သိန္နီမြို့တွင် ထော်လာဂျီယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

သိန္နီမြို့တွင် ထော်လာဂျီယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

သိန္နီမြို့တွင် ဇွန်လ ၂၅ ရက်နေ့က ထော်လာဂျီယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် သိန္နီမြို့နယ်၊ မန်စပ်ကျေးရွာအနီး ကောင်းဟော်-မန်စပ် ကျေးရွာသွား မြေသားလမ်း၌ ကောင်းဟော် မှ မန်စပ်ကျေးရွာသို့ အောင်မျိုးလှိုင်(ခ)လွယ်မော်(၂၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ မောင်စိုင်းအောင်လှိုင်(၁၇)နှစ် ပါ ၁၅ ဦး(ကျား ၂၊ မ ၁၃)တို့ လိုက်ပါလာသည့် Changzhou China အမျိုးအစား ၁ လုံးထိုး ထော်လာဂျီယာဉ်(လိုင်စင်-စိစစ်ဆဲ)သည် ဂီယာဘောက်ချို့ ယွင်းကာ နောက်ပြန်လိမ့်ဆင်းတိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် မအေးထွမ်း (၂၈)နှစ်တွင် ဦးခေါင်းကြွေမွ၊ ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မောင်စိုင်းအောင်လှိုင်ပါ ၁၄ ဦး(ကျား ၂၊ မ ၁၂)ဦးတို့တွင် ယာချိုစောင်း၊ ဝဲပါး၊ နှုတ်ခမ်း၊ ယာပုခုံး၊ ရင်ဘတ်၊ ခါး ပေါက်ပြဲပွန်း ပဲ့ဒဏ်ရာများ ရရှိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူနှင့်ထိခိုင်ဒဏ်ရာရရှိသူများကို သိန္နီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်မျိုးလှိုင် (ခ)လွယ်မော် အား သိန္နီမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/ ၂၇၉  ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု တို့ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
သန္နီ ၊ ဇွန် ၂၆

(  Zawgyi  )

 သိႏၷီၿမိဳ႕တြင္ ဇြန္လ ၂၅ ရက္ေန႔က ေထာ္လာဂ်ီယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီး ၁ ဦးေသဆုံးၿပီး ၁၄ ဦး ဒဏ္ရာရခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၂၅ ရက္ နံနက္ ၈ နာရီခြဲအခ်ိန္ခန႔္တြင္ သိႏၷီၿမိဳ႕နယ္၊ မန္စပ္ေက်း႐ြာအနီး ေကာင္းေဟာ္-မန္စပ္ ေက်း႐ြာသြား ေျမသားလမ္း၌ ေကာင္းေဟာ္ မွ မန္စပ္ေက်း႐ြာသို႔ ေအာင္မ်ိဳးလႈိင္(ခ)လြယ္ေမာ္(၂၁)ႏွစ္ ေမာင္းႏွင္ၿပီး တစ္႐ြာတည္းေန ေမာင္စိုင္းေအာင္လႈိင္(၁၇)ႏွစ္ ပါ ၁၅ ဦး(က်ား ၂၊ မ ၁၃)တို႔ လိုက္ပါလာသည့္ Changzhou China အမ်ိဳးအစား ၁ လုံးထိုး ေထာ္လာဂ်ီယာဥ္(လိုင္စင္-စိစစ္ဆဲ)သည္ ဂီယာေဘာက္ခ်ိဳ႕ ယြင္းကာ ေနာက္ျပန္လိမ့္ဆင္းတိမ္းေမွာက္ခဲ့ပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ မေအးထြမ္း (၂၈)ႏွစ္တြင္ ဦးေခါင္းေႂကြမြ၊ ပါးစပ္ေသြးထြက္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ေမာင္စိုင္းေအာင္လႈိင္ပါ ၁၄ ဦး(က်ား ၂၊ မ ၁၂)ဦးတို႔တြင္ ယာခ်ိဳေစာင္း၊ ဝဲပါး၊ ႏႈတ္ခမ္း၊ ယာပုခုံး၊ ရင္ဘတ္၊ ခါး ေပါက္ၿပဲပြန္း ပဲ့ဒဏ္ရာမ်ား ရရွိခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဆုံးသူႏွင့္ထိခိုင္ဒဏ္ရာရရွိသူမ်ားကို သိႏၷီၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ ေအာင္မ်ိဳးလႈိင္ (ခ)လြယ္ေမာ္ အား သိႏၷီၿမိဳ႕မရဲစခန္း ယာဥ္(ပ)၂၅/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/ ၂၇၉  ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ ျပင္းထန္/ သာမန္နာက်င္ေစမႈ၊ ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ တို႔ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
သႏၷီ ၊ ဇြန္ ၂၆