ အားလုံးသိတယ်လို့ ပြောသွားတယ်။ဦးဝီရသူနဲ့ ဘူးလက်လှဆွေ က လည်း တိမ်းရှောင်နေတယ်။ဒီဟာတွေကို ကျနော်တို့က ထင်ယောင်ထင်မှားဖြစ်အောင် အထောက်အထားမဲ့ ဥပဒေလက်လွတ်ပြောသွားတယ်လို့ သိရပါတယ်။

နောက်တစ်ခုက ဆန္ဒပြတာနဲ့ပတ်သက်ပြီး ကြေးစားဆန္ဒပြတဲ့သူတွေဖမ်းဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့ကြီးကို တာဝန်ပေးလို့ရှိရင် ၎င်းအဖွဲ့က အစိုးရဲ့အောက်မှာမရှိဘဲနဲ့ တစ်ဖက်အဖွဲ့အစည်းရဲ့ အောက်ကို ရောက်နေတဲ့အခါ ဒါတွေနဲ့ပတ်သက်ပြီး တစ်ဖက်အဖွဲ့အစည်းရဲ့မျက်နှာ ပြန်ကြည့်ရသဖြင့် ဖမ်းလည်းမဖမ်းဘူးဆိုတာလည်း ပြောသွားတာရှိပါတယ်။ဘာကိုရည်ရွယ်ပြီးပြောတယ်။ဘယ်အဖွဲ့အစည်းကိုပြောတယ်ဆိုတာ ထင်ရှားပါတယ်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၂၃၁-ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၂) အရ မှန်ပါတယ်၊ ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတာဖြစ်တယ်။သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ကွပ်ကဲမှုအုပ်ချုပ်မှု အစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်။အခြေခံဥပဒေမှာပါတဲ့ပုဒ်မ-၂၁၆ ကနေ ၂၂၀ အထိ ပြည်ထောင်စုအစိုးရရဲ့ အုပ်ချုပ်မှုအခွင့်အာဏာ၊ ပုဒ်မ-၂၀၁ ကနေ ပုဒ် မ-၂၁၅ မှာ အကျုံးဝင်တဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်တွေ ပြန်ပြီးလေ့လာကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။လက်တွေ့ မြေပြင်မှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ လေ့လာကြည့်ဖို့လိုတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ အဖွဲ့အစည်းတစ်ခု သိက္ခာကျစေတဲ့စိတ်နဲ့ လုပ်တာကတော့ မကောင်းဘူးလို့ပြောချင်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှ ပြောကြားခဲ့ပါတယ်။

ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ တပ်မတော်သဘောထားနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှ “အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကတော့ နံပတ် (၁) ကတော့ လုံးဝအခြေအမြစ်မရှိဘဲနဲ့ ဥပဒေနဲ့မညီတဲ့ ပြောကြားချက်လို့ ပြောလိုပါတယ်။နံပတ် (၂) အချက်ကတော့တပ်မတော်အနေနဲ့ အခြေအမြစ်မရှိ ဥပဒေလက်လွတ်ပြောကြားချက်တွေကို ငြင်းဆိုပါတယ်၊ကန့်ကွက်ပါတယ်။(၃) အချက်ကတော့ အစိုးရအနေနဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဝန်ကြီးတစ်ဦးရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့ အရေးယူပေးဖို့ တင်ပြလိုပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၃

( Zawgyi )

အစိုးရအေနနဲ႔ ကြက္ကဲမႈေအာက္မွာရွိသည့္ ဝန္ႀကီးတစ္ဦး၏ အေျခအျမစ္မရွိ ဥပေဒလက္လြတ္ ေျပာၾကားခ်က္မ်ားကို ျငင္းဆိုကန႔္ကြက္ေၾကာင္းႏွင့္ ယင္းသို႔ေျပာၾကားခ်က္မ်ားကို ေျဖရွင္းေပးရန္အေရးယူေပးရန္ တပ္မေတာ္မွ တင္ျပေၾကာင္းတပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းမွ ေျပာၾကားခဲ့ပါတယ္။

ယေန႔မြန္းလြဲပိုင္း၊ ေနျပည္ေတာ္၊ တပ္မေတာ္စစ္သမိုင္းျပတိုက္တြင္ ျပဳလုပ္သည့္ တပ္မေတာ္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ဒီဟာနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုဝန္ႀကီးတစ္ဦးက ျမန္မာမြတ္စလင္လူငယ္မ်ားအဖြဲ႕ခ်ဳပ္မွာ ေျပာၾကားတဲ့အထဲမွာ (၃) ခုေလာက္ ရွိပါတယ္။ပထမဦးဆုံး ကန႔္ကြက္ေနတဲ့ဆႏၵျပတဲ့ကိစၥနဲ႔ ေျပာၾကားတယ္၊ က်ေနာ္တို႔ အဓိကပတ္သက္တာကေတာ့ ဒုတိယေျပာၾကားခ်က္ေပါ့။တတိယေျပာၾကားခ်က္။ကန႔္ကြက္သူဖမ္းမွာလားလို႔ေျပာေတာ့ ဖမ္းမွာလို႔ေျပာတယ္။ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ဖမ္းခိုင္းရမွာျဖစ္တယ္။တရားဥပေဒစိုးမိုးေရးက အဓိကတာဝန္ရွိတာက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ေပးမွာျဖစ္တယ္။ရဲတပ္ဖြဲ႕ကို အဓိကအုပ္ခ်ဳပ္ေနတာက အစိုးရမဟုတ္ဘဲနဲ႔ မည္သည့္အဖြဲ႕အစည္းက အုပ္ခ်ဳပ္ေနတယ္ဆိုတာ အားလုံးသိတယ္လို႔ ေျပာသြားတယ္။ဦးဝီရသူနဲ႔ ဘူးလက္လွေဆြ က လည္း တိမ္းေရွာင္ေနတယ္။ဒီဟာေတြကို က်ေနာ္တို႔က ထင္ေယာင္ထင္မွားျဖစ္ေအာင္ အေထာက္အထားမဲ့ ဥပေဒလက္လြတ္ေျပာသြားတယ္လို႔ သိရပါတယ္။

ေနာက္တစ္ခုက ဆႏၵျပတာနဲ႔ပတ္သက္ၿပီး ေၾကးစားဆႏၵျပတဲ့သူေတြဖမ္းဖို႔ တရားဥပေဒစိုးမိုးေရးအဖြဲ႕ႀကီးကို တာဝန္ေပးလို႔ရွိရင္ ၎အဖြဲ႕က အစိုးရဲ႕ေအာက္မွာမရွိဘဲနဲ႔ တစ္ဖက္အဖြဲ႕အစည္းရဲ႕ ေအာက္ကို ေရာက္ေနတဲ့အခါ ဒါေတြနဲ႔ပတ္သက္ၿပီး တစ္ဖက္အဖြဲ႕အစည္းရဲ႕မ်က္ႏွာ ျပန္ၾကည့္ရသျဖင့္ ဖမ္းလည္းမဖမ္းဘူးဆိုတာလည္း ေျပာသြားတာရွိပါတယ္။ဘာကိုရည္႐ြယ္ၿပီးေျပာတယ္။ဘယ္အဖြဲ႕အစည္းကိုေျပာတယ္ဆိုတာ ထင္ရွားပါတယ္။ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္၊ ပုဒ္မ ၂၃၁-ပုဒ္မခြဲ (ခ) ပုဒ္မခြဲငယ္ (၂) အရ မွန္ပါတယ္၊ ျပည္ေထာင္စုဝန္ႀကီးကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္း တင္သြင္းတာျဖစ္တယ္။သို႔ေသာ္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ ပတ္သက္ၿပီး ကြပ္ကဲမႈအုပ္ခ်ဳပ္မႈ အစိုးရအဖြဲ႕မွာ လုပ္ပိုင္ခြင့္အျပည့္ရွိပါတယ္။အေျခခံဥပေဒမွာပါတဲ့ပုဒ္မ-၂၁၆ ကေန ၂၂၀ အထိ ျပည္ေထာင္စုအစိုးရရဲ႕ အုပ္ခ်ဳပ္မႈအခြင့္အာဏာ၊ ပုဒ္မ-၂၀၁ ကေန ပုဒ္ မ-၂၁၅ မွာ အက်ဳံးဝင္တဲ့ ႏိုင္ငံေတာ္သမၼတရဲ႕ လုပ္ပိုင္ေတြ ျပန္ၿပီးေလ့လာၾကည့္ရင္ ေတြ႕ရမွာျဖစ္ပါတယ္။လက္ေတြ႕ ေျမျပင္မွာလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ ပတ္သက္လို႔ ဘယ္လိုလုပ္ေဆာင္ေနတယ္ဆိုတာ ေလ့လာၾကည့္ဖို႔လိုတယ္။အဲ့လိုမွမဟုတ္ဘဲနဲ႔ အဖြဲ႕အစည္းတစ္ခု သိကၡာက်ေစတဲ့စိတ္နဲ႔ လုပ္တာကေတာ့ မေကာင္းဘူးလို႔ေျပာခ်င္တယ္” ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း မွ ေျပာၾကားခဲ့ပါတယ္။

ယင္းေျပာဆိုခ်က္မ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သေဘာထားႏွင့္ ပတ္သက္၍ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း မွ “အဲ့ဒီေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး တပ္မေတာ္ရဲ႕ သေဘာထားကေတာ့ နံပတ္ (၁) ကေတာ့ လုံးဝအေျခအျမစ္မရွိဘဲနဲ႔ ဥပေဒနဲ႔မညီတဲ့ ေျပာၾကားခ်က္လို႔ ေျပာလိုပါတယ္။နံပတ္ (၂) အခ်က္ကေတာ့တပ္မေတာ္အေနနဲ႔ အေျခအျမစ္မရွိ ဥပေဒလက္လြတ္ေျပာၾကားခ်က္ေတြကို ျငင္းဆိုပါတယ္၊ကန႔္ကြက္ပါတယ္။(၃) အခ်က္ကေတာ့ အစိုးရအေနနဲ႔ ကြပ္ကဲမႈေအာက္မွာရွိတဲ့ ဝန္ႀကီးတစ္ဦးရဲ႕ ဒီလိုေျပာၾကားခ်က္ေတြကို ေျဖရွင္းေပးဖို႔ အေရးယူေပးဖို႔ တင္ျပလိုပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၃