သုဝဏ္ဏဈေးတွင် အစားအသောက် နှင့် လူသုံးကုန်ပစ္စည်းများအား ရှောင်တခင်ဝင်ရောက်စစ်ဆေး၊ မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ နှင့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိ

သုဝဏ္ဏဈေးတွင် အစားအသောက် နှင့် လူသုံးကုန်ပစ္စည်းများအား  ရှောင်တခင်ဝင်ရောက်စစ်ဆေး၊ မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ နှင့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိ

သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဈေးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ နှင့် သုံးစွဲရန်မသင့် သော အလှကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ က ရန်ကုန်အရှေ့ပိုင်းခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ မှ ကြီးကြပ် ကွပ်ကဲရေးကော်မတီ ဝင် များသည် မြို့နယ် ကော်မတီဝင်များနှင့်အတူ သင်္ဃန်းကျွန်း၊သုဝဏ္ဏဈေးသို့ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးဆိုင်များတွင် မြန်မာနိုင်ငံမှတ်ပုံတင် အမှတ် မပါရှိသော ဆေးဝါးများနှင့် အလှကုန်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော သုံးစွဲရန်မသင့်သော အလှကုန်များအား စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အရေးယူမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စားသောက်ကုန်ပစ္စည်များကို စစ်ဆေးရာ ပဲသွေး(၁)မျိုးတွင် ဖော်မလင် သုံးစွဲထား ကြောင်းစစ်ဆေးတွေ့ရှိရတဲ့ အတွက် ရောင်းချသည့် ဈေးသည်အား ခံဝန်ကတိရေးထိုးစေခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )




မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ နိုဝင်ဘာ ၂၂