သတ်မှတ်ခွင့်ပြုချက်နှင့် မကိုက်ညီသည့် ကုန်တင်ယာဉ်နှင့် အဝေးပြေးအိတ်ပရက်စ် ယာဉ်များကို စစ်ဆေးအရေးယူတော့မည်

သတ်မှတ်ခွင့်ပြုချက်နှင့် မကိုက်ညီသည့် ကုန်တင်ယာဉ်နှင့် အဝေးပြေးအိတ်ပရက်စ် ယာဉ်များကို စစ်ဆေးအရေးယူတော့မည်

အမြန်လမ်းမကြီးတစ်လျှောက်သွားလာနေကြတဲ့ ယာဉ်တွေထဲကမှ သတ်မှတ်ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကုန်တင်ယာဉ်နဲ့ အဝေးပြေး အိတ်ပရက်စ် ယာဉ်တွေကို စစ်ဆေးအရေးယူသွားတော့မှာဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်သတိပေးထားပါတယ်။

သတ်မှတ်ခွင့်ပြုချက်တွေနဲ့ မကိုက်ညီတဲ့ ယာဉ်တွေကို စစ်ဆေးအရေးယူပေးရေးအတွက် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ အကြောင်း ကြား လာတာကြောင့် အခုလို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန်လမ်းမပေါ် သွားလာရန် ခွင့်ပြုထားတဲ့ ကုန်တင်ယာဉ်နဲ့ အဝေးပြေးအိတ်ပရက်စ် ယာဉ်သတ်မှတ်ချက်များဖြစ်တဲ့ သတ်မှတ်ကုန်ပစ္စည်း တင်ဆောင် ခြင်း ရှိ မရှိ ၊ ကုန်တင်သယ်ဆောင် သွားလာခွင့် တရားဝင် ရယူခြင်းရှိ မရှိ၊ အမြန်လမ်းမကြီး သတ်မှတ်နယ်မြေအတွင်း လမ်းမကြီးပေါ် ယာဉ်ရပ်နားခြင်းရှိ မရှိ များကို စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အမြန်လမ်းရဲက စစ်ဆေးအရေးယူမှုတွေ စတင်တော့မှာဖြစ်တဲ့အတွက် “ကုန်တင်ယာဉ်နှင့် အဝေးပြေးအိတ်ပရက်စ် ယာဉ်များမှ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်း များကို လိုက်နာခြင်းဖြင့် အမြန် လမ်းမကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ပါရန် အသိပေးဖော်ပြ အပ်ပါ သည်”လို့လည်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံးက ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ 

(   Zawgyi  )

 အျမန္လမ္းမႀကီးတစ္ေလွ်ာက္သြားလာေနၾကတဲ့ ယာဥ္ေတြထဲကမွ သတ္မွတ္ခြင့္ျပဳခ်က္နဲ႔ မကိုက္ညီတဲ့ ကုန္တင္ယာဥ္နဲ႔ အေဝးေျပး အိတ္ပရက္စ္ ယာဥ္ေတြကို စစ္ေဆးအေရးယူသြားေတာ့မွာျဖစ္တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕က ဒီကေန႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ ထုတ္ျပန္သတိေပးထားပါတယ္။

သတ္မွတ္ခြင့္ျပဳခ်က္ေတြနဲ႔ မကိုက္ညီတဲ့ ယာဥ္ေတြကို စစ္ေဆးအေရးယူေပးေရးအတြက္ ေဆာက္လုပ္ ေရးဝန္ႀကီးဌာနမွ အေၾကာင္း ၾကား လာတာေၾကာင့္ အခုလို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အျမန္လမ္းမေပၚ သြားလာရန္ ခြင့္ျပဳထားတဲ့ ကုန္တင္ယာဥ္နဲ႔ အေဝးေျပးအိတ္ပရက္စ္ ယာဥ္သတ္မွတ္ခ်က္မ်ားျဖစ္တဲ့ သတ္မွတ္ကုန္ပစၥည္း တင္ေဆာင္ ျခင္း ရွိ မရွိ ၊ ကုန္တင္သယ္ေဆာင္ သြားလာခြင့္ တရားဝင္ ရယူျခင္းရွိ မရွိ၊ အျမန္လမ္းမႀကီး သတ္မွတ္နယ္ေျမအတြင္း လမ္းမႀကီးေပၚ ယာဥ္ရပ္နားျခင္းရွိ မရွိ မ်ားကို စစ္ေဆးေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အခုလို အျမန္လမ္းရဲက စစ္ေဆးအေရးယူမႈေတြ စတင္ေတာ့မွာျဖစ္တဲ့အတြက္ “ကုန္တင္ယာဥ္ႏွင့္ အေဝးေျပးအိတ္ပရက္စ္ ယာဥ္မ်ားမွ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ စည္းကမ္း မ်ားကို လိုက္နာျခင္းျဖင့္ အျမန္ လမ္းမႀကီး ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္း ကူညီေဆာင္႐ြက္ႏိုင္ပါရန္ အသိေပးေဖာ္ျပ အပ္ပါ သည္”လို႔လည္း အျမန္လမ္းရဲ တပ္ဖြဲ႕မႉး႐ုံးက ထုတ္ျပန္တိုက္တြန္းထားပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ဓာတ္ပုံ- အျမန္လမ္းရဲတပ္ဖြဲ႕
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅