သုံးနှစ်ကျော်အထိ အမြတ်မရရှိလို့ YUPT ရှယ်ယာရှင်တွေ ရှယ်ယာဖိုးပြန်ထုတ်ချင်နေ

သုံးနှစ်ကျော်အထိ အမြတ်မရရှိလို့  YUPT ရှယ်ယာရှင်တွေ ရှယ်ယာဖိုးပြန်ထုတ်ချင်နေ

သုံးနှစ်ကျော် ရင်းနှီးမြှုပ်နှုံလာပေမယ့်လည်း အမြတ်ဝေစုမရရှိတာကြောင့် ထည့်ဝင်ထားတဲ့ ရှယ်ယာတွေကို အစုရှယ်ယာရှင်တွေက ကုမ္ပဏီကနေ ပြန်လည်ထုတ်ယူချင်နေပါတယ်။ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ရန်ကုန်မြို့ အိုလံပစ်တာဝါက  Myanmar Press  Freedom Center မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှယ်ယာရှင်တွေက ပြောဆိုလိုက်တာပါ။

“ငါးနှစ်နေမှ အရင်းကျေမယ်။ အရင်းကျေမှ အမြတ်ဆိုတဲ့ စကားကို ပြောပါဆိုပြီး YBS သုံးနှစ်ပြည့်ပွဲမှာ ပြောလာပါတယ်။ အဲ့စကားဟာ ကွဲလွဲမှုတွေဖြစ်နေပါတယ်။ ကျွန်တော်တို့ ရင်းနှီးထားတဲ့ အစုရှယ်ယာပေါင်းဟာ ၅.၆၃၄ ဘီလီယံရှိပါတယ်” လို့ ဦးထိန်ဝင်းက ဆိုပါတယ်။

လစဉ်အကျိုးအမြတ်ရစေလိုသဖြင့် ပူးပေါင်းပါဝင်ပါလို့ ယာဉ်ပိုင်ရှင်တွေနဲ့ပြည်သူတွေကို YUPT ကုမ္ပဏီမှာ အစုရှယ်ယာပါဝင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖိတ်ခေါ်တာကြောင့် ပါဝင်ခဲ့ပေမယ့် အခုအချိန်အထိ အမြတ်အစွန်းမရှိတဲ့အပြင် ပါဝင်ခဲ့ပြီးတဲ့ ရှယ်ယာတွေကိုလည်း ပြန်လည်ထုတ်ယူခွင့် မရသေးဘူးလို့ အစုရှယ်ယာရှင်တစ်ဦး ဖြစ်တဲ့ ဦးထိန်ဝင်းက ဆိုပါတယ်။

 YUPT ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းမရရှိတာဟာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲပုံစနစ် ညံ့ဖျင်းပြီး လုပ်ငန်း မကျွမ်းကျင် တာကြောင့် ဖြစ်သလို အစိုးရက ခန့်အပ်တဲ့ ဒါရိုက်တာတွေဟာလည်း မော်တော်ယာဉ်လုပ်ငန်းကိုသေချာ နားမလည်ကြသူများဖြစ်တယ်လို့လည်း  ရှယ်ယာရှင် တွေက ဝေဖန်ကြပါတယ်။

“သီချင်းဆိုတတ်တဲ့သူကို ကခိုင်းပြီး ကတတ်တဲ့သူကို သီချင်းဆိုခိုင်းသလိုဖြစ်နေတယ်။ ကြည့်မကောင်း ကြားမကောင်း ဖြစ်နေတာပေါ့” လို့ အစုရှယ်ယာရှင် ဦးထိန်ဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။လက်ရှိ YUPT ကုမ္ပဏီမှာ အစုရှယ်ယာရှင်ပေါင်း (၂၈၉) ဦးရှိပြီး အစုရှယ်ယာ ထည့်ဝင်ရင်းနှီးမြှုပ်နှံငွေပေါင်း ကျပ် ၅ ဒသမ ၆၃၄၄ ဘီလီယံ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာဉ်သစ်ကြီး များ ဝယ်ယူထည့်သွင်း ရင်းနှီးမြှုပ်နှံငွေ (၃၅) ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

ကျပ်ငွေ သိန်းကိုးရာကျော် ရင်းနှီးထားတဲ့ အစုရှယ်ယာဝင်တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဦးကတော့ “ဘဏ်ထဲမှာ ထည့်ထားရင်တောင် ဘဏ်တိုးနဲ့ ထိုင်စားလို့ရဦးမယ်။ အခုက သုံးနှစ်ရှိပြီ ဘာမှ ပြန်မရဘူးဖြစ်နေတယ်” လို့ ပြောဆိုထားပါတယ်။အရင် မထသ စနစ်ကနေ YBS စနစ်ကို ပြောင်းလဲလိုက်တဲ့နောက် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော(YUPT) ကုမ္ပဏီ လီမိတက်ကို အများပိုင်ကုမ္ပဏီအဖြစ် ထူထောင်ထားတာဖြစ်ပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၄

(  Zawgyi  )

 သုံးႏွစ္ေက်ာ္ ရင္းႏွီးျမႇဳပ္ႏႈံလာေပမယ့္လည္း အျမတ္ေဝစုမရရွိတာေၾကာင့္ ထည့္ဝင္ထားတဲ့ ရွယ္ယာေတြကို အစုရွယ္ယာရွင္ေတြက ကုမၸဏီကေန ျပန္လည္ထုတ္ယူခ်င္ေနပါတယ္။ဒီကေန႔ ေဖေဖာ္ဝါရီ ၄ ရက္ေန႔ ရန္ကုန္ၿမိဳ႕ အိုလံပစ္တာဝါက  Myanmar Press  Freedom Center မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရွယ္ယာရွင္ေတြက ေျပာဆိုလိုက္တာပါ။

“ငါးႏွစ္ေနမွ အရင္းေက်မယ္။ အရင္းေက်မွ အျမတ္ဆိုတဲ့ စကားကို ေျပာပါဆိုၿပီး YBS သုံးႏွစ္ျပည့္ပြဲမွာ ေျပာလာပါတယ္။ အဲ့စကားဟာ ကြဲလြဲမႈေတြျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔ ရင္းႏွီးထားတဲ့ အစုရွယ္ယာေပါင္းဟာ ၅.၆၃၄ ဘီလီယံရွိပါတယ္” လို႔ ဦးထိန္ဝင္းက ဆိုပါတယ္။

လစဥ္အက်ိဳးအျမတ္ရေစလိုသျဖင့္ ပူးေပါင္းပါဝင္ပါလို႔ ယာဥ္ပိုင္ရွင္ေတြနဲ႔ျပည္သူေတြကို YUPT ကုမၸဏီမွာ အစုရွယ္ယာပါဝင္ဖို႔အတြက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဖိတ္ေခၚတာေၾကာင့္ ပါဝင္ခဲ့ေပမယ့္ အခုအခ်ိန္အထိ အျမတ္အစြန္းမရွိတဲ့အျပင္ ပါဝင္ခဲ့ၿပီးတဲ့ ရွယ္ယာေတြကိုလည္း ျပန္လည္ထုတ္ယူခြင့္ မရေသးဘူးလို႔ အစုရွယ္ယာရွင္တစ္ဦး ျဖစ္တဲ့ ဦးထိန္ဝင္းက ဆိုပါတယ္။

 YUPT ကုမၸဏီအေနနဲ႔ အျမတ္အစြန္းမရရွိတာဟာ ကုမၸဏီရဲ႕ စီမံခန႔္ခြဲပုံစနစ္ ညံ့ဖ်င္းၿပီး လုပ္ငန္း မကြၽမ္းက်င္ တာေၾကာင့္ ျဖစ္သလို အစိုးရက ခန႔္အပ္တဲ့ ဒါ႐ိုက္တာေတြဟာလည္း ေမာ္ေတာ္ယာဥ္လုပ္ငန္းကိုေသခ်ာ နားမလည္ၾကသူမ်ားျဖစ္တယ္လို႔လည္း  ရွယ္ယာရွင္ ေတြက ေဝဖန္ၾကပါတယ္။

“သီခ်င္းဆိုတတ္တဲ့သူကို ကခိုင္းၿပီး ကတတ္တဲ့သူကို သီခ်င္းဆိုခိုင္းသလိုျဖစ္ေနတယ္။ ၾကည့္မေကာင္း ၾကားမေကာင္း ျဖစ္ေနတာေပါ့” လို႔ အစုရွယ္ယာရွင္ ဦးထိန္ဝင္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။လက္ရွိ YUPT ကုမၸဏီမွာ အစုရွယ္ယာရွင္ေပါင္း (၂၈၉) ဦးရွိၿပီး အစုရွယ္ယာ ထည့္ဝင္ရင္းႏွီးျမႇဳပ္ႏွံေငြေပါင္း က်ပ္ ၅ ဒသမ ၆၃၄၄ ဘီလီယံ ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ယာဥ္သစ္ႀကီး မ်ား ဝယ္ယူထည့္သြင္း ရင္းႏွီးျမႇဳပ္ႏွံေငြ (၃၅) ဘီလီယံ ရွိတယ္လို႔ သိရပါတယ္။

က်ပ္ေငြ သိန္းကိုးရာေက်ာ္ ရင္းႏွီးထားတဲ့ အစုရွယ္ယာဝင္တစ္ဦးျဖစ္တဲ့ ဦးထြန္းထြန္းဦးကေတာ့ “ဘဏ္ထဲမွာ ထည့္ထားရင္ေတာင္ ဘဏ္တိုးနဲ႔ ထိုင္စားလို႔ရဦးမယ္။ အခုက သုံးႏွစ္ရွိၿပီ ဘာမွ ျပန္မရဘူးျဖစ္ေနတယ္” လို႔ ေျပာဆိုထားပါတယ္။အရင္ မထသ စနစ္ကေန YBS စနစ္ကို ေျပာင္းလဲလိုက္တဲ့ေနာက္ ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူ ပို႔ေဆာင္ေရး အမ်ားႏွင့္ သက္ဆိုင္ေသာ(YUPT) ကုမၸဏီ လီမိတက္ကို အမ်ားပိုင္ကုမၸဏီအျဖစ္ ထူေထာင္ထားတာျဖစ္ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၄