သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးအနီး လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ

သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးအနီး လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ

သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးအနီးတွင် လက်ပစ်ဗုံးတစ်လုံး ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ရှိသည့် လက်ပစ်ဗုံးနှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးကော်မတီ ထုတ်ပြန်ချက်တွင် နံနက် ၇ နာရီ ၁၅ မိနစ်၌ အမှိုက်ကောက်သူတစ်ဦးက တွေ့ရှိပြီး အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ တိုင်းခရိုင်၊ မြို့နယ်ရဲ့ တပ်ဖွဲ့များမှ လာရောက်ရှင်းလင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

“မနက်က အဲ့ဒီနားမှာ လက်ပစ်ဗုံးတွေ့လို့ဆိုပြီး ရဲတွေလာတာတွေ့တယ်။တာယာတွေနဲ့ဖုံးပြီး ရှင်းနေကြတာပဲ။အနားမှာ CCTV ရှိတယ်ပြောတော့ ပြန်စစ်နေတယ်လို့ သိရတယ်။ဘာပဲဖြစ်ဖြစ် ဒါက အနားကသူတွေရော ရုံးထဲဝင်ထွက်နေသူတွေရော အသက်အန္တရာယ် စိုးရိမ်စရာ” လို့ အဆိုပါအနီးနားရှိ ပြည်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါ လက်ပစ်ဗုံးမှာ စနက်တံဖြုတ်ထားခြင်း မရှိသော်လည်း ပေါက်ကွဲရန် အသင့်ဖြစ်နေသည့် လက်ပစ်ဗုံးတစ်လုံးဖြစ်နေကာ ယမန်နေ့ကလည်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရာ အဆောက်အဦးတွင် ဗုံးထောင်ထားကြောင်း သတင်းများထွက်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရပြီး မဟုတ်မှန်ဘဲ ကောလာဟလသတင်းများ ထွက်ပေါ်ခြင်းသာဖြစ်ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၂၄
Photo Credit : Thingangyun Township Info Committee NLD

( Zawgyi )

သဃၤန္းကြၽန္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္႐ုံးအနီးတြင္ လက္ပစ္ဗုံးတစ္လုံး ယေန႔နံနက္ပိုင္းက ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါေတြ႕ရွိသည့္ လက္ပစ္ဗုံးႏွင့္ ပတ္သက္ၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ သတင္းႏွင့္ ျပန္ၾကားေရးေကာ္မတီ ထုတ္ျပန္ခ်က္တြင္ နံနက္ ၇ နာရီ ၁၅ မိနစ္၌ အမႈိက္ေကာက္သူတစ္ဦးက ေတြ႕ရွိၿပီး အေၾကာင္းၾကားခဲ့သျဖင့္ သက္ဆိုင္ရာ တိုင္းခ႐ိုင္၊ ၿမိဳ႕နယ္ရဲ႕ တပ္ဖြဲ႕မ်ားမွ လာေရာက္ရွင္းလင္းခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ မရွိေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

“မနက္က အဲ့ဒီနားမွာ လက္ပစ္ဗုံးေတြ႕လို႔ဆိုၿပီး ရဲေတြလာတာေတြ႕တယ္။တာယာေတြနဲ႔ဖုံးၿပီး ရွင္းေနၾကတာပဲ။အနားမွာ CCTV ရွိတယ္ေျပာေတာ့ ျပန္စစ္ေနတယ္လို႔ သိရတယ္။ဘာပဲျဖစ္ျဖစ္ ဒါက အနားကသူေတြေရာ ႐ုံးထဲဝင္ထြက္ေနသူေတြေရာ အသက္အႏၲရာယ္ စိုးရိမ္စရာ” လို႔ အဆိုပါအနီးနားရွိ ျပည္သူတစ္ဦးက ဆိုပါတယ္။

အဆိုပါ လက္ပစ္ဗုံးမွာ စနက္တံျဖဳတ္ထားျခင္း မရွိေသာ္လည္း ေပါက္ကြဲရန္ အသင့္ျဖစ္ေနသည့္ လက္ပစ္ဗုံးတစ္လုံးျဖစ္ေနကာ ယမန္ေန႔ကလည္း ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာဝင္းအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေနထိုင္ရာ အေဆာက္အဦးတြင္ ဗုံးေထာင္ထားေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးခဲ့ရၿပီး မဟုတ္မွန္ဘဲ ေကာလာဟလသတင္းမ်ား ထြက္ေပၚျခင္းသာျဖစ္ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၂၄
Photo Credit : Thingangyun Township Info Committee NLD