သင်ယူထားသော ပညာရပ်နဲ့ လုပ်နေသော အလုပ်အကိုင် လွဲမှားမှု လူငယ်များကြား၌ အများဆုံး ကြုံတွေ့

သင်ယူထားသော ပညာရပ်နဲ့ လုပ်နေသော အလုပ်အကိုင် လွဲမှားမှု လူငယ်များကြား၌ အများဆုံး ကြုံတွေ့

တက္ကသိုလ်များတွင် သင်ယူထားကြသော ပညာရပ်တွေနဲ့ လက်တွေ့နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေ ကွဲလွဲနေတာမျိုးကို လူငယ်တွေရဲ့ကြားမှာ အများဆုံးကြုံနေရ တယ်လို့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ယနေ့(ဩဂုတ် ၁၀) ရက်က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ လူငယ်ရေးရာအဖွဲ့အစည်းတွေက သုံးသပ်ထားကြပါတယ်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီက ဩဂုတ် ၁၀ ရက်နဲ့ ၁၁ တို့တွင် နှစ်ရက်တာ ကျင်းပနေတာဖြစ်သလို လူငယ်တွေရဲ့ ကြားမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို ဆွေးနွေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပြီး ပညာပေးပြခန်းတွေကိုလည်း ဖွင့်လှစ်ပြသခဲ့ကြပါတယ်။

"ကိုယ်က တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ ပညညရပ်နဲ့ ဘာမှမဆိုင်တဲ့ နယ်ပယ်မှာ အဘုပ်လုပ်ရတယ်၊ ဒါက လူငယ်တွေ တော်တော်များများမှာ ကြုံနေတာ၊ ဖြစ်နေတာက ဟင်းပွဲအရသာကို မသိဘဲ အကဲဖြတ်မြည်းစမ်းနေရသလိုမျိုး၊ ဟင်းပွဲအရသာ သိအောင်လည်း အခွင့်အရေးမရှိဘူး၊ ဒါကြောင့် လည်း တက္ကသိုလ်မှာသင်ခဲ့တဲ့ပညာနဲ့ ကိုယ်အလုပ် လုပ်ရမယ့် နယ်ပယ်ဆက်စပ်နိုင်ဖို့ ဖန်တီးပေးနိုင် ဖို့ အရေးကြီးပါတယ်"လို့ သပြေပညာရေးဖောင်ဒေးရှင်းမှ စောထိန်လင်းက ဆွေးနွေးပြောကြား ခဲ့ပါ တယ်။

ယခုဆိုရင် အစိုးရပိုင်းကလည်း တက္ကသိုလ်ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ထဲ ဆက်စပ်နိုင်ဖို့လုပ်ဆောင် နေ တာတွေ ရှိလာသလို လိုအပ်နေတဲ့အခက်အခဲတွေ၊ လူငယ်တွေရဲ့ ကြားမှာ ကြုံနေရတဲ့ အခြေအနေတွေကို စုစည်းပြုစုကာ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေထံ တင်ပြသွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ယနေ့မှစတင်ကာ နှစ်ရက်တာ ကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားလေးမှာ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကေ်ာမတီ ရဲ့ ဦးဆောင်မှုနဲ့ အတူ Kant Kaw Education Center, Cartoon brothers,  မြန်မာနိုင်ငံ စားသုံးသူသမဂ္ဂ၊ ရောင်ခြည်သစ်အဖွဲ့၊ The Age of SDGs, U Report, Yangon Debate League, စံပယ်ဖြူအဖွဲ့၊ AIESEC, Pañnã Institute, Future stars,Sharing Association, Action Women Development Initiative, IYCAP, New Myanmar Foundation, Women Federation For Peace, Travel with me, Precious Stones, Cultural Heritage Initiative Tour (CHIT) ၊ Myanmar Youth Stars Network စတဲ့ အဖွဲ့အစည်းပေါင်း ၂၀ ကျော်တို့ရဲ့ ပညာပေးမှု အစီအစဉ်တွေ၊ ဉာဏ်စမ်းအစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။  

ဇွဲမာန်                                                 
ရန်ကုန်၊ ဩဂုတ် ၁၀

(  Zawgyi  )

 တကၠသိုလ္မ်ားတြင္ သင္ယူထားၾကေသာ ပညာရပ္ေတြနဲ႔ လက္ေတြ႕နယ္ပယ္မွာ လုပ္ကိုင္ေနတဲ့ အလုပ္အကိုင္ေတြ ကြဲလြဲေနတာမ်ိဳးကို လူငယ္ေတြရဲ႕ၾကားမွာ အမ်ားဆုံးႀကဳံေနရ တယ္လို႔ ရန္ကုန္တကၠသိုလ္ ဝိဇၨာခန္းမမွာ ယေန႔(ဩဂုတ္ ၁၀) ရက္က ျပဳလုပ္တဲ့ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ အခမ္းအနားမွာ လူငယ္ေရးရာအဖြဲ႕အစည္းေတြက သုံးသပ္ထားၾကပါတယ္။

အဆိုပါ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ အခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာ ေကာ္မတီက ဩဂုတ္ ၁၀ ရက္နဲ႔ ၁၁ တို႔တြင္ ႏွစ္ရက္တာ က်င္းပေနတာျဖစ္သလို လူငယ္ေတြရဲ႕ ၾကားမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ၊ အခြင့္အလမ္းေတြကို ေဆြးေႏြးတဲ့ အစီအစဥ္ေတြလည္း ပါဝင္ၿပီး ပညာေပးျပခန္းေတြကိုလည္း ဖြင့္လွစ္ျပသခဲ့ၾကပါတယ္။

"ကိုယ္က တကၠသိုလ္မွာ သင္ခဲ့ရတဲ့ ပညညရပ္နဲ႔ ဘာမွမဆိုင္တဲ့ နယ္ပယ္မွာ အဘုပ္လုပ္ရတယ္၊ ဒါက လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ႀကဳံေနတာ၊ ျဖစ္ေနတာက ဟင္းပြဲအရသာကို မသိဘဲ အကဲျဖတ္ျမည္းစမ္းေနရသလိုမ်ိဳး၊ ဟင္းပြဲအရသာ သိေအာင္လည္း အခြင့္အေရးမရွိဘူး၊ ဒါေၾကာင့္ လည္း တကၠသိုလ္မွာသင္ခဲ့တဲ့ပညာနဲ႔ ကိုယ္အလုပ္ လုပ္ရမယ့္ နယ္ပယ္ဆက္စပ္ႏိုင္ဖို႔ ဖန္တီးေပးႏိုင္ ဖို႔ အေရးႀကီးပါတယ္"လို႔ သေျပပညာေရးေဖာင္ေဒးရွင္းမွ ေစာထိန္လင္းက ေဆြးေႏြးေျပာၾကား ခဲ့ပါ တယ္။

ယခုဆိုရင္ အစိုးရပိုင္းကလည္း တကၠသိုလ္ေက်ာင္းၿပီးတာနဲ႔ လုပ္ငန္းခြင္ထဲ ဆက္စပ္ႏိုင္ဖို႔လုပ္ေဆာင္ ေန တာေတြ ရွိလာသလို လိုအပ္ေနတဲ့အခက္အခဲေတြ၊ လူငယ္ေတြရဲ႕ ၾကားမွာ ႀကဳံေနရတဲ့ အေျခအေနေတြကို စုစည္းျပဳစုကာ သက္ဆိုင္ရာတာဝန္ရွိတဲ့ သူေတြထံ တင္ျပသြားဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

ယေန႔မွစတင္ကာ ႏွစ္ရက္တာ က်င္းပေနတဲ့ ၂၀၁၉ ခုႏွစ္ အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔ အခမ္းအနားေလးမွာ ကြၽန္မတို႔ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေက္ာမတီ ရဲ႕ ဦးေဆာင္မႈနဲ႔ အတူ Kant Kaw Education Center, Cartoon brothers,  ျမန္မာႏိုင္ငံ စားသုံးသူသမဂၢ၊ ေရာင္ျခည္သစ္အဖြဲ႕၊ The Age of SDGs, U Report, Yangon Debate League, စံပယ္ျဖဴအဖြဲ႕၊ AIESEC, Pañnã Institute, Future stars,Sharing Association, Action Women Development Initiative, IYCAP, New Myanmar Foundation, Women Federation For Peace, Travel with me, Precious Stones, Cultural Heritage Initiative Tour (CHIT) ၊ Myanmar Youth Stars Network စတဲ့ အဖြဲ႕အစည္းေပါင္း ၂၀ ေက်ာ္တို႔ရဲ႕ ပညာေပးမႈ အစီအစဥ္ေတြ၊ ဉာဏ္စမ္းအစီအစဥ္ေတြလည္း ပါဝင္ခဲ့ပါတယ္။  

ဇြဲမာန္                                                 
ရန္ကုန္၊ ဩဂုတ္ ၁၀