သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် (၆၅၀) အား ကိုရီးယားနိုင်ငံမှ ပဲခူးတိုင်းအစိုးရအဖွဲ့ထံသို့ လာရောက်လှူဒါန်း

သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် (၆၅၀) အား ကိုရီးယားနိုင်ငံမှ ပဲခူးတိုင်းအစိုးရအဖွဲ့ထံသို့ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် (၆၅၀) အား အာဆီယံအပေါင်း (၃)၊ အရေးပေ ါ်အရန်ဆန်ရိက္ခာ အစီအစဉ် (၃) အရ ကိုရီးယားနိုင်ငံမှ ပဲခူးတိုင်းအစိုးရအဖွဲ့ထံသို့ လာရောက်လွှဲပြောင်း လှူဒါန်းပွဲ အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း က “သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်၊ လေဘေးသင့်ပြည်သူ တစ်သောင်းတစ်ထောင်ကျော် ရှိခဲ့ပါတယ်။ထူးခြားဖြစ်စဉ်အနေနဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းမှာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဆွာရေပိုလွှဲ ကျိုးပဲ့မှုကြောင့် သီးနှံစိုက်ဧက ပျက်စီးမှုအပြင် အကျိုးဆက်အနေဖြင့် စစ်တောင်းမြစ်ရေ မြှင့်တက်မှုဖြစ်ပေါ်ကာ မြစ်ဘေးတစ်လျှောက် ကျေးရွာများ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားတဲ့ လယ်ဧကများ အချိန်မီပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး၊ ရေဘေးသင့်ပြည်သူများ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်နိုင်ရေးတို့ကို နိုင်ငံတော်အစိုးရ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ယခုလို သဘာဝဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထား နားလည်မှုဖြင့် အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃) အရ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၆၅၀) အား လာရောက်ထောက်ပံ့ပေးမှုအပေါ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာ န(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ APTERR အတွင်းရေးမှူးရုံး အထွေထွေမန်နေဂျာ Mr. Chanpithya Shimphalee ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ကိုယ်စားလှယ် Mr. Jung Yung Soo တို့က အာဆီယံအပေါင်း (၃) အရေးပေါ် အရန်ဆန် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Mr. Chanpithya Shimphaleeနှင့် Mr. Jung Yung Soo တို့မှ ဆန်တန်ချိန် (၆၅၀) အား လွှဲပြောင်းပေးအပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ကိုရီးယားနိုင်ငံမှ ထောက်ပံ့ပေးအပ်သော ဆန်တန်ချိန် (၆၅၀) အား တောင်ငူမြို့နယ်အတွက် ကီလို (၄၀) အိတ် (၃၄၇၁) အိတ်၊ ရေတာရှည်မြို့နယ်အတွက် (၆၁၇၃) အိတ်၊ ကျောက်ကြီးမြို့နယ်အတွက် (၂၇၂) အိတ်၊ ဖြူးမြို့နယ်အတွက် (၅၃၈) အိတ်၊ အုတ်တွင်းမြို့နယ်အတွက် (၁၈၂) အိတ်၊ ထန်းတပင်မြို့နယ်အတွက် (၁၈) အိတ်၊ ပဲခူးမြို့နယ်အတွက် (၁၈၅၀) အိတ်၊ သနပ်ပင်မြို့နယ်အတွက် (၅၂၆) အိတ်၊ ကဝမြို့နယ်အတွက် (၉၇၇) အိတ်၊ ဝေါမြို့နယ်အတွက် (၂၅၈) အိတ်၊ ညောင်လေးပင်မြို့နယ်အတွက် (၇၄၅) အိတ်၊ ဒိုက်ဦးမြိုနယ်အတွက် (၃၉) အိတ်နှင့် ရွှေကျင်မြို့နယ်အတွက် (၁၂၀၁) အိတ်၊ စုစုပေါင်း ကီလို (၄၀) အိတ် (၁၆၂၅၀) အိတ်၊ မတ်ထရစ်တန်ချိန် (၆၅၀) တန်အား မြို့နယ်အလိုက် သဘာဝဘေးသင့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်စေရေး ခွဲဝေထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူး၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ သဘာဝေဘးဒဏ္ခံ ျပည္သူမ်ားအတြက္ ဆန္တန္ခ်ိန္ (၆၅၀) အား အာဆီယံအေပါင္း (၃)၊ အေရးေပ ၚအရန္ဆန္ရိကၡာ အစီအစဥ္ (၃) အရ ကိုရီးယားႏိုင္ငံမွ ပဲခူးတိုင္းအစိုးရအဖြဲ႕ထံသို႔ လာေရာက္လႊဲေျပာင္း လႉဒါန္းပြဲ အခမ္းအနားကို ဒီကေန႔ ဒီဇင္ဘာ ၁၈ ရက္၊ နံနက္ပိုင္းအခ်ိန္က တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ ေတာ္ဝင္ဟံသာခန္းမမွာ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အခမ္းအနားတြင္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း က “သဘာဝေဘးအႏၲရာယ္မ်ားျဖစ္ေသာ ေရေဘးသင့္ျပည္သူ တစ္သိန္းေက်ာ္၊ ေလေဘးသင့္ျပည္သူ တစ္ေသာင္းတစ္ေထာင္ေက်ာ္ ရွိခဲ့ပါတယ္။ထူးျခားျဖစ္စဥ္အေနနဲ႔ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လကုန္ပိုင္းမွာ ေတာင္ငူခ႐ိုင္၊ ေရတာရွည္ၿမိဳ႕နယ္ ဆြာေရပိုလႊဲ က်ိဳးပဲ့မႈေၾကာင့္ သီးႏွံစိုက္ဧက ပ်က္စီးမႈအျပင္ အက်ိဳးဆက္အေနျဖင့္ စစ္ေတာင္းျမစ္ေရ ျမႇင့္တက္မႈျဖစ္ေပၚကာ ျမစ္ေဘးတစ္ေလွ်ာက္ ေက်း႐ြာမ်ား ေရႀကီးနစ္ျမႇဳပ္မႈဒဏ္ကို ခံစားခဲ့ရပါတယ္။ဒါေၾကာင့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ ေရႀကီးနစ္ျမႇဳပ္မႈေၾကာင့္ ပ်က္စီးသြားတဲ့ လယ္ဧကမ်ား အခ်ိန္မီျပန္လည္အစားထိုး စိုက္ပ်ိဳးႏိုင္ေရး၊ ေရေဘးသင့္ျပည္သူမ်ား လူမႈစီးပြားဘဝမ်ား ျပန္လည္ထူေထာင္ႏိုင္ေရးတို႔ကို ႏိုင္ငံေတာ္အစိုးရ၊ ျပည္တြင္း/ျပည္ပ အလႉရွင္မ်ားနဲ႔ ပူးေပါင္းၿပီး ေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္။ယခုလို သဘာဝေဘးသင့္ ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာေထာက္ထား နားလည္မႈျဖင့္ အေရးေပၚ အရန္ဆန္ရိကၡာ အစီအစဥ္ (၃) အရ ကိုရီးယားႏိုင္ငံမွ ဆန္တန္ခ်ိန္ (၆၅၀) အား လာေရာက္ေထာက္ပံ့ေပးမႈအေပၚကိုလည္း ေက်းဇူးတင္ရွိပါတယ္” လို႔  ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္ စိုက္ပ်ိဳးေရးဦးစီးဌာ န(႐ုံးခ်ဳပ္)၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးကိုကို၊ APTERR အတြင္းေရးမႉး႐ုံး အေထြေထြမန္ေနဂ်ာ Mr. Chanpithya Shimphalee ၊ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသံ႐ုံး ကိုယ္စားလွယ္ Mr. Jung Yung Soo တို႔က အာဆီယံအေပါင္း (၃) အေရးေပၚ အရန္ဆန္ လႉဒါန္းရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီး Mr. Chanpithya Shimphaleeႏွင့္ Mr. Jung Yung Soo တို႔မွ ဆန္တန္ခ်ိန္ (၆၅၀) အား လႊဲေျပာင္းေပးအပ္ရာ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း ႏွင့္ အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္း ျပန္လည္ေပးအပ္ခဲ့ပါတယ္။

ကိုရီးယားႏိုင္ငံမွ ေထာက္ပံ့ေပးအပ္ေသာ ဆန္တန္ခ်ိန္ (၆၅၀) အား ေတာင္ငူၿမိဳ႕နယ္အတြက္ ကီလို (၄၀) အိတ္ (၃၄၇၁) အိတ္၊ ေရတာရွည္ၿမိဳ႕နယ္အတြက္ (၆၁၇၃) အိတ္၊ ေက်ာက္ႀကီးၿမိဳ႕နယ္အတြက္ (၂၇၂) အိတ္၊ ျဖဴးၿမိဳ႕နယ္အတြက္ (၅၃၈) အိတ္၊ အုတ္တြင္းၿမိဳ႕နယ္အတြက္ (၁၈၂) အိတ္၊ ထန္းတပင္ၿမိဳ႕နယ္အတြက္ (၁၈) အိတ္၊ ပဲခူးၿမိဳ႕နယ္အတြက္ (၁၈၅၀) အိတ္၊ သနပ္ပင္ၿမိဳ႕နယ္အတြက္ (၅၂၆) အိတ္၊ ကဝၿမိဳ႕နယ္အတြက္ (၉၇၇) အိတ္၊ ေဝါၿမိဳ႕နယ္အတြက္ (၂၅၈) အိတ္၊ ေညာင္ေလးပင္ၿမိဳ႕နယ္အတြက္ (၇၄၅) အိတ္၊ ဒိုက္ဦးၿမိဳနယ္အတြက္ (၃၉) အိတ္ႏွင့္ ေ႐ႊက်င္ၿမိဳ႕နယ္အတြက္ (၁၂၀၁) အိတ္၊ စုစုေပါင္း ကီလို (၄၀) အိတ္ (၁၆၂၅၀) အိတ္၊ မတ္ထရစ္တန္ခ်ိန္ (၆၅၀) တန္အား ၿမိဳ႕နယ္အလိုက္ သဘာဝေဘးသင့္ ျပည္သူမ်ားထံ အျမန္ဆုံးေရာက္ရွိႏိုင္ေစေရး ခြဲေဝေထာက္ပံ့ေပးသြားမွာ ျဖစ္တယ္လို႔လည္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕
ပဲခူး၊ ဒီဇင္ဘာ - ၁၈