သဘာဝဘေးကြောင့် သေဆုံး၊ဆေးရုံတက်ကျောင်းသားများအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သိန်းစီ ပညာရေး ဝန်ကြီးဌာနက ထောက်ပံ့လှူဒါန်း

 
သဘာဝဘေးကြောင့် သေဆုံး၊ဆေးရုံတက်ကျောင်းသားများအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သိန်းစီ ပညာရေး ဝန်ကြီးဌာနက ထောက်ပံ့လှူဒါန်း

ပညာရေးဝန်ကြီးဌာနအနေနှင့်မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းအတွင်းသဘာဝဘေး ကြောင့်သေဆုံး၊ ဆေးရုံတက်ကျောင်းသား ကလေးအားလုံးအတွက်တစ်ဦးလျှင်ငွေကျပ်(၃)သိန်းစီပေးအပ်လှူ ဒါန်းခဲ့ကြောင်းပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဖြစ်တဲ့ဒေသတွေဆီကိုသွားတယ်၊မြို့နယ်ခရိုင်တာဝန်ရှိသူတွေနဲ့တွေတယ်၊မြေပြိုလို့အသက်ဆုံးရှုံးသွားတဲ့လူငယ်အားလုံး(၁၆)ဦး၊အဲ့ဒါအတွက်ငွေကြေး(၃)သိန်းစီထောက်ပံ့မှုဆောင်ရွက်ပေးခဲ့တယ်။နောက်ဆေးရုံတက်နေတဲ့ကလေး(၂၈)ဦးရှိပါတယ်။အဲ့အတွက်လည်းငွေကြေးအတူတူဘဲ(၃)သိန်းစီထောက်ပံ့ ပေးခဲ့တယ်။ပြီးတော့ သူတို့ဆုံးရှုံးသွားတဲ့ ကျောင်းသုံး စာအုပ်တို့ဖတ်စာအုပ်တို့အကုန်လုံးကျနော်တို့ပြန်ဖြည့် ဆည်းပေးပါတယ်။လက်ရှိလည်းရေဘေးမပြီးသေးတဲ့ဒေသတွေကျနော်တို့ဆက်ပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အထူးအားဖြင့်ကျောင်းတွေမှာကယ်ဆယ်ရေးစခန်းက များသောအားဖြင့်လည်း အခြေပြုတာ များပါတယ်။

အဲဒီအတွက်လည်းဆောင်ရွက်ပေးနေပါတယ်။ကျောင်းတွေကတော့လက်ရှိကတော့(၇၀)ကျော် လောက်တော့ နားထားပါတယ်။ရေကျတာနဲ့ ပြန်ဖွင့်ပါမယ်။ပြီးရင်အစားထိုးသင်ကြားမှုတွေလုပ်ပေးမယ် “လို့ ပညာရေးဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက သတင်းထောက်များကို ပြောကြားခဲ့ ပါတယ်။

သြဂုတ် ၁၃ ရက်ကပြုလုပ်သည့်ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း မွန်၊ပြည်နယ်၊ ကရင်ပြည်နယ်၊တနင်္သာရီတိုင်းအတွင်းကျရောက်သည့် သဘာဝဘေး ဒဏ်ဖြစ်သော မိုးသည်းထန်စွာရွာသွန်းခြင်း၊မြစ်ရေရုတ်တရက်ကြီးခြင်း၊ တောင်ပြိုခြင်းများကြောင့် အသက်အိုး အိမ်စည်းစိမ်သေကြေ ပျက်စီးမှုများ တွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ်များ အတွက် ပညာရေး ဝန်ကြီးဌာနမှ မည်သို့ပံ့ပိုးဆောင်ရွက်ပေးနေသည်ကို မေးမြန်းခဲ့ရာမှာ ယခုကဲ့သို့ ဖြေးကြားခဲ့တာ ဖြစ်ပါတယ်။

PTG
နေပြည်တော်၊သြဂုတ်-၁၄

(  Zawgyi  )

 ပညာေရးဝန္ႀကီးဌာနအေနႏွင့္မြန္ျပည္နယ္၊ကရင္ျပည္နယ္၊တနသၤာရီတိုင္းအတြင္းသဘာဝေဘး ေၾကာင့္ေသဆုံး၊ ေဆး႐ုံတက္ေက်ာင္းသား ကေလးအားလုံးအတြက္တစ္ဦးလွ်င္ေငြက်ပ္(၃)သိန္းစီေပးအပ္လႉ ဒါန္းခဲ့ေၾကာင္းပညာေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းက ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ျဖစ္တဲ့ေဒသေတြဆီကိုသြားတယ္၊ၿမိဳ႕နယ္ခ႐ိုင္တာဝန္ရွိသူေတြနဲ႔ေတြတယ္၊ေျမၿပိဳလို႔အသက္ဆုံးရႈံးသြားတဲ့လူငယ္အားလုံး(၁၆)ဦး၊အဲ့ဒါအတြက္ေငြေၾကး(၃)သိန္းစီေထာက္ပံ့မႈေဆာင္႐ြက္ေပးခဲ့တယ္။ေနာက္ေဆး႐ုံတက္ေနတဲ့ကေလး(၂၈)ဦးရွိပါတယ္။အဲ့အတြက္လည္းေငြေၾကးအတူတူဘဲ(၃)သိန္းစီေထာက္ပံ့ ေပးခဲ့တယ္။ၿပီးေတာ့ သူတို႔ဆုံးရႈံးသြားတဲ့ ေက်ာင္းသုံး စာအုပ္တို႔ဖတ္စာအုပ္တို႔အကုန္လုံးက်ေနာ္တို႔ျပန္ျဖည့္ ဆည္းေပးပါတယ္။လက္ရွိလည္းေရေဘးမၿပီးေသးတဲ့ေဒသေတြက်ေနာ္တို႔ဆက္ၿပီးေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။ အထူးအားျဖင့္ေက်ာင္းေတြမွာကယ္ဆယ္ေရးစခန္းက မ်ားေသာအားျဖင့္လည္း အေျချပဳတာ မ်ားပါတယ္။

အဲဒီအတြက္လည္းေဆာင္႐ြက္ေပးေနပါတယ္။ေက်ာင္းေတြကေတာ့လက္ရွိကေတာ့(၇၀)ေက်ာ္ ေလာက္ေတာ့ နားထားပါတယ္။ေရက်တာနဲ႔ ျပန္ဖြင့္ပါမယ္။ၿပီးရင္အစားထိုးသင္ၾကားမႈေတြလုပ္ေပးမယ္ “လို႔ ပညာေရးဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းက သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ ပါတယ္။

ၾသဂုတ္ ၁၃ ရက္ကျပဳလုပ္သည့္ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လအတြင္း မြန္၊ျပည္နယ္၊ ကရင္ျပည္နယ္၊တနသၤာရီတိုင္းအတြင္းက်ေရာက္သည့္ သဘာဝေဘး ဒဏ္ျဖစ္ေသာ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ျမစ္ေရ႐ုတ္တရက္ႀကီးျခင္း၊ ေတာင္ၿပိဳျခင္းမ်ားေၾကာင့္ အသက္အိုး အိမ္စည္းစိမ္ေသေၾက ပ်က္စီးမႈမ်ား တြင္ ပါဝင္ခဲ့ေသာ ေက်ာင္းသား လူငယ္မ်ား အတြက္ ပညာေရး ဝန္ႀကီးဌာနမွ မည္သို႔ပံ့ပိုးေဆာင္႐ြက္ေပးေနသည္ကို ေမးျမန္းခဲ့ရာမွာ ယခုကဲ့သို႔ ေျဖးၾကားခဲ့တာ ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ၾသဂုတ္-၁၄