သဘာဝဘေးဒါဏ် များကို ရှောင်လွဲနိုင်ရန် ကြိုတင် ကာကွယ်ပြင်ဆင် မှုများ ယခုထက် ပို၍ အရှိန်မြှင့် ပညာပေး လုပ်ဆောင်ကြဖို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ အကြံပြု တိုက်တွန်း

  သဘာဝဘေးဒါဏ် များကို ရှောင်လွဲနိုင်ရန် ကြိုတင် ကာကွယ်ပြင်ဆင် မှုများ ယခုထက် ပို၍ အရှိန်မြှင့် ပညာပေး လုပ်ဆောင်ကြဖို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ အကြံပြု တိုက်တွန်း

သဘာဝဘေးဒါဏ်များကိုရှောင်လွှဲနိုင်ရန် ကြိုတင်ကာကွယ်ပြင်ဆင်မှုများအား ယခုထက်ပို၍ အရှိန်မြှင့် ပညာပေးလုပ်ဆောင်ကြဖို့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ယင်း အကြံပြုချက်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့စည်းများပူးပေါင်းဆောင်ရွက်မှု သည်ပိုမိုအရေကြီးကြောင်းနှင့်စုပေါင်းလုပ်ဆောင်မှုပိုမိုခိုင်မာမှုလိုအပ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဖြစ်စေသည့် လုပ်ရပ်များကိုဖေါ်ထုတ်တားဆီးကြဖို့နဲ့ သဘာဝဘေးကျရောက်ခဲ့လျှင်လည်း ထိရောက်သော ကူညီကယ်ဆယ်ရေးများ လက်တွဲ လုပ်နိုင်ရန် အတွက် အရပ်ဘက်အဖွဲ့အစည်းများ ပရဟိတများအနေဖြင့် ကယ်ဆယ်ရေးသင်တန်းများစနစ်တကျ သင်ယူ တတ်မြောက်ထားပြီး ကျွမ်းကျင်မှုဖြင့်ကူညီကယ်တင်ပေးနိုင်ရန်ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ကိုလည်း ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့က အကြံပြုထားပါတယ်။

ထို့အတူပြန်လည်ထူထောင်ရေးအနေဖြင့် အဓိကလိုအပ်ချက်များဖြစ်သည့် မြေပြိုသည့် နေရာများတွင် နေစရာအိမ်ပျောက်ဆုံးသူများအတွက် အိမ်ပြန်လည်ဆောက်လုပ်ရန် ငွေကြေးသော်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ သော်လည်းကောင်း လိုအပ်ပြီး အိမ်ထောင်စုဝင်များ ဆုံးရှုံးသွားသည့် မိသားစု များမှာ ရေရှည်စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ စိတ်ဒါဏ်ရာကုစားမှူများ၊ ကျန်းမာရေးစောင့်ရှောက်မှုများကိုလုပ်ဆောင်ပေးဖို့လိုတယ်လို့လည်း ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့က ဆိုပါတယ်။

အဆိုပါ မြေပြိုမှုနှင့်ရေကြီးမှုဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်သင့် ဒေသများသို့အကူအညီပေးနိုင်ရန်အတွက်(၈၈)မျိုးဆက်၊ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့က သွားရောက်ခဲ့ကြပြီး လိုအပ်သည့်ကူညီဆောင်ရွက် မှုများကို လုပ်ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၂
ဓါတ်ပုံ - ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)

(  Zawgyi  )

 သဘာဝေဘးဒါဏ္မ်ားကိုေရွာင္လႊဲႏိုင္ရန္ ႀကိဳတင္ကာကြယ္ျပင္ဆင္မႈမ်ားအား ယခုထက္ပို၍ အရွိန္ျမႇင့္ ပညာေပးလုပ္ေဆာင္ၾကဖို႔ ၈၈ မ်ိဳးဆက္(ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္း)က အႀကံျပဳတိုက္တြန္းလိုက္ပါတယ္။

ယင္း အႀကံျပဳခ်က္တြင္ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အရပ္ဘက္အဖြဲ႕စည္းမ်ားပူးေပါင္းေဆာင္႐ြက္မႈ သည္ပိုမိုအေရႀကီးေၾကာင္းႏွင့္စုေပါင္းလုပ္ေဆာင္မႈပိုမိုခိုင္မာမႈလိုအပ္တယ္လို႔လည္းေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈျဖစ္ေစသည့္ လုပ္ရပ္မ်ားကိုေဖၚထုတ္တားဆီးၾကဖို႔နဲ႔ သဘာဝေဘးက်ေရာက္ခဲ့လွ်င္လည္း ထိေရာက္ေသာ ကူညီကယ္ဆယ္ေရးမ်ား လက္တြဲ လုပ္ႏိုင္ရန္ အတြက္ အရပ္ဘက္အဖြဲ႕အစည္းမ်ား ပရဟိတမ်ားအေနျဖင့္ ကယ္ဆယ္ေရးသင္တန္းမ်ားစနစ္တက် သင္ယူ တတ္ေျမာက္ထားၿပီး ကြၽမ္းက်င္မႈျဖင့္ကူညီကယ္တင္ေပးႏိုင္ရန္ႀကိဳတင္ျပင္ဆင္ထားသင့္ေၾကာင္း ကိုလည္း ၈၈ မ်ိဳးဆက္(ၿငိမ္း/ပြင့္)အဖြဲ႕က အႀကံျပဳထားပါတယ္။

ထို႔အတူျပန္လည္ထူေထာင္ေရးအေနျဖင့္ အဓိကလိုအပ္ခ်က္မ်ားျဖစ္သည့္ ေျမၿပိဳသည့္ ေနရာမ်ားတြင္ ေနစရာအိမ္ေပ်ာက္ဆုံးသူမ်ားအတြက္ အိမ္ျပန္လည္ေဆာက္လုပ္ရန္ ေငြေၾကးေသာ္လည္းေကာင္း၊ အိမ္ေဆာက္ပစၥည္းမ်ား ေသာ္လည္းေကာင္း လိုအပ္ၿပီး အိမ္ေထာင္စုဝင္မ်ား ဆုံးရႈံးသြားသည့္ မိသားစု မ်ားမွာ ေရရွည္စားဝတ္ေနေရး အဆင္ေျပေစရန္အတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား၊ စိတ္ဒါဏ္ရာကုစားမႉမ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကိုလုပ္ေဆာင္ေပးဖို႔လိုတယ္လို႔လည္း ၈၈ မ်ိဳးဆက္(ၿငိမ္း/ပြင့္)အဖြဲ႕က ဆိုပါတယ္။

အဆိုပါ ေျမၿပိဳမႈႏွင့္ေရႀကီးမႈျဖစ္ပြားခဲ့သည့္ မြန္ျပည္နယ္အတြင္းရွိ သဘာဝေဘးအႏၲရာယ္သင့္ ေဒသမ်ားသို႔အကူအညီေပးႏိုင္ရန္အတြက္(၈၈)မ်ိဳးဆက္၊ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ေခါင္းေဆာင္ ဦးမင္းကိုႏိုင္ ဦးေဆာင္တဲ့အဖြဲ႕က သြားေရာက္ခဲ့ၾကၿပီး လိုအပ္သည့္ကူညီေဆာင္႐ြက္ မႈမ်ားကို လုပ္ေဆာင္ေပးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၂
ဓါတ္ပုံ - ၈၈ မ်ိဳးဆက္(ၿငိမ္း/ပြင့္)