ဝိုင်းမော် - ဆဒုံး - ကန်ပိုင်တီ လမ်း ယာယီတံတား တည်ဆောက်ပြီးစီး ၁၃ တန်နှင့်အောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဟု ဆို

ဝိုင်းမော် - ဆဒုံး - ကန်ပိုင်တီ လမ်း ယာယီတံတား တည်ဆောက်ပြီးစီး ၁၃ တန်နှင့်အောက် မော်တော်ယာဉ်များ
ဖြတ်သန်းသွားလာနိုင်ပြီဟု ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ တရုတ်နယ်စပ် ကမ်ပိုင်တီကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ဆဒုံးရေတံခွန် တည်ရှိရာ ဆဒုံးတံတားဟာ ယခုလ ဒီဇင်ဘာ ၁၄ ရက်နေ့က သံသတ္တုများ တင်ဆောင်လာသော ၁၂ ဘီးကားကြီး ဖြတ်သန်းစဉ် ကျိုးကျမှု ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ရပါတယ်။

ယခုအခါမှာတော့ ကချင်ပြည်နယ် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ ထိန်မိန်ကုမ္ပဏီတို့ ပူးပေါင်း၍ ယာယီလမ်းလွှဲ ပြုလုပ်ပြီး H 20 သံဘောင်ဖြင့် တံတားတည်ဆောက်ပြီးဖြစ်၍ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းမှ စတင်ကာ ၁၃ တန်နှင့်အောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
Photo Credit - Ministry of Construction
မြစ်ကြီးနား၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နဲ႔ တ႐ုတ္နယ္စပ္ ကမ္ပိုင္တီကို ဆက္သြယ္ထားတဲ့ ကားလမ္းေပၚက ဆဒုံးေရတံခြန္ တည္ရွိရာ ဆဒုံးတံတားဟာ ယခုလ ဒီဇင္ဘာ ၁၄ ရက္ေန႔က သံသတၱဳမ်ား တင္ေဆာင္လာေသာ ၁၂ ဘီးကားႀကီး ျဖတ္သန္းစဥ္ က်ိဳးက်မႈ ျဖစ္ပြားခဲ့ၿပီး လမ္းပန္းဆက္သြယ္ေရး ယာယီျပတ္ေတာက္ခဲ့ရပါတယ္။

ယခုအခါမွာေတာ့ ကခ်င္ျပည္နယ္ လမ္းဦးစီးဌာန၊ တံတားဦးစီးဌာန၊ ထိန္မိန္ကုမၸဏီတို႔ ပူးေပါင္း၍ ယာယီလမ္းလႊဲ ျပဳလုပ္ၿပီး H 20 သံေဘာင္ျဖင့္ တံတားတည္ေဆာက္ၿပီးျဖစ္၍ ဒီကေန႔ ဒီဇင္ဘာ ၁၈ ရက္၊ နံနက္ပိုင္းမွ စတင္ကာ ၁၃ တန္ႏွင့္ေအာက္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္ၿပီ ျဖစ္တယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
Photo Credit - Ministry of Construction
ျမစ္ႀကီးနား၊ ဒီဇင္ဘာ - ၁၈