သံသယ၊အမုန်းတရားများကိုဖယ်ခွာ၍ ပူးပေါသံသယ၊အမုန်းတရားများကို ဖယ်ခွာ၍ ပူးပေါင်းဆောင်ရွက် တတ်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ မွေးမြူကြဖို့ ပဲခူးတိုငင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများမွေးမြူကြဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် တိုက်တွန်းပြောကြား

သံသယ၊အမုန်းတရားများကို ဖယ်ခွာ၍ ပူးပေါင်းဆောင်ရွက် တတ်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ မွေးမြူကြဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် တိုက်တွန်းပြောကြား

စည်းလုံးမှုသည်အင်အားဆိုသည့်အတိုင်း မတူကွဲပြားမှုတွေကိုလက်ခံယုံကြည်ပြီး တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံသယ၊ အမုန်းတရားများ ဖယ်ခွာ၍ ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများမွေးမြူကြဖို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့နိုဝင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ဇီးကုန်းမြို့နယ်၊ စံပယ်မြောင်ကျေးရွာအုပ်စု၊ တောင်ရေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲမှာပြောကြားခြင်းဖြစ်ပါတယ်။ဒါ့အပြင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါသေးတယ်။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အချိန်အတွင်း တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးအရ အဘက်ဘက် မှဖိနှိပ်ခံခဲ့ရပါတယ်။

ယခုအချိန်မှသာ ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီ အစိုးရဖွဲ့အဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်ခြင်းသည် ခေါင်းဆောင် မှုကောင်းခြင်း၊ ပြည်သူများထောက်ခံခြင်း ကြောင့်သာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးစနစ် မှားယွင်းမှုကြောင့် လူမှုပတ်ဝန်းကျင်တွင် အတ္တကိုအခြေခံသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ဆွဲပြီး အမျိုးမျိုး အဖုံဖုံကွဲပြားလျက်ရှိပါတယ်။

တိုင်းပြည်တစ်ခုမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး က အစဉ်ဒွန်တွဲလျက်ရှိပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခိုနေပါတယ်။ ဒီလိုအခြေအနေ မှာ စည်းလုံးမှုသည်အင်အား ဆိုသည့်အတိုင်း မတူကွဲပြားမှုတွေကို လက်ခံယုံကြည်ပြီး တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံသယ၊ အမုန်းတရား များ ဖယ်ခွာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ မွေးမြူကာ ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပါဝင်ဆောင်ရွက်စေလိုပါတယ်။” လို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ကပြောကြားခဲ့တာပါ။

ဒါ့အပြင် ယင်းခရီးစဉ်အတွင်း လယ်ယာမြေဆိုင်ရာကိစ္စရပ်များ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကျေးလက်လမ်း၊တံတား အဆင့်မြှင့်တင်ပေးရန် ကိစ္စရပ်များ အပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်းဖြည့်ဆည်းပေးနိုင်ရန် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံများနှင့် အတူဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

 ပြေသိမ်း
ဓါတ်ပုံ - ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့။
ပဲခူး၊နိုဝင်ဘာ ၂၂

(  Zawgyi  )

 စည္းလုံးမႈသည္အင္အားဆိုသည့္အတိုင္း မတူကြဲျပားမႈေတြကိုလက္ခံယုံၾကည္ၿပီး တစ္ဦးႏွင့္တစ္ဦး တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ သံသယ၊ အမုန္းတရားမ်ား ဖယ္ခြာ၍ ပူးေပါင္းေဆာင္႐ြက္တတ္သည့္ ဒီမိုကေရစီအေလ့အက်င့္ေကာင္းမ်ားေမြးျမဴၾကဖို႔ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း ကတိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ႏိုဝင္ဘာ ၂၂ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး၊ဇီးကုန္းၿမိဳ႕နယ္၊ စံပယ္ေျမာင္ေက်း႐ြာအုပ္စု၊ ေတာင္ေရကန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံပြဲမွာေျပာၾကားျခင္းျဖစ္ပါတယ္။ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားကို ပါဝင္ေဆာင္႐ြက္ၾကဖို႔ကိုလည္းတိုက္တြန္းခဲ့ပါေသးတယ္။ “၁၉၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲ အခ်ိန္အတြင္း ေတာင္ၿပိဳ ကမ္းၿပိဳ အႏိုင္ရရွိခဲ့ေသာ္လည္း အစိုးရဖြဲ႕စည္းႏိုင္ခဲ့ျခင္းမရွိဘဲ ႏိုင္ငံေရးအရ အဘက္ဘက္ မွဖိႏွိပ္ခံခဲ့ရပါတယ္။

ယခုအခ်ိန္မွသာ ျပည္သူမ်ားလိုလားေတာင့္တသည့္ ဒီမိုကေရစီ အစိုးရဖြဲ႕အျဖစ္ ထည္ထည္ဝါဝါ ရပ္တည္ႏိုင္ျခင္းသည္ ေခါင္းေဆာင္ မႈေကာင္းျခင္း၊ ျပည္သူမ်ားေထာက္ခံျခင္း ေၾကာင့္သာျဖစ္ပါတယ္။ ေခတ္အဆက္ဆက္ ႏိုင္ငံေရးစနစ္ မွားယြင္းမႈေၾကာင့္ လူမႈပတ္ဝန္းက်င္တြင္ အတၱကိုအေျခခံေသာ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္ဆြဲၿပီး အမ်ိဳးမ်ိဳး အဖုံဖုံကြဲျပားလ်က္ရွိပါတယ္။

တိုင္းျပည္တစ္ခုမွာ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး က အစဥ္ဒြန္တြဲလ်က္ရွိၿပီး တစ္ခုႏွင့္တစ္ခု အျပန္အလွန္မွီခိုေနပါတယ္။ ဒီလိုအေျခအေန မွာ စည္းလုံးမႈသည္အင္အား ဆိုသည့္အတိုင္း မတူကြဲျပားမႈေတြကို လက္ခံယုံၾကည္ၿပီး တစ္ဦးႏွင့္တစ္ဦး တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ သံသယ၊ အမုန္းတရား မ်ား ဖယ္ခြာၿပီး ပူးေပါင္းေဆာင္႐ြက္တတ္သည့္ ဒီမိုကေရစီအေလ့အက်င့္ေကာင္းမ်ား ေမြးျမဴကာ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားကို ပါဝင္ေဆာင္႐ြက္ေစလိုပါတယ္။” လို႔ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ယင္းခရီးစဥ္အတြင္း လယ္ယာေျမဆိုင္ရာကိစၥရပ္မ်ား၊စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဆိုင္ရာကိစၥရပ္မ်ား၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ေက်းလက္လမ္း၊တံတား အဆင့္ျမႇင့္တင္ေပးရန္ ကိစၥရပ္မ်ား အပါအဝင္ ပညာေရး၊ က်န္းမာေရးဆိုင္ရာကိစၥရပ္မ်ားကိုလည္းျဖည့္ဆည္းေပးႏိုင္ရန္ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေဒသခံမ်ားႏွင့္ အတူေဆြးေႏြးမႈျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

 ေျပသိမ္း
ဓါတ္ပုံ - ပဲခူးတိုင္းေဒသႀကီးအစိုးရဖြဲ႕။
ပဲခူး၊ႏိုဝင္ဘာ ၂၂