သီရိလင်္ကာနိုင်ငံမှ ဆရာတော် မာလီဂါဝီလ အဿဿ ဇိ ဦးဆောင်သော ဘုရားဖူးအဖွဲ့ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအား လာရောက်ဖူးမြှော်

သီရိလင်္ကာနိုင်ငံမှ ဆရာတော် မာလီဂါဝီလ အဿဿ ဇိ ဦးဆောင်သော ဘုရားဖူးအဖွဲ့ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအား လာရောက်ဖူးမြှော်

ဘုရားဖူးခရီးစဉ်အတွက် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သီရိလင်္ကာနိုင်ငံမှ ဆရာတော်မာလီဂါဝီလ အဿဿ ဇိ ဦးဆောင်တဲ့  Di Tu La TV အဖွဲ့ဟာ ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က မန္တလေးမြို့ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားကိုလည်း လာရောက်ဖူးမြှော် ကြည်ညိုခဲ့ကြပါတယ်။

ဆရာတော် မာလီဂါဝီလ အဿဿ ဇိ ဦးဆောင်တဲ့  Di Tu La TV အဖွဲ့ကို မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ သြဝါဒါစရိယဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ကြိုဆိုနှုတ်ခွန်းဆက်စကား မြွက်ကြားချီးမြှင့်တော်မူခဲ့တာဖြစ်ပြီး ဘုရားဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးမြဝင်း က ဘုရားသမိုင်းကြောင်းတွေ ရှင်းလင်းတင်ပြ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

"ဆရာတော်ကြီးမွေးနေ့မှာ ပန်းပေါင်းစုံနဲ့ပူဇော်ကြမယ်လို့ပြောတယ်၊ မင်းတုန်းမင်းကြီးကုသိုလ်ပြုခဲ့တဲ့ ကုသိုလ်တော်ဘုရားမှာ ပန်းတွေနဲ့ သာသနာ့အလံတွေနဲ့ ဆီမီးတွေနဲ့ ကျကျနနပူဇော်ချင်တယ်၊ မင်းတုန်းမင်းလို အနော်ရထာလို မင်းကောင်းမင်းမြတ်တွေ ဆက်လက်ပေါ်ထွက်ပြီးသာသနာကို စောင့်ရှောက်နိုင်ပါစေ ရည်ရွယ်ချက်နဲ့ ကုသိုလ်တော်ဘုရားကို လာရောက်ဖူးမြှော်တာ ဖြစ်ပါတယ်၊ ဘုန်းကြီးတို့က ဘုရားဖူးတွေ စိတ်ချမ်းသာစွာ ဘုရားဖူးလို့ရအောင် ဆောင်ရွက်ပေးတာပါ" လို့ ဘုရားဖူးအဖွဲ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ သြဝါဒါစရိယ ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ က မိန့်ပါတယ်။

မြန်မာနဲ့ သီရိလင်္ကာ နိုင်ငံတို့ဟာ ရှေးအစဉ်ဆက်ကတည်းက နှစ်နိုင်ငံသာသနာရေးတွေဆောင်ရွက်ခဲ့တာ အခုဆို ပိုမိုကောင်းမွန်တဲ့အခြေအနေတွေဖြစ်ထွန်းပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ဒါကို ဆက်လက်ထိန်းသိမ်းသွားဖို့ အခုလို ဘုရားဖူးခရီး ထွက်လာတာဖြစ်ကြောင်း သီရိလင်္ကာဘုရားဖူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘုရားဖူးအဖွဲ့ဟာ ကုသိုလ်တော်စေတီတော်အား ပန်းပေါင်းစုံ ဆီမီး ဗုဒ္ဓသာသနာအလံတော်တွေ ကိုင်ဆောင်ကာ လက်ယာရစ် လှည့်လည်ပြီး ဓမ္မတရားတော်တွေနဲ့ ပူဇော်ဂါရဝပြု ဆက်ကပ်လှူဒါန်းခဲ့ကြတာပါ။

ဘုရားဖူးအဖွဲ့ဟာ မြန်မာနိုင်ငံသို့ လေကြောင်းနဲ့ ဒီဇင်ဘာလ ၉ ရက်ကရောက်ရှိလာတာဖြစ်ပြီး ဆရာတော် ၂၁ ပါး၊ သီလရှင် ၄ ပါး နဲ့ လူပုဂ္ဂိုလ် ၂၂၅ ဦးလိုက်ပါလာခဲ့ကြတာလို့သိရပါတယ်။၎င်းတို့ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီးကို ဝင်ရောက်ဖူးမြှော်ကြည်ညိုခဲ့ကြပြီး ဒီဇင်ဘာ ၁၁ ရက်နေ့က မန္တလေးမြို့သို့ရောက်ရှိလာကာ ပြင်ဦးလွင်မြို့ကဘုရားပုထိုးစေတီတစ်ချို့ကိုလည်း သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ကြပါသေးတယ်။

ဆက်လက်ပြီးတော့လည်း ပုဂံဘုရားများ၊ စစ်ကိုင်းမြို့က ဘုရားပုထိုးစေတီ ကျောင်းကန်များ သွားရောက်ဖူးမြှော်ပြီး ကျိုက်ထီးရိုးစေတီတော်၊ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာတို့ဆီ သွားရောက်ကာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံသို့  ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ဘုရားဖူးခရီးစဥ္အတြက္ ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ သီရိလကၤာႏိုင္ငံမွ ဆရာေတာ္မာလီဂါဝီလ အႆႆ ဇိ ဦးေဆာင္တဲ့  Di Tu La TV အဖြဲ႕ဟာ ယမန္ေန႔ညေန ၅ နာရီခြဲအခ်ိန္က မႏၲေလးၿမိဳ႕ မဟာေလာက မာရဇိန္ကုသိုလ္ေတာ္ဘုရားကိုလည္း လာေရာက္ဖူးေျမႇာ္ ၾကည္ညိဳခဲ့ၾကပါတယ္။

ဆရာေတာ္ မာလီဂါဝီလ အႆႆ ဇိ ဦးေဆာင္တဲ့  Di Tu La TV အဖြဲ႕ကို မဟာဓမၼိကာရာမ ေ႐ႊက်င္တိုက္မႀကီး၊ ၾသဝါဒါစရိယဆရာေတာ္၊ အဂၢမဟာဂႏၳဝါစကပ႑ိတ ဘဒၵႏၲထုတိဝရ ဆရာေတာ္ဘုရားႀကီး ကိုယ္ေတာ္တိုင္ ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ႁမြက္ၾကားခ်ီးျမႇင့္ေတာ္မူခဲ့တာျဖစ္ၿပီး ဘုရားေဂါပကအဖြဲ႕ဒုတိယဥကၠ႒ ဦးျမဝင္း က ဘုရားသမိုင္းေၾကာင္းေတြ ရွင္းလင္းတင္ျပ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

"ဆရာေတာ္ႀကီးေမြးေန႔မွာ ပန္းေပါင္းစုံနဲ႔ပူေဇာ္ၾကမယ္လို႔ေျပာတယ္၊ မင္းတုန္းမင္းႀကီးကုသိုလ္ျပဳခဲ့တဲ့ ကုသိုလ္ေတာ္ဘုရားမွာ ပန္းေတြနဲ႔ သာသနာ့အလံေတြနဲ႔ ဆီမီးေတြနဲ႔ က်က်နနပူေဇာ္ခ်င္တယ္၊ မင္းတုန္းမင္းလို အေနာ္ရထာလို မင္းေကာင္းမင္းျမတ္ေတြ ဆက္လက္ေပၚထြက္ၿပီးသာသနာကို ေစာင့္ေရွာက္ႏိုင္ပါေစ ရည္႐ြယ္ခ်က္နဲ႔ ကုသိုလ္ေတာ္ဘုရားကို လာေရာက္ဖူးေျမႇာ္တာ ျဖစ္ပါတယ္၊ ဘုန္းႀကီးတို႔က ဘုရားဖူးေတြ စိတ္ခ်မ္းသာစြာ ဘုရားဖူးလို႔ရေအာင္ ေဆာင္႐ြက္ေပးတာပါ" လို႔ ဘုရားဖူးအဖြဲ႕ရဲ႕ခရီးစဥ္နဲ႔ ပတ္သက္ၿပီး မဟာဓမၼိကာရာမ ေ႐ႊက်င္တိုက္မႀကီး၊ ၾသဝါဒါစရိယ ဆရာေတာ္ အဂၢမဟာဂႏၳဝါစကပ႑ိတ ဘဒၵႏၲထုတိဝရ က မိန႔္ပါတယ္။

ျမန္မာနဲ႔ သီရိလကၤာ ႏိုင္ငံတို႔ဟာ ေရွးအစဥ္ဆက္ကတည္းက ႏွစ္ႏိုင္ငံသာသနာေရးေတြေဆာင္႐ြက္ခဲ့တာ အခုဆို ပိုမိုေကာင္းမြန္တဲ့အေျခအေနေတြျဖစ္ထြန္းေပၚေပါက္ေနၿပီျဖစ္ေၾကာင္း၊ ဒါကို ဆက္လက္ထိန္းသိမ္းသြားဖို႔ အခုလို ဘုရားဖူးခရီး ထြက္လာတာျဖစ္ေၾကာင္း သီရိလကၤာဘုရားဖူးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဘုရားဖူးအဖြဲ႕ဟာ ကုသိုလ္ေတာ္ေစတီေတာ္အား ပန္းေပါင္းစုံ ဆီမီး ဗုဒၶသာသနာအလံေတာ္ေတြ ကိုင္ေဆာင္ကာ လက္ယာရစ္ လွည့္လည္ၿပီး ဓမၼတရားေတာ္ေတြနဲ႔ ပူေဇာ္ဂါရဝျပဳ ဆက္ကပ္လႉဒါန္းခဲ့ၾကတာပါ။

ဘုရားဖူးအဖြဲ႕ဟာ ျမန္မာႏိုင္ငံသို႔ ေလေၾကာင္းနဲ႔ ဒီဇင္ဘာလ ၉ ရက္ကေရာက္ရွိလာတာျဖစ္ၿပီး ဆရာေတာ္ ၂၁ ပါး၊ သီလရွင္ ၄ ပါး နဲ႔ လူပုဂၢိဳလ္ ၂၂၅ ဦးလိုက္ပါလာခဲ့ၾကတာလို႔သိရပါတယ္။၎တို႔ဟာ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကလည္း ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံေစတီေတာ္ႀကီးကို ဝင္ေရာက္ဖူးေျမႇာ္ၾကည္ညိဳခဲ့ၾကၿပီး ဒီဇင္ဘာ ၁၁ ရက္ေန႔က မႏၲေလးၿမိဳ႕သို႔ေရာက္ရွိလာကာ ျပင္ဦးလြင္ၿမိဳ႕ကဘုရားပုထိုးေစတီတစ္ခ်ိဳ႕ကိုလည္း သြားေရာက္ဖူးေျမႇာ္ၾကည္ညိဳခဲ့ၾကပါေသးတယ္။

ဆက္လက္ၿပီးေတာ့လည္း ပုဂံဘုရားမ်ား၊ စစ္ကိုင္းၿမိဳ႕က ဘုရားပုထိုးေစတီ ေက်ာင္းကန္မ်ား သြားေရာက္ဖူးေျမႇာ္ၿပီး က်ိဳက္ထီး႐ိုးေစတီေတာ္၊ ရန္ကုန္ၿမိဳ႕ မဟာစည္သာသနာ့ရိပ္သာတို႔ဆီ သြားေရာက္ကာ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ သီရိလကၤာႏိုင္ငံသို႔  ျပန္လည္ထြက္ခြာမွာျဖစ္တယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၁၃