သတင်းမီဒီယာအပေါ် ကွဲပြားရှုမြင်မှုရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဆို

သတင်းမီဒီယာအပေါ် ကွဲပြားရှုမြင်မှုရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဆို

သတင်းမီဒီယာအပေါ် ခွဲခြားဆက်ဆံမှု မရှိသော်လည်း ကွဲပြားရှုမြင်မှုရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ယနေ့မွန်းလွဲပိုင်း၊ နေပြည်တော်၊တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့်တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားလိုက်ပါတယ်။

“မီဒီယာများနဲ့ပတ်သက်ပြီး ကျွန်တော်ပြောလိုပါတယ်။တချို့မီဒီယာတွေပေါ့လေ၊ ကျွန်တော့်ကို လှမ်း ပြောတာရှိပါတယ်။မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ ဖုန်းဆက်တယ်ပေါ့နော် ကျွန်တော့အနေနဲ့ ဖုန်းမကိုင်ဘူးပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောလိုပါတယ်။သူတို့စွပ်စွဲတာက ခွဲခြားဆက်ဆံမှုရှိတယ်ဆိုပြီး ပြောတယ်။အဲ့ဒါတွေကိုမလုပ်ပါနဲ့လို့ပြောတဲ့ မီဒီယာတွေလည်းရှိတယ်။ကျွန်တော်ဆီမှာ ဖုန်းတွေကအများကြီးပဲ၊ မီဒီယာတွေက တရားဝင်ပေးထားတဲ့ ဖုန်းနံပါတ်တွေကို အတတ်နိုင်ဆုံးကြိုးစားပြီးဖြေတယ်။ ဖုန်းစိမ်းတွေဆိုရင်တော့ ကျွန်တော်မဖြေဘူး။ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဖုန်းမှန်းမသိတော့ မဖြေခြင်းဖြစ်ပါတယ်။ခွဲခြားဆက်ဆံမှုမရှိပါဘူး။ဒါပေမယ့် တစ်ခုတော့ရှိတယ်။ကွဲပြားရှုမြင်မှုရှိပါတယ်။ဝန်ခံပါတယ်။တချို့မီဒီယာတွေက ပြည်တွင်း ပြည်ပ မီဒီယာတွေ မီဒီယာအကြီးအငယ်တွေ ကျွန်တော်မခွဲခြားဘူး။အကြီးပဲဖြစ်ဖြစ် အငယ်ပဲဖြစ်ဖြစ် ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ်။ဒါပေမယ့် ကျွန်တော်တို့ကတော့ တစ်ခုတော့ကြည့်ပါတယ်။ကျွန်တော်တို့ ပြောတာတွေကို ဘယ်လိုအဓိပ္ပါယ်ဖော်တာတို့ ဘယ်လိုရေးတာတို့ ဘယ်လိုသဘောထားရှိတာတို့ ဒါတွေကတော့ ကိုယ်ပြောတဲ့စကား ကိုယ်ပြန်ကြည့်တာပေါ့ဗျာ။အဲ့ဒီပေါ်မှာ မူတည်ပြီးတော့ ကွဲပြားရှုမြင်တာတော့ရှိတယ်လို့ ကျွန်တော်ဝန်ခံပါတယ်။

ခင်ဗျားတို့ အိမ်နီးနားချင်းတွေအပေါ်မှာ ခင်ဗျားတို့တစ်ရပ်ကွက်ထဲရှိတဲ့သူတွေအပေါ်မှာ ခင်ဗျားတို့ ခွဲခြားဆက်ဆံမှုရှိလားလို့မေးရင် ခင်ဗျားတို့ ခွဲခြားဆက်ဆံမှုမရှိဘူးလို့ပဲဖြေမှာပဲ ဒါဆို တစ်သဘောထဲ ထားတာလား၊ အကုန်လုံးကို သာတူညီမျှထားတာလားဆို မထားပါဘူး။သူတို့ရဲ့ လုပ်ဆောင်ရေး ဆက်ဆံရေးပေါ်မှာ မူတည်ပြီးတော့ ကွဲပြားဆက်ဆံမှုရှိပါတယ်။ဒါကြောင့်မို့လို့ ကျွန်တော်တို့ မီဒီယာနဲ့ပတ်သက်ပြီး တော့ သတင်းမေးတာ သတင်းဖြေတာနဲ့ ပတ်သက်ပြီးတော့ ခွဲခြားတာမရှိဘူးလို့ပဲ ပြောလိုပါတယ်” ဟုဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၃

( Zawgyi )

သတင္းမီဒီယာအေပၚ ခြဲျခားဆက္ဆံမႈ မရွိေသာ္လည္း ကြဲျပားရႈျမင္မႈရွိေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွ ယေန႔မြန္းလြဲပိုင္း၊ ေနျပည္ေတာ္၊တပ္မေတာ္စစ္သမိုင္းျပတိုက္တြင္ ျပဳလုပ္သည့္တပ္မေတာ္သတင္းစာရွင္းလင္းပြဲတြင္ ဝန္ခံေျပာၾကားလိုက္ပါတယ္။

“မီဒီယာမ်ားနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာလိုပါတယ္။တခ်ိဳ႕မီဒီယာေတြေပါ့ေလ၊ ကြၽန္ေတာ့္ကို လွမ္း ေျပာတာရွိပါတယ္။မီဒီယာေတြနဲ႔ပတ္သက္ၿပီးေတာ့ ဖုန္းဆက္တယ္ေပါ့ေနာ္ ကြၽန္ေတာ့အေနနဲ႔ ဖုန္းမကိုင္ဘူးေပါ့ေနာ္။အဲ့ဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာလိုပါတယ္။သူတို႔စြပ္စြဲတာက ခြဲျခားဆက္ဆံမႈရွိတယ္ဆိုၿပီး ေျပာတယ္။အဲ့ဒါေတြကိုမလုပ္ပါနဲ႔လို႔ေျပာတဲ့ မီဒီယာေတြလည္းရွိတယ္။ကြၽန္ေတာ္ဆီမွာ ဖုန္းေတြကအမ်ားႀကီးပဲ၊ မီဒီယာေတြက တရားဝင္ေပးထားတဲ့ ဖုန္းနံပါတ္ေတြကို အတတ္ႏိုင္ဆုံးႀကိဳးစားၿပီးေျဖတယ္။ ဖုန္းစိမ္းေတြဆိုရင္ေတာ့ ကြၽန္ေတာ္မေျဖဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္ဖုန္းမွန္းမသိေတာ့ မေျဖျခင္းျဖစ္ပါတယ္။ခြဲျခားဆက္ဆံမႈမရွိပါဘူး။ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္။ကြဲျပားရႈျမင္မႈရွိပါတယ္။ဝန္ခံပါတယ္။တခ်ိဳ႕မီဒီယာေတြက ျပည္တြင္း ျပည္ပ မီဒီယာေတြ မီဒီယာအႀကီးအငယ္ေတြ ကြၽန္ေတာ္မခြဲျခားဘူး။အႀကီးပဲျဖစ္ျဖစ္ အငယ္ပဲျဖစ္ျဖစ္ ျပည္တြင္းပဲျဖစ္ျဖစ္ ျပည္ပပဲျဖစ္ျဖစ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ တစ္ခုေတာ့ၾကည့္ပါတယ္။ကြၽန္ေတာ္တို႔ ေျပာတာေတြကို ဘယ္လိုအဓိပၸါယ္ေဖာ္တာတို႔ ဘယ္လိုေရးတာတို႔ ဘယ္လိုသေဘာထားရွိတာတို႔ ဒါေတြကေတာ့ ကိုယ္ေျပာတဲ့စကား ကိုယ္ျပန္ၾကည့္တာေပါ့ဗ်ာ။အဲ့ဒီေပၚမွာ မူတည္ၿပီးေတာ့ ကြဲျပားရႈျမင္တာေတာ့ရွိတယ္လို႔ ကြၽန္ေတာ္ဝန္ခံပါတယ္။

ခင္ဗ်ားတို႔ အိမ္နီးနားခ်င္းေတြအေပၚမွာ ခင္ဗ်ားတို႔တစ္ရပ္ကြက္ထဲရွိတဲ့သူေတြအေပၚမွာ ခင္ဗ်ားတို႔ ခြဲျခားဆက္ဆံမႈရွိလားလို႔ေမးရင္ ခင္ဗ်ားတို႔ ခြဲျခားဆက္ဆံမႈမရွိဘူးလို႔ပဲေျဖမွာပဲ ဒါဆို တစ္သေဘာထဲ ထားတာလား၊ အကုန္လုံးကို သာတူညီမွ်ထားတာလားဆို မထားပါဘူး။သူတို႔ရဲ႕ လုပ္ေဆာင္ေရး ဆက္ဆံေရးေပၚမွာ မူတည္ၿပီးေတာ့ ကြဲျပားဆက္ဆံမႈရွိပါတယ္။ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ မီဒီယာနဲ႔ပတ္သက္ၿပီး ေတာ့ သတင္းေမးတာ သတင္းေျဖတာနဲ႔ ပတ္သက္ၿပီးေတာ့ ခြဲျခားတာမရွိဘူးလို႔ပဲ ေျပာလိုပါတယ္” ဟုဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွ ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၃