သစ်သီး၀လံ ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့် မူဆယ်၌ ခွင့်ပြုပေးနေ

သစ်သီး၀လံ ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့် မူဆယ်၌ ခွင့်ပြုပေးနေ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝယ်လက်တွေ လာရောက်နိုင်မှု အခြေအနေနည်းကာ ပြည်တွင်းက သစ်သီးကုန်သည်တွေအနေနဲ့ အခက်အခဲဖြစ်ပေါ်မှုကို ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ သတ်မှတ်ပေးလိုက်ကြောင်း မူဆယ်အခြေစိုက် သစ်သီး၀လံကုန်စည်ဒိုင်မှ သိရပါတယ်။

“ဖရဲသခွားသမားတွေအနေနဲ့လည်း အခက်အခဲတွေကြုံနေရတာကြောင့် အခုလိုကင်းလွတ်ခွင့်ပြုတာမျိုးနဲ့ လုပ်နေတာပါ၊ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၂၃ ရက်အတွင်း ကောက်ခံတာမျိုးမလုပ်ပါဘူး၊ ဒါပေမဲ့ တစ်ဖက်နိုင်ငံရဲ့ ရောဂါအခြေအနေပေါ် ဝယ်လက်တွေရဲ့အနေအထားပေါ် မူတည်ပြီးတော့ အခုလိုကင်းလွတ်ခွင့်ကို ရက်ထပ်တိုးမြှင့်ဖို့ကိုလည်း လုပ်သွားမှာပါ” လို့ ယင်းကုန်စည်ဒိုင်မှာ တာဝန်ခံဖြစ်သူ ဒေါ်ရီရီခိုင် က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ရဲ့ စီးပွားရေးကော်မတီက ကောက်ခံနေသော အခွန်နှုန်းကို ဖေဖော်ဝါရီလကုန်အထိ အခွန်နှုန်းကို လုံး၀ပလပ်ပေးထားပြီး မတ်လအတွင်း ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးမှာဖြစ်ကြောင်း၊ ဧပြီလထဲမှာတော့ တရုတ်နိုင်ငံမှာဖြစ်ပွားတဲ့ ရောဂါကူးစက်မှုအခြေအနေပေါ် မူတည်ပြီး အခွန်နှုန်းကို ပြန်လည်ထိန်းညှိပေးသွားဖို့ရှိတယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) မှာတော့ ဖရဲကား ခြောက်စီး၊ ဂျပ်ဖာ ၁၇ စီး၊ သခွားမွှေး ၇၈ စီး ဝင်ရောက်နေပြီး တရုတ်ဘက်မှ ဆင်းလာတဲ့ ဝယ်လက် ၁၀၀ ခန့်သာ ရှိနေကြောင်း၊ ဖရဲများမှာ ကားတစ်စီးလုံး ပုတ်ပြတ်စျေး ယွမ် ၄၀၀၀ မှ ၆၀၀၀ ကြား စျေးရှိနေပြီး၊ ရွှေသခွား (ဂျပ်ဖာ) တစ်ကီလိုလျှင် ၃ ယွမ်မှ ၄ ဒသမ ၃ ယွမ်၊ ရွှေဖရဲ၊ သခွား (အရောင်လှ၊ အသီးရှင်း၊ အညှာစိုပါက) ၁ ဒသမ ၅ ယွမ်မှ ၂ ယွမ် စျေးဖြင့်သာ အရောင်းအဝယ်လုပ်နေကြကြောင်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၅
( Zawgyi )
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဝယ္လက္ေတြ လာေရာက္ႏိုင္မႈ အေျခအေနနည္းကာ ျပည္တြင္းက သစ္သီးကုန္သည္ေတြအေနနဲ႔ အခက္အခဲျဖစ္ေပၚမႈကို ကုန္စည္ဒိုင္ေၾကး ကင္းလြတ္ခြင့္အျဖစ္ ေဖေဖာ္ဝါရီ ၂၃ ရက္အထိ သတ္မွတ္ေပးလိုက္ေၾကာင္း မူဆယ္အေျခစိုက္ သစ္သီး၀လံကုန္စည္ဒိုင္မွ သိရပါတယ္။

“ဖရဲသခြားသမားေတြအေနနဲ႔လည္း အခက္အခဲေတြႀကဳံေနရတာေၾကာင့္ အခုလိုကင္းလြတ္ခြင့္ျပဳတာမ်ိဳးနဲ႔ လုပ္ေနတာပါ၊ ေဖေဖာ္ဝါရီ ၁၀ ရက္ကေန ၂၃ ရက္အတြင္း ေကာက္ခံတာမ်ိဳးမလုပ္ပါဘူး၊ ဒါေပမဲ့ တစ္ဖက္ႏိုင္ငံရဲ႕ ေရာဂါအေျခအေနေပၚ ဝယ္လက္ေတြရဲ႕အေနအထားေပၚ မူတည္ၿပီးေတာ့ အခုလိုကင္းလြတ္ခြင့္ကို ရက္ထပ္တိုးျမႇင့္ဖို႔ကိုလည္း လုပ္သြားမွာပါ” လို႔ ယင္းကုန္စည္ဒိုင္မွာ တာဝန္ခံျဖစ္သူ ေဒၚရီရီခိုင္ က ေျပာပါတယ္။

ဒါ့အျပင္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) အထူးေဒသ (၄) ရဲ႕ စီးပြားေရးေကာ္မတီက ေကာက္ခံေနေသာ အခြန္ႏႈန္းကို ေဖေဖာ္ဝါရီလကုန္အထိ အခြန္ႏႈန္းကို လုံး၀ပလပ္ေပးထားၿပီး မတ္လအတြင္း ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ေပးမွာျဖစ္ေၾကာင္း၊ ဧၿပီလထဲမွာေတာ့ တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားတဲ့ ေရာဂါကူးစက္မႈအေျခအေနေပၚ မူတည္ၿပီး အခြန္ႏႈန္းကို ျပန္လည္ထိန္းညႇိေပးသြားဖို႔ရွိတယ္လို႔ ေဖေဖာ္ဝါရီ ၁၄ ရက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီကေန႔ (ေဖေဖာ္ဝါရီ ၁၅ ရက္) မွာေတာ့ ဖရဲကား ေျခာက္စီး၊ ဂ်ပ္ဖာ ၁၇ စီး၊ သခြားေမႊး ၇၈ စီး ဝင္ေရာက္ေနၿပီး တ႐ုတ္ဘက္မွ ဆင္းလာတဲ့ ဝယ္လက္ ၁၀၀ ခန႔္သာ ရွိေနေၾကာင္း၊ ဖရဲမ်ားမွာ ကားတစ္စီးလုံး ပုတ္ျပတ္ေစ်း ယြမ္ ၄၀၀၀ မွ ၆၀၀၀ ၾကား ေစ်းရွိေနၿပီး၊ ေ႐ႊသခြား (ဂ်ပ္ဖာ) တစ္ကီလိုလွ်င္ ၃ ယြမ္မွ ၄ ဒသမ ၃ ယြမ္၊ ေ႐ႊဖရဲ၊ သခြား (အေရာင္လွ၊ အသီးရွင္း၊ အညႇာစိုပါက) ၁ ဒသမ ၅ ယြမ္မွ ၂ ယြမ္ ေစ်းျဖင့္သာ အေရာင္းအဝယ္လုပ္ေနၾကေၾကာင္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၅