သတ်မှတ်ချက်နဲ့ညီတဲ့ အိမ်သုံးမီတာ လျှောက်ထားလာမှုများ နေ့ချင်းပြီး ခွင့်ပြုတပ်ဆင်ပေးနေ

သတ်မှတ်ချက်နဲ့ညီတဲ့ အိမ်သုံးမီတာ လျှောက်ထားလာမှုများ နေ့ချင်းပြီး ခွင့်ပြုတပ်ဆင်ပေးနေ

ရန်ကုန်တိုင်းဒေသကြီးထဲမှာ အိမ်သုံးမီတာ လျှောက်ထားလာမှုတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အခြေအနေမျိုးကို စိစစ်တွေ့ရတဲ့အခါ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး ရုံးကနေ နေ့ချင်းပြီး ခွင့်ပြုချက်ပေးကာ တပ်ဆင်ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနိုင်ရေးအတွက် အိမ်သုံးမီတာ လျှောက်ထားခြင်း၊ လုပ်ငန်းသုံး ပါဝါမီတာ လျှောက်ထားခြင်း၊ ထရန်စဖော်မာ လျှောက်ထားခြင်း စတဲ့ ကိစ္စရပ်များ အပါအဝင် လုပ်ငန်းများအတွက် အရင်က မြို့နယ်ရုံးမှ ခရိုင်ရုံး၊ ခရိုင်ရုံးမှ ရုံးချုပ်၊ ရုံးချုပ်မှ ဝန်ကြီးရုံးသို့ အဆင့်ဆင့်တင်ပြကာ ခွင့်ပြုချက်ရယူပြီးမှ ချထားပေးတဲ့ အခြေအနေကနေ အခု အစိုးရသစ်လက်ထက်မှာတော့ ဖြေလျှော့မှုတွေ ဆောင်ရွက်ပေးခဲ့သလို နေ့ချင်းပြီး တပ်ဆင်တာကို ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထို့အပြင် အိမ်သုံး ပါဝါမီတာတွေ၊ စက်မှုလုပ်ငန်းသုံး ပါဝါမီတာတွေ၊ ယာယီမီတာတွေအနေနဲ့ သက်ဆိုင်ရာ ခရိုင်ရုံးကနေ စိစစ်ဆောင်ရွက်ပြီး ခွင့်ပြုမိန့်ကို ငါးရက်အတွင်း ထုတ်ပေးနေသလို ထရန်စဖော်မာတွေအနေနဲ့က ခရိုင်ရုံးကနေတစ်ဆင့် ရုံးချုပ်ကိုတင်ပြကာ ရုံးချုပ်ကနေ စိစစ်ပြီးတော့ တစ်လအတွင်း ခွင့်ပြုမိန့် ပြန်လည်ထုတ်ပေးနေတယ်လို့ သိရပါတယ်။ဒါ့အပြင် ဓာတ်အားတောင်းခံမှုပမာဏ ၁ အမ်ဗွီအေ မှ ၁၀ အမ်ဗွီအေ အောက်အထိကို ၃၃ ကေဗွီ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံအသစ်များ သီးခြားတည်ဆောက်စေတဲ့ အခြေအနေမျိုးဖြင့် လည်းကောင်း၊ ၁၀ အမ်ဗွီအေနဲ့ အထက် တောင်းခံလာမှုတွေအတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံအသစ်တွေ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အားကို ရယူစေဖို့အတွက် ၃၃/၁၁ ကေဗွီ (သို့မဟုတ်) ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ကာ ဓာတ်အားရယူဖို့ လိုအပ်တာကြောင့်လည်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနရဲ့ သဘောထားမှတ်ချက်ကို ရယူကာ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ လုပ်ငန်းမှုဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့  တင်ပြပြီးမှ စိစစ်ခွင့်ပြုကာ ဆောင်ရွက်နေတယ်လို့ အဆိုပါ ကော်ပိုရေးရှင်းမှ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ အိမ္သုံးမီတာ ေလွ်ာက္ထားလာမႈေတြနဲ႔ ပတ္သက္ၿပီး သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့ အေျခအေနမ်ိဳးကို စိစစ္ေတြ႕ရတဲ့အခါ သက္ဆိုင္ရာ ၿမိဳ႕နယ္လွ်ပ္စစ္ဓာတ္အားေပးေရး ႐ုံးကေန ေန႔ခ်င္းၿပီး ခြင့္ျပဳခ်က္ေပးကာ တပ္ဆင္ေဆာင္႐ြက္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC) မွ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ လွ်ပ္စစ္ဓာတ္အား သုံးစြဲသူ ျပည္သူမ်ားအေနျဖင့္ လွ်ပ္စစ္ဓာတ္အား ရယူသုံးစြဲႏိုင္ေရးအတြက္ အိမ္သုံးမီတာ ေလွ်ာက္ထားျခင္း၊ လုပ္ငန္းသုံး ပါဝါမီတာ ေလွ်ာက္ထားျခင္း၊ ထရန္စေဖာ္မာ ေလွ်ာက္ထားျခင္း စတဲ့ ကိစၥရပ္မ်ား အပါအဝင္ လုပ္ငန္းမ်ားအတြက္ အရင္က ၿမိဳ႕နယ္႐ုံးမွ ခ႐ိုင္႐ုံး၊ ခ႐ိုင္႐ုံးမွ ႐ုံးခ်ဳပ္၊ ႐ုံးခ်ဳပ္မွ ဝန္ႀကီး႐ုံးသို႔ အဆင့္ဆင့္တင္ျပကာ ခြင့္ျပဳခ်က္ရယူၿပီးမွ ခ်ထားေပးတဲ့ အေျခအေနကေန အခု အစိုးရသစ္လက္ထက္မွာေတာ့ ေျဖေလွ်ာ့မႈေတြ ေဆာင္႐ြက္ေပးခဲ့သလို ေန႔ခ်င္းၿပီး တပ္ဆင္တာကို ေဆာင္႐ြက္ေပးခဲ့တာ ျဖစ္ပါတယ္။

ထို႔အျပင္ အိမ္သုံး ပါဝါမီတာေတြ၊ စက္မႈလုပ္ငန္းသုံး ပါဝါမီတာေတြ၊ ယာယီမီတာေတြအေနနဲ႔ သက္ဆိုင္ရာ ခ႐ိုင္႐ုံးကေန စိစစ္ေဆာင္႐ြက္ၿပီး ခြင့္ျပဳမိန႔္ကို ငါးရက္အတြင္း ထုတ္ေပးေနသလို ထရန္စေဖာ္မာေတြအေနနဲ႔က ခ႐ိုင္႐ုံးကေနတစ္ဆင့္ ႐ုံးခ်ဳပ္ကိုတင္ျပကာ ႐ုံးခ်ဳပ္ကေန စိစစ္ၿပီးေတာ့ တစ္လအတြင္း ခြင့္ျပဳမိန႔္ ျပန္လည္ထုတ္ေပးေနတယ္လို႔ သိရပါတယ္။ဒါ့အျပင္ ဓာတ္အားေတာင္းခံမႈပမာဏ ၁ အမ္ဗြီေအ မွ ၁၀ အမ္ဗြီေအ ေအာက္အထိကို ၃၃ ေကဗြီ ဓာတ္အားလိုင္းနဲ႔ ဓာတ္အားခြဲ႐ုံအသစ္မ်ား သီးျခားတည္ေဆာက္ေစတဲ့ အေျခအေနမ်ိဳးျဖင့္ လည္းေကာင္း၊ ၁၀ အမ္ဗြီေအနဲ႔ အထက္ ေတာင္းခံလာမႈေတြအတြက္ ၆၆ ေကဗြီ ဓာတ္အားလိုင္းနဲ႔ ဓာတ္အားခြဲ႐ုံအသစ္ေတြ တည္ေဆာက္ကာ လွ်ပ္စစ္ဓာတ္အားကို ရယူေစဖို႔အတြက္ ၃၃/၁၁ ေကဗြီ (သို႔မဟုတ္) ၆၆/၁၁ ေကဗြီ ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္ကာ ဓာတ္အားရယူဖို႔ လိုအပ္တာေၾကာင့္လည္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန၊ ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရး ဦးစီးဌာနရဲ႕ သေဘာထားမွတ္ခ်က္ကို ရယူကာ ျပည္ေထာင္စုဝန္ႀကီး႐ုံးရဲ႕ လုပ္ငန္းမႈဆိုင္ရာ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးသို႔  တင္ျပၿပီးမွ စိစစ္ခြင့္ျပဳကာ ေဆာင္႐ြက္ေနတယ္လို႔ အဆိုပါ ေကာ္ပိုေရးရွင္းမွ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈