သော့ (၂) ချောင်း ပြိုင်တူဖွင့်မှပွင့်မည်ဆိုသည့် အနေအထားဖြစ်သော်လည်း ပြည်သူအပေါ်မှာ တစ်ကယ်သစ္စာရှိသည့်လုပ်ရပ် ဖြစ်ပါ့မလားဆိုတာ အားလုံးစဉ်းစားချင့်ချိန်စေလိုဟု ဆို

သော့ (၂) ချောင်း ပြိုင်တူဖွင့်မှပွင့်မည်ဆိုသည့် အနေအထားဖြစ်သော်လည်း ပြည်သူအပေါ်မှာ တစ်ကယ်သစ္စာရှိသည့်လုပ်ရပ် ဖြစ်ပါ့မလားဆိုတာ အားလုံးစဉ်းစားချင့်ချိန်စေလိုဟု ဆို

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် သော့ (၂) ချောင်း ပြိုင်တူဖွင့်မှပွင့်မည်ဆိုသည့် အနေအထားဖြစ်သော်လည်း ပြည်သူအပေါ်မှာ တကယ်သစ္စာရှိသည့်လုပ်ရပ် ဖြစ်ပါ့မလားဆိုသည့်ဟာကို အားလုံးစဉ်းစာချင့်ချိန်စေလိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှ ပြောပါတယ်။

ယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး၊ပုဒ်မ၄၃၆၊ပုဒ်မခွဲ(ခ)အတွက်၊ပုဒ်မ(၁၉)ခုအားမဲခွဲအဆုံးအဖြတ်ရယူမှုတွင်ပုဒ်မ၂၆၂(က)၁ကိုထောက်ခံမဲမဲ(၅၉၁)မဲ(၉၀.၃၇)ဖြင့်(၇၅%)ကျော်လွန်၍အောင်မြင်သွားသည်နှင့်ပတ်သက်ပြီးသတင်းထောက်များအားပြောကြားချက်တွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"ပုဒ်မ၂၆၂(က)၁ကိုမဲ(၅၉၁)အောင်မြင်သွားတာပေါ့လေ။ဒါကတော့အစောကြီးထဲကကျနော်ပြောခဲ့တာပေါ့။ထူးထူးခြားခြားတိုက်ဆိုင်နေတာ။ပြင်ဆင်ရေးပူးပေါင်းကော်မတီကပြင်ဆင်လိုတဲ့အထဲမှာလည်းဒီပုဒ်မခွဲငယ်ကပါတယ်။နောက်တစ်ခါဗိုလ်ချုပ်အောင်သန်းချစ်တင်တဲ့အထဲမှာလည်းပါတယ်။ဒါအတွက်(၂)ဖက်စလုံးကညီညီမျှမျှမဲပေးတဲ့အတွက်၊ညီညီညွတ်ညွတ်မဲပေးတဲ့အတွက်ဒါကအောင်သွားတယ်ပေါ့။ဒါပေမဲ့ဒါလေးကိုဆက်စပ်စဉ်းစားမယ်ဆိုယင်မနေ့ကမဲခွဲတဲ့အထဲမှာပါခဲ့တဲ့ဒုတိယဝန်ကြီးတွေ၊ရှေ့နေချုပ်၊ဒုတိယရှေ့နေချုပ်၊ပြည်ထောင်စုစာရင်းစစ်ချုပ်စသည်ဖြင့်ဒါတွေအကုန်လုံးကလည်းမနေ့ကလည်းပြောခဲ့တယ်။လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူများထဲကဖြစ်စေ၊လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေဆိုတာဒါကအရည်အချင်းအပေါ်မူတည်ပြီးတော့ပေးရမယ့်ရာထူးတာဝန်မျိုးဖြစ်တဲ့အတွက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်ဆိုရင်တော့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနုတ်ထွက်ပြီးဖြစ်ရမှာပေါ့ဒီအချက်တွေကတော့သဘောကတော့တူတယ်။သို့သော်တင်တဲ့အဖွဲ့အစည်းချင်မတူတဲ့အတွက်ကြောင့်အတွက်ကြောင့်မအောင်မြင်ခဲ့ဘူးပြောရမှာဘဲ။အဲတော့အားလုံးပြောနေတဲ့အတိုင်းပေါ့သော့(၂)ချောင်းရှိတယ်၊သော့(၂)ချောင်ပြိုင်တူဖွင့်မှပွင့်မယ်ဆိုတဲ့အနေအထားပါဘဲ"ဟုသတင်း ထောက်များအားပြောကြားခဲ့ပါတယ်။

ယင်းအပြင်၎င်းမှဆက်လက်ပြီး"ဒီနေ့(၇၅%)ကျော်သွားတဲ့ပုဒ်မခွဲဥပမာလိုကြည့်မယ်ဆိုယင်သူနဲ့အလားသဏ္ဍန်တူတဲ့ပုဒ်မပုဒ်မခွဲတွေကျတော့အောင်မြင်မှုမရဘူး။ဒီတစ်ခုကျတော့ထပ်တူထပ်မျှတူမှဘဲအောင်မြင်မှုရတယ်ဆိုတော့ဘာကိုဆိုလိုချင်တာလည်းဆိုတော့တကယ်ပြင်းပျတဲ့စိတ်ဆန္ဒနဲ့တကယ်သွားနေတာကဘယ်လိုလဲ။ဒီအပေါ်မှာသံသယရှိတယ်လို့မပြောပါဘူး။မေးခွန်းထုတ်ချင်တယ်လို့လည်းမပြောပါဘူး။အားလုံးဟာမိမိတို့ကိုယ်စားပြုတဲ့အဖွဲ့အစည်းဒါမဟုတ်ရင်လည်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးကတစ်ယောက်ချင်းစီမှာမဲပေးပိုင်ခွင့်ကိုယ့်စိတ်ဆန္ဒတွေရှိတာဘဲ။ဒါတွေဟာဘာဖြစ်လို့မျက်နာမူရာမှာပြည်သူဘဲလေ။ပြည်သူ့လိုလားချက်ကိုဦးတည်လိုက်ပြီဆိုယင်ဒါဘုံသဘောတူညီချက်ဘဲသေသေချာချာညှိနှိုင်းစရာလိုသေးလား။သီးခြားညှိ့နှိုင်းမယ်ဆိုယင်ညှိ့နှိုင်းမှုဆိုတဲ့နေရာမှာအပေးအယူတွေပါလာတော့မယ်။အပေးအယူတွေဆိုတဲ့အခါကျရင်ကျနော်တို့နိုင်ငံတော်ဟာဒီပြည်ထောင်စုကြီးဟာအဖွဲ့အစည်း(၂)ရပ်နဲ့ဘဲတည်ထောင်ထားတာတည်ဆောက်ထားတာမဟုတ်ဘူး။ဒီသော(၂)ချောင်းလုံးဖွင့်မှပွင့်တယ်ဆိုပေမဲ့တိုင်းရင်းသားလူမျိုးစုအသီးသီးလည်းရှိတယ်။အရပ်ဖက်လူ့အဖွဲ့အစည်းတွေရှိတယ်။ပြည်သူလူထုထဲမှာလည်းအသွင်သဏ္ဍန်ကွဲပြားတဲ့အလုပ်သမားတွေရှိမယ်။ကျောင်းသားတွေရှိမယ်။အများကြီးဘဲ။အားလုံးဆန္ဒပါဝင်အောင်ဘယ်လိုလုပ်ညှိမလဲ။ဒီအဖွဲ့(၂)ဖွဲ့ထဲကဘဲညှိနှိုင်းမှုယူပြိးတော့လုပ်သွားရင်ပြေလည်မယ်ဆိုတာကဒါကမှန်းဆချက်ပေါ့။ဒါပေမဲ့အဲ့ဒါဟာတကယ်လုပ်သင့်ရဲ့လား။ပြည်သူအပေါ်မှာတကယ်သစ္စာရှိတဲ့လုပ်ရပ်ဖြစ်ပါ့မလားဆိုတဲ့ဟာကိုတော့အားလုံးစဉ်းစားချင့်ချိန်စေလိုပါတယ်"ဟု ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ မတ် - ၁၈
( Zawgyi )
ဖြဲ႕စည္းပုံျပင္ဆင္ေရးတြင္ ေသာ့ (၂) ေခ်ာင္း ၿပိဳင္တူဖြင့္မွပြင့္မည္ဆိုသည့္ အေနအထားျဖစ္ေသာ္လည္း ျပည္သူအေပၚမွာ တကယ္သစၥာရွိသည့္လုပ္ရပ္ ျဖစ္ပါ့မလားဆိုသည့္ဟာကို အားလုံးစဥ္းစာခ်င့္ခ်ိန္ေစလိုေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာျမတ္ဉာဏစိုးမွ ေျပာပါတယ္။

ယေန႔ျပဳလုပ္သည့္ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးအၿပီး၊ပုဒ္မ၄၃၆၊ပုဒ္မခြဲ(ခ)အတြက္၊ပုဒ္မ(၁၉)ခုအားမဲခြဲအဆုံးအျဖတ္ရယူမႈတြင္ပုဒ္မ၂၆၂(က)၁ကိုေထာက္ခံမဲမဲ(၅၉၁)မဲ(၉၀.၃၇)ျဖင့္(၇၅%)ေက်ာ္လြန္၍ေအာင္ျမင္သြားသည္ႏွင့္ပတ္သက္ၿပီးသတင္းေထာက္မ်ားအားေျပာၾကားခ်က္တြင္ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"ပုဒ္မ၂၆၂(က)၁ကိုမဲ(၅၉၁)ေအာင္ျမင္သြားတာေပါ့ေလ။ဒါကေတာ့အေစာႀကီးထဲကက်ေနာ္ေျပာခဲ့တာေပါ့။ထူးထူးျခားျခားတိုက္ဆိုင္ေနတာ။ျပင္ဆင္ေရးပူးေပါင္းေကာ္မတီကျပင္ဆင္လိုတဲ့အထဲမွာလည္းဒီပုဒ္မခြဲငယ္ကပါတယ္။ေနာက္တစ္ခါဗိုလ္ခ်ဳပ္ေအာင္သန္းခ်စ္တင္တဲ့အထဲမွာလည္းပါတယ္။ဒါအတြက္(၂)ဖက္စလုံးကညီညီမွ်မွ်မဲေပးတဲ့အတြက္၊ညီညီၫြတ္ၫြတ္မဲေပးတဲ့အတြက္ဒါကေအာင္သြားတယ္ေပါ့။ဒါေပမဲ့ဒါေလးကိုဆက္စပ္စဥ္းစားမယ္ဆိုယင္မေန႔ကမဲခြဲတဲ့အထဲမွာပါခဲ့တဲ့ဒုတိယဝန္ႀကီးေတြ၊ေရွ႕ေနခ်ဳပ္၊ဒုတိယေရွ႕ေနခ်ဳပ္၊ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္စသည္ျဖင့္ဒါေတြအကုန္လုံးကလည္းမေန႔ကလည္းေျပာခဲ့တယ္။လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သူမ်ားထဲကျဖစ္ေစ၊လႊတ္ေတာ္ကိုယ္စားလွယ္မဟုတ္သူမ်ားထဲကျဖစ္ေစဆိုတာဒါကအရည္အခ်င္းအေပၚမူတည္ၿပီးေတာ့ေပးရမယ့္ရာထူးတာဝန္မ်ိဳးျဖစ္တဲ့အတြက္ေၾကာင့္လႊတ္ေတာ္ကိုယ္စားလွယ္ဆိုရင္ေတာ့လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ကႏုတ္ထြက္ၿပီးျဖစ္ရမွာေပါ့ဒီအခ်က္ေတြကေတာ့သေဘာကေတာ့တူတယ္။သို႔ေသာ္တင္တဲ့အဖြဲ႕အစည္းခ်င္မတူတဲ့အတြက္ေၾကာင့္အတြက္ေၾကာင့္မေအာင္ျမင္ခဲ့ဘူးေျပာရမွာဘဲ။အဲေတာ့အားလုံးေျပာေနတဲ့အတိုင္းေပါ့ေသာ့(၂)ေခ်ာင္းရွိတယ္၊ေသာ့(၂)ေခ်ာင္ၿပိဳင္တူဖြင့္မွပြင့္မယ္ဆိုတဲ့အေနအထားပါဘဲ"ဟုသတင္း ေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္၎မွဆက္လက္ၿပီး"ဒီေန႔(၇၅%)ေက်ာ္သြားတဲ့ပုဒ္မခြဲဥပမာလိုၾကည့္မယ္ဆိုယင္သူနဲ႔အလားသ႑န္တူတဲ့ပုဒ္မပုဒ္မခြဲေတြက်ေတာ့ေအာင္ျမင္မႈမရဘူး။ဒီတစ္ခုက်ေတာ့ထပ္တူထပ္မွ်တူမွဘဲေအာင္ျမင္မႈရတယ္ဆိုေတာ့ဘာကိုဆိုလိုခ်င္တာလည္းဆိုေတာ့တကယ္ျပင္းပ်တဲ့စိတ္ဆႏၵနဲ႔တကယ္သြားေနတာကဘယ္လိုလဲ။ဒီအေပၚမွာသံသယရွိတယ္လို႔မေျပာပါဘူး။ေမးခြန္းထုတ္ခ်င္တယ္လို႔လည္းမေျပာပါဘူး။အားလုံးဟာမိမိတို႔ကိုယ္စားျပဳတဲ့အဖြဲ႕အစည္းဒါမဟုတ္ရင္လည္းျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံးကတစ္ေယာက္ခ်င္းစီမွာမဲေပးပိုင္ခြင့္ကိုယ့္စိတ္ဆႏၵေတြရွိတာဘဲ။ဒါေတြဟာဘာျဖစ္လို႔မ်က္နာမူရာမွာျပည္သူဘဲေလ။ျပည္သူ႔လိုလားခ်က္ကိုဦးတည္လိုက္ၿပီဆိုယင္ဒါဘုံသေဘာတူညီခ်က္ဘဲေသေသခ်ာခ်ာညႇိႏႈိင္းစရာလိုေသးလား။သီးျခားညႇိ႔ႏႈိင္းမယ္ဆိုယင္ညႇိ႔ႏႈိင္းမႈဆိုတဲ့ေနရာမွာအေပးအယူေတြပါလာေတာ့မယ္။အေပးအယူေတြဆိုတဲ့အခါက်ရင္က်ေနာ္တို႔ႏိုင္ငံေတာ္ဟာဒီျပည္ေထာင္စုႀကီးဟာအဖြဲ႕အစည္း(၂)ရပ္နဲ႔ဘဲတည္ေထာင္ထားတာတည္ေဆာက္ထားတာမဟုတ္ဘူး။ဒီေသာ(၂)ေခ်ာင္းလုံးဖြင့္မွပြင့္တယ္ဆိုေပမဲ့တိုင္းရင္းသားလူမ်ိဳးစုအသီးသီးလည္းရွိတယ္။အရပ္ဖက္လူ႔အဖြဲ႕အစည္းေတြရွိတယ္။ျပည္သူလူထုထဲမွာလည္းအသြင္သ႑န္ကြဲျပားတဲ့အလုပ္သမားေတြရွိမယ္။ေက်ာင္းသားေတြရွိမယ္။အမ်ားႀကီးဘဲ။အားလုံးဆႏၵပါဝင္ေအာင္ဘယ္လိုလုပ္ညႇိမလဲ။ဒီအဖြဲ႕(၂)ဖြဲ႕ထဲကဘဲညႇိႏႈိင္းမႈယူၿပိးေတာ့လုပ္သြားရင္ေျပလည္မယ္ဆိုတာကဒါကမွန္းဆခ်က္ေပါ့။ဒါေပမဲ့အဲ့ဒါဟာတကယ္လုပ္သင့္ရဲ႕လား။ျပည္သူအေပၚမွာတကယ္သစၥာရွိတဲ့လုပ္ရပ္ျဖစ္ပါ့မလားဆိုတဲ့ဟာကိုေတာ့အားလုံးစဥ္းစားခ်င့္ခ်ိန္ေစလိုပါတယ္"ဟု ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ မတ္ - ၁၈