သုံးစွဲရသော ငွေကြေးတန်ဖိုးဖြင့် အရည်အသွေးမျိုးမရသေးခြင်းကြောင့် SKD စနစ်ကားများထက် ဂျပန်တစ်ပတ်ရစ်ကားများ ဈေးကွက်ဖြစ် ထွန်းနေ

သုံးစွဲရသော ငွေကြေးတန်ဖိုးဖြင့် အရည်အသွေးမျိုးမရသေးခြင်းကြောင့် SKD စနစ်ကားများထက် ဂျပန်တစ်ပတ်ရစ်ကားများ ဈေးကွက်ဖြစ် ထွန်းနေ

ဝယ်ယူမယ့်သူတွေဘက်က သုံးစွဲရတဲ့ငွေကြေးတန်ဖိုးနဲ့ ကိုက်ညီတဲ့ အရည်အသွေးမျိုးကို နှစ်သက်စရာ မဖြစ်သေးတာကြောင့် SKD စနစ်ဖြင့် ထုတ်လုပ်ထားတဲ့ကားတွေထက် ဂျပန်တစ်ပတ်ရစ်ကားတွေဟာ ပြည်တွင်းဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေသေးတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

“ခင်ဗျားလည်း ဝယ်သူဆိုရင် စဉ်းစားကြည့်လေ၊ သိန်း ၂၅၀ လောက် ပေးပြီးတော့ ရတဲ့ Quarlity က တန်သလားပေါ့၊ နောက်တစ်ခုက စက်ပစ္စည်းဆိုတာ ကြာရင်ပျက်မယ်၊ ပျက်ရင်အပိုပစ္စည်းက ဂျပန်ကား တွေလောက် မပေါဘူး၊ အပိုပစ္စည်းဈေးကြီးတယ်၊ ဂျပန်တစ်ပတ်ရစ်ကား ဝယ်ရင် ၁၅၀ ပတ်ချာလည်လောက်ဆိုရင် နှစ်စီးလောက် စီးလို့ရတဲ့အချိန်မျိုးမှာ ဒါကိုပြန်ချိန်ကြည့်ရင် အဆင်မပြေဘူးလေ၊ ဒါကြောင့်လည်း ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်က အရောင်းအဝယ်ဖြစ်ထွန်းနေသေးတာပါ၊ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ကားတွေက Quarlity ပိုင်း တော်တော်လေး ကောင်းလာရင်တော့ ဂျပန်တစ်ပတ်ရစ် ကားဈေးကွက်က တစ်မျိုးဖြစ်သွားနိုင်တယ်၊ လောလောဆယ်ကတော့ မဖြစ်နိုင်သေး ဘူး”လို့ လုပ်သက်ရင့် ဝယ်ရောင်း တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။

ရန်ကုန်မြို့မှာ ရန်ကုန်လိုင်စင်ပိတ်ထားတာကြောင့် ဂျပန်တစ်ပတ်ရစ်ကားတွေကို လိုင်စင်မှတ်ပုံတင် လုပ်တဲ့အခါ ရန်ကုန်လိုင်စင်ရဖို့ အရည်ကျိုစလစ်ဝယ်ရတာကြောင့်လည်း တစ်ချို့သော ဂျပန်တစ်ပတ်ရစ် ကားတွေမှာ ကျပ်သိန်း ၂၅၀ ဝန်းကျင်ဖြင့် ရောင်းချနေတာတွေရှိပေမယ့် ကျပ်သိန်း ၁၅၀ ပတ်ချာလည်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေတာတွေက များပြားနေတယ်လို့ ဝယ်ရောင်းတွေဆီက သိရပါတယ်။

လတ်တလောမှာတော့ SKD စနစ်ဖြင့် ထုတ်လုပ်တဲ့ကားတွေ များပြားလာသလို အရည်အသွေးပိုင်း လိုအပ်ချက်ရှိပေမယ့် ရန်ကုန်လိုင်စင်ရရှိခြင်း၊ အရစ်ကျဝယ်နိုင်ခြင်းတို့ကြောင့် အရောင်းအဝယ်တွေရှိလာတာ ဖြစ်တယ်လို့ ဝယ်ရောင်းတစ်ချို့က သုံးသပ်ထားကြပါတယ်။ “ဒီ ဂျပန်တစ်ပတ်ရစ် တွေအနေနဲ့ ဈေးကတော့ ငြိမ်နေတယ်၊ တစ်ချို့က SKD ကားတွေ ကားပွဲစားတန်းထဲ လာရောင်းတာတွေရှိတယ်၊ အဝယ်မရှိဘူး၊ ဂျပန်ကား ကတော့ အဝယ်ရှိနေသေးတယ်၊ အရင်လိုတော့ များများစားစားမဟုတ်ပေမယ့် ကြို့ကြားကြို့ကြား လောက်တော့ ရောင်းနေရသေးတယ်”လို့ သီရိမင်္ဂလာဈေးဟောင်းမှာ ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ ကိုထွန်းထွန်းက ပြောပြပါတယ်။

ထိုဂျပန်တစ်ပတ်ရစ် ကားဈေးကွက်အနေနဲ့ လက်ရှိမှာ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ အင်ဂျင်ပါဝါရှိတဲ့ ကျပ်သိန်း ၁၃၀ ကနေ ၁၇၀ ကြား ကားတွေသာ အရောင်းအဝယ်ဖြစ်နေသလို ခပ်ပါးပါးအခြေအနေမျိုးသာ ရောင်းဝယ်နေရတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ မေ ၂၄

(  Zawgyi  )

 ဝယ္ယူမယ့္သူေတြဘက္က သုံးစြဲရတဲ့ေငြေၾကးတန္ဖိုးနဲ႔ ကိုက္ညီတဲ့ အရည္အေသြးမ်ိဳးကို ႏွစ္သက္စရာ မျဖစ္ေသးတာေၾကာင့္ SKD စနစ္ျဖင့္ ထုတ္လုပ္ထားတဲ့ကားေတြထက္ ဂ်ပန္တစ္ပတ္ရစ္ကားေတြဟာ ျပည္တြင္းေဈးကြက္ထဲမွာ အေရာင္းအဝယ္ျဖစ္ေနေသးတယ္လို႔ ကားဝယ္ေရာင္း လုပ္ကိုင္သူေတြဆီက သိရပါတယ္။

“ခင္ဗ်ားလည္း ဝယ္သူဆိုရင္ စဥ္းစားၾကည့္ေလ၊ သိန္း ၂၅၀ ေလာက္ ေပးၿပီးေတာ့ ရတဲ့ Quarlity က တန္သလားေပါ့၊ ေနာက္တစ္ခုက စက္ပစၥည္းဆိုတာ ၾကာရင္ပ်က္မယ္၊ ပ်က္ရင္အပိုပစၥည္းက ဂ်ပန္ကား ေတြေလာက္ မေပါဘူး၊ အပိုပစၥည္းေဈးႀကီးတယ္၊ ဂ်ပန္တစ္ပတ္ရစ္ကား ဝယ္ရင္ ၁၅၀ ပတ္ခ်ာလည္ေလာက္ဆိုရင္ ႏွစ္စီးေလာက္ စီးလို႔ရတဲ့အခ်ိန္မ်ိဳးမွာ ဒါကိုျပန္ခ်ိန္ၾကည့္ရင္ အဆင္မေျပဘူးေလ၊ ဒါေၾကာင့္လည္း ဂ်ပန္တစ္ပတ္ရစ္ကားေဈးကြက္က အေရာင္းအဝယ္ျဖစ္ထြန္းေနေသးတာပါ၊ SKD စနစ္နဲ႔ တပ္ဆင္ထုတ္လုပ္တဲ့ကားေတြက Quarlity ပိုင္း ေတာ္ေတာ္ေလး ေကာင္းလာရင္ေတာ့ ဂ်ပန္တစ္ပတ္ရစ္ ကားေဈးကြက္က တစ္မ်ိဳးျဖစ္သြားႏိုင္တယ္၊ ေလာေလာဆယ္ကေတာ့ မျဖစ္ႏိုင္ေသး ဘူး”လို႔ လုပ္သက္ရင့္ ဝယ္ေရာင္း တစ္ဦးျဖစ္တဲ့ ကိုေက်ာ္ေက်ာ္က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ရန္ကုန္လိုင္စင္ပိတ္ထားတာေၾကာင့္ ဂ်ပန္တစ္ပတ္ရစ္ကားေတြကို လိုင္စင္မွတ္ပုံတင္ လုပ္တဲ့အခါ ရန္ကုန္လိုင္စင္ရဖို႔ အရည္က်ိဳစလစ္ဝယ္ရတာေၾကာင့္လည္း တစ္ခ်ိဳ႕ေသာ ဂ်ပန္တစ္ပတ္ရစ္ ကားေတြမွာ က်ပ္သိန္း ၂၅၀ ဝန္းက်င္ျဖင့္ ေရာင္းခ်ေနတာေတြရွိေပမယ့္ က်ပ္သိန္း ၁၅၀ ပတ္ခ်ာလည္ျဖင့္သာ အေရာင္းအဝယ္ျဖစ္ေနတာေတြက မ်ားျပားေနတယ္လို႔ ဝယ္ေရာင္းေတြဆီက သိရပါတယ္။

လတ္တေလာမွာေတာ့ SKD စနစ္ျဖင့္ ထုတ္လုပ္တဲ့ကားေတြ မ်ားျပားလာသလို အရည္အေသြးပိုင္း လိုအပ္ခ်က္ရွိေပမယ့္ ရန္ကုန္လိုင္စင္ရရွိျခင္း၊ အရစ္က်ဝယ္ႏိုင္ျခင္းတို႔ေၾကာင့္ အေရာင္းအဝယ္ေတြရွိလာတာ ျဖစ္တယ္လို႔ ဝယ္ေရာင္းတစ္ခ်ိဳ႕က သုံးသပ္ထားၾကပါတယ္။ “ဒီ ဂ်ပန္တစ္ပတ္ရစ္ ေတြအေနနဲ႔ ေဈးကေတာ့ ၿငိမ္ေနတယ္၊ တစ္ခ်ိဳ႕က SKD ကားေတြ ကားပြဲစားတန္းထဲ လာေရာင္းတာေတြရွိတယ္၊ အဝယ္မရွိဘူး၊ ဂ်ပန္ကား ကေတာ့ အဝယ္ရွိေနေသးတယ္၊ အရင္လိုေတာ့ မ်ားမ်ားစားစားမဟုတ္ေပမယ့္ ႀကိဳ႕ၾကားႀကိဳ႕ၾကား ေလာက္ေတာ့ ေရာင္းေနရေသးတယ္”လို႔ သီရိမဂၤလာေဈးေဟာင္းမွာ ယာဥ္ေရာင္းဝယ္ေရးလုပ္ကိုင္ေနတဲ့ ကိုထြန္းထြန္းက ေျပာျပပါတယ္။

ထိုဂ်ပန္တစ္ပတ္ရစ္ ကားေဈးကြက္အေနနဲ႔ လက္ရွိမွာ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ အင္ဂ်င္ပါဝါရွိတဲ့ က်ပ္သိန္း ၁၃၀ ကေန ၁၇၀ ၾကား ကားေတြသာ အေရာင္းအဝယ္ျဖစ္ေနသလို ခပ္ပါးပါးအေျခအေနမ်ိဳးသာ ေရာင္းဝယ္ေနရတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေမ ၂၄